
စက်ရေတွင်းတူးရာ၌ ရေ-ရှိ မရှိ၊ ရေ-နည်း ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။
ရေ - ရှိ/မရှိ
၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။
ရေချို/ရေငန်
၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်းတူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျှင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊ သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေတိမ်/ရေနက်
၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကိုတွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။
ကျောက်ဆောင်- ရှိ/မရှိ
၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ ပုကျစ်၍ တွန့်လိမ်ကွေ့ကောက်နေပါက အောက်၌ကျောက်ဆောင်ရှိကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။ သစ်ပင်ကြီး သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေချို/ရေငန်
၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းကချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။
(တစ်နည်း စမ်းသပ်ပုံမှာ)
ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကိုစလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီးမြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။
နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်ကရေဝေး-ရေနက်သည်ဟု ခန့်မှန်းသိနိုင်ပါသည်။
ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင်ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါကရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။
--------------------------------
Credit:maharmedianews