ပေါင်ခြံ အတွင်းကြားမဲခြင်းကို အကောင်းဆုံးဖြေရှင်းကြဖို့ - Kharann Media

Breaking

ပေါင်ခြံ အတွင်းကြားမဲခြင်းကို အကောင်းဆုံးဖြေရှင်းကြဖို့




ဘောင်းဘီတို ၊စကတ်တို၊ ရေကူး ဝတ်စုံလို အဝတ်အစားမျိုးတွေ ဝတ်တဲ့အခါ ပေါင်ခြံကြားနေရာတွင် မဲညစ်နေလျှင် ကြည့်ရဆိုးသလို confident လည်း ကျစေပါတယ် ။ ဒီလိုနေရာတွေကို အစတည်းက ဂရုမစိုက်မိခဲ့တဲ့အတွက် ထို အမဲအညစ်တွေဟာ အရေပြား ပေါ်မှာ စွဲထင်ဂျွတ်တက်နေပြီး ပြန်လည်ဖြူအောင်လုပ်ဖို့ကလည်း အနည်းငယ်တော့ ပိုကြာတတ်ပါတယ် ။
ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ ညိုမည်းနေတဲ့ ပေါင်ခြံကြား ကို ပြန်လည်ဖြူဖွေးအောင် လုပ်နိုင်ပါလိမ့်မယ်နော်။

၁။ ရှားစောင်းလက်ပတ်
သန့်စင်လတ်ဆတ်တဲ့ ရှားစောင်းလက်ပက် ရဲ့ အတွင်း အနှစ်သား ကို ပေါင်ခြံ ပေါ် ပွတ်လိမ်းပေးပါ ။ အရေပြား ထဲ စိမ့်ဝင်အောင် အနည်းငယ်ကြာသည်အထိ ပွတ်ပြီး လိမ်းပေးပါ ။ ထို့နောက် မိနစ် ၂၀ ခန့်ကြာလျှင် ရေနွေးနွေး ဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းကို တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ်အထိ ပုံမှန်လုပ်ပေးနိုင်လျှင် ပေါင်ခြံကြား တဖြေးဖြေး အညိုအမည်း ကင်းသွားတာကို မြင်တွေ့ရပါလိ့မ်မယ်။

၂။ အုတ်ဂျုံမှုန့်
Oatmeal (အုပ်ဂျုံမှုန့်) ကို စူပါမားကတ် လို ဈေးဝယ်စင်တာတွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ် ။ ထို ဂျုံမှုန့် ကို ၂ဇွန်းခန့် ယူပြီး ခွက်တစ်ခုထဲထည့်ပါ ။ ထို့နောက် ခရမ်းသီးချဉ်သီး ကို အရည်ညှစ်ပြီး လက်ဖက်ရည် ၂ဇွန်းခန့်ယူကာ ဂျုံမှုန့်ခွက် ထဲထည့်ကာ ခပ်ပျစ်ပျစ် ရောမွှေလိုက်ပါ ။ ရရှိလာသော အရောအနှော ကို ပေါင်ခြံပေါ် လိမ်းလိုက်ပါ ။ မိနစ် ၂၀ခန့်ကြာလျှင် ရေနည်းနည်း ကို လက်ဖြင့်ယူပြီး scrub လုပ်သကဲ့သို့ ပေါင်ခြံကြားကို ပွတ်ပစ်ပါ ။ နောက်ဆုံးတွင်တော့ ရေအေး (သို့) ရေဖြင့် ပြောင်စင်အောင် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် ၂ကြိမ် မှ ၃ကြိမ် အထိ ပြုလုပ်နိုင်ပါတယ်။

၃။ အုန်းဆီ
အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့်ကို သံပုယိုရည် ၁ဇွန်းဖြင့် ရောပါ ။ ထို့နောက် ပေါင်အတွင်းကြား အရေပြားပေါ်သို့ စိမ့်ဝင်အောင် ၁၀မိနစ်ခန့် နှိပ်နယ်လိမ်းကျံပါ ။ နောက်ထပ် ၅မိနစ်ကြာအောင် ဒီအတိုင်း ထားပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ် ပုံမှန် လုပ်ဆောင်ရမှာပါ။

၄။ ဒိန်ချဉ်
ဒီနည်းလမ်းကလည်း အရေပြား ကို ဖြူစေဖို့ အကောင်းဆုံး တစ်ခုပါပဲ ။ အရောအနှောမပါတဲ့ ဒိန်ချဉ် သီးသန့်ကို ပေါင်ခြံမှာ လိမ်းပေးပြီး ၁၀ မိနစ် ၊ ၁၅မိနစ်ကြာ ခြောက်သွေ့အောင် ထားပြီး နွေးရုံမျှသောရေဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပေါင်ခြံအရေပြား ဖွေးလာစေမှာပါ။

၅။ သံပုရိုသီး
သံပုယိုသီး ကို အရည်ညှစ်ပြီး ဂွမ်းဖြင့်တို့ကာ မည်းညစ်နေတဲ့ ပေါင်ခြံပေါ် သုတ်လိမ်းပါ ။မိနစ် ၂၀ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် ၃ကြိမ်ခန့် ပြုလုပ်နိင်ပြီး Sensitive ဖြစ်သော အသားအရေ ပိုင်ရှင်များအနေဖြင့် ရေအနည်းငယ်ရောကာ ပြုလုပ်ပေးပါ ။ နောက်ထပ်တစ်နည်းကတော့ သံပုယိုရည် နှင့် အလှဆီ ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်စီရောပါ ။ ထို့နောက် Rose Water ကို ၁ဇွန်းထပ်ရောပြီး ညအိပ်ရာဝင်ခါနီးတိုင်း ပေါင်ခြံကြား ကို လိမ်းအိပ်ပါ ။ မနက်အိပ်ရာနိုးတဲ့အခါ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ရုံဖြင့် ညိုမည်းနေတဲ့ ပေါင်ခြံကြားကို ၁လအတွင်း ဖြူဖွေးသွားစေပါလိမ့်မယ်။

________
TrendMM