ရှားစောင်းလက်ပပ်ကို သုံးပြီး တစ်ပတ်အတွင်း ဝိတ်ချနည်း (၃) နည်း - Kharann Media

Breaking

ရှားစောင်းလက်ပပ်ကို သုံးပြီး တစ်ပတ်အတွင်း ဝိတ်ချနည်း (၃) နည်း



ရှားစောင်း လက်ပပ်ဟာ ကျန်းမာရေးအတွက် အရမ်းကို အထောက်အကူ ပြုတဲ့ သဘာဝ ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါတယ်။ အဆီကျရုံသာ မကပဲ အသားအရေ ကိုလည်း အထူး လှပစေနိုင် ပါတယ်။ ရှားစောင်းလက်ပပ်ကို အသုံးပြုပြီး တပတ်အတွင်း ဝိတ်ကျသွားမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ် နော် ။

(၁) ရှားစောင်းလက်ပပ်နဲ့ သံပုယို

# ရှားစောင်းလက်ပပ်အနှစ် ၁ ဇွန်း

# ပျားရည်တစ်ဇွန်း

# သံပုယိုရည်၁ဇွန်း

# ရေတစ်ခွက်

ပါဝင် ပစ္စည်း အားလုံးကို ရောမွှေပြီး သောက်လိုက်ရုံ ပါပဲ။

ဒီနည်းလမ်းလေးဟာ အားအင် ပြည့်ဖြိုးရုံ သာမက အဆီကျသွယ်လျ သွားစေနိုင် ပါတယ်။

(၂) ရှားစောင်းလက်ပပ်နဲ့ ပင်စိမ်း

# ရှားစောင်းလက်ပပ်အနှစ် ၁ ဇွန်း

# ရေဖန်ခွက် တဝက်

# ဆားအနည်းငယ်

# ချင်းအနည်းငယ်

# ဟင်းနုနွယ် လက်တစ်ဆုပ်

ပါဝင်ပစ္စည်း အားလုံးကို ရောမွှေပြီး ဖျော်လိုက်ပါ။

ရလာတဲ့ အနှစ်ကို သောက်သုံးပေးခြင်းဖြင့် အဆီကျရုံ သာမက များပြားလှတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို တွေ့မြင်ရမှာပါ။

(၃) ရှားစောင်းလက်ပပ်နဲ့ ဘယ်ရီ

# ရှားစောင်းလက်ပပ် အနှစ် ၁ဇွန်း

# ရေဖန်ခွက် တဝက်

# ပင်ပွားစေ့ လက်ဖက်ရည်ဇွန်း ၁ဇွန်း

# ကြိတ်ထားတဲ့ အုန်းသီး

# ဘလူးဘယ်ရီ လက်တဆုပ်

# ပင်စိမ်းရွက် ၆ ရွက်ခန့်

ပါဝင်ပစ္စည်း အားလုံးကို ရောကြိတ်ကာ ဖျော်လိုက်ပါ။

ရလာတဲ့ အရည်ကို သောက်သုံး ပေးခြင်းဖြင့် အစာကြေ အဆီကျပြီး တပတ်အတွင်း သွယ်လျ လာပါလိမ့်မယ်။

Credit:bahututaa