
ကိုယ်ကြိုက်လွန်းလို့ တကူးတကန့် ဈေးကြီးပေးဝယ်ထားတဲ့ ရေမွှေးတွေကို တနေကုန် ကြာရှည်မွှေးပျံ့နေစေချင်တာကတော့ ရေမွှေးကြိုက်သူတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါပဲ။ ဒါကြောင့်မို့လို့ ရေမွှေးလည်း အများကြီးစွတ်စရာမလိုဘဲ တနေကုန်မွှေးပျံ့နေစေမယ့် လျှို့ဝှက်ချက်နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ် ပျိုမေတို့ရေ။
(၁) ရေချိုးပြီးချိန်မှစွတ်ပါ
ရမွှေးစွတ်တာမျိုးဖြစ်ဖြစ် ၊ Roll-on သုံးတာမျိုးဖြစ်ဖြစ် ရေချိုးပြီးစချိန်မှာ အသုံးပြုခြင်းဟာ အနံ့ကြာရှည်စွဲမြဲနေစေတဲ့ လျှို့ဝှက်ချက်တခုပါ။ ရေချိုးပြီးစချိန်ဟာ ခန္ဓာကိုယ်က ချွေးပေါက်တွေပွင့်နေချိန် ဖြစ်တာကြောင့် ရေမွှေးအနံ့ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူပြီး တနေကုန် မွှေးရနံ့သင်းပျံ့နေစေမှာ ဖြစ်ပါတယ်။
(၂) အဝတ်အစားပေါ်မှာ ရေမွှေးမစွတ်ပါနဲ့
အဝတ်အစားပေါ်မှာ ရေမွှေးစွတ်တာဟာ ရေမွှေးအနံ့ကို ခဏတာလောက်ပဲ ကြာရှည်ခံစေနိုင်ပါတယ်။ အဝတ်အစားမဝတ်ခင် ခန္ဓာကိုယ်အရေပြားပေါ်မှာ ရေမွှေးစွတ်ပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့အပူဓာတ်နဲ့ ရေမွှေးတို့ထိတွေ့ပြီး ရေမွှေးရနံ့ကို ကြာရှည်ခံစေနိုင်တာပဲ ဖြစ်ပါတယ်။
(၃) ရေမွှေးစွတ်ရမယ့်နေရာတွေကို သေချာသိပါစေ
တနေကုန် ရေမွှေးနံ့ကြာရှည်ခံစေဖို့ သိထားရမယ့် အချက်တခုက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာအစိတ်အပိုင်းကို ရေမွှေးစွတ်ရမလဲဆိုတာပါပဲ။ လက်ကောက်ဝတ်လိုနေရာမျိုး၊ နားရွက်အနောက်ဘက်နဲ့ လည်ပင်းတဝိုက်နေရာတွေမှာ ရေမွှေးစွတ်ပေးခြင်းဟာ တခြားနေရာတွေထက် ရေမွှေးနံ့ကို ပိုမိုသင်းပျံ့ပြီး ကြာရှည်ခံစေမှာပါ။
(၄) ရေမွှေးစွတ်ပြီးတဲ့အခါ လက်နဲ့မပွတ်လိုက်ပါနဲ့
တော်တော်များများက လက်ကောက်ဝတ်မှာ ရေမွှေးစွတ်ပြီးတဲ့အခါ လက်နဲ့ပွတ်လိုက်တတ်ကြပါတယ်။ ဒီလိုပြုလုပ်လိုက်ခြင်းဟာ ရေမွှေးနံ့ကို ကြာရှည်မခံစေနိုင်ဘဲ အလွယ်တကူနဲ့ အနံ့ပြယ်သွားနိုင်တာကြောင့် ရေမွှေးစွတ်ပြီးတဲ့အခါ လက်နဲ့ မပွတ်မိဖို့ သတိပြုသင့်ပါတယ်။
(၅) ရေမွှေးပုလင်းကို လှုပ်ပြီးမှ စွတ်တာမျိုးကို ရှောင်ကြဉ်ပါ
ရမွှေးပုလင်းကို လှုပ်ပြီးမှ စွတ်ဖျန်းခြင်းက အနံ့ကိုကြာရှည်မခံစေနိုင်တဲ့အပြင် အနံ့ပြယ်သွားတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Credit : Aunty may