
ပျားရည်ကို လူတိုင်းလိုလို မြင်ဖူးစားဖူးကြမှာပါ။ ပျားရည်က တကယ်ဆေးဖက်ဝင်တယ်လို့ ကြားဖူးနားဝ သိထားကြပေ မယ့်ပျားရည်၏ သမိုင်းကြောင်းနှင့် အကျိုးအာနိသင် အစုံကိုတော့ သိသူနည်းပါးပါလိမ့်မယ်။ ရှေးလူကြီးများက ပျားရည်ကို ‘ပန်းပေါင်းတစ်ထောင်’ ဟု ခေါ်ကြပါတယ်။ ပျားကောင်၏ ခြေချောင်းလေးများဖြင့် ပန်းဝတ်မှုန်များကို သယ်ဆောင်ကာ ပန်းတစ်ပွင့်မှ တစ်ပွင့်ဆီသို့ ကူးလူးပျံသန်း၍ ဝတ်မှုန်ချပေးလေ့ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ပျားမရှိရင် ပန်းမျိုးပေါင်း တစ်ထောင်ခန့် ပျောက် သွားနိုင်သကဲ့သို့ ပန်းမျိုးတွေ ပျက်သုဉ်း သွားရင်လည်း ပန်းဝတ်ရည် မရနိုင်တော့၍ ပျားမျိုးတွေ တုံးသွားနိုင်ပါတယ်။
ပျားရည် ရာဇဝင်
သမိုင်းရာဇဝင်ကို လေ့လာကြည့်တဲ့အခါ ဟိုးရှေးနှစ် ၁ဝဝဝဝ ခန့်က စပိန်နိုင်ငံ ရှေးဟောင်း ကျောက်ဂူတစ်ခုရဲ့ နံရံ ပေါ်မှာ ကျောက်ခေတ် လူသားတစ်ဦးဟာ ပျားအုံမှ ပျားရည်ကို အာသာငမ်းငမ်းစုပ်ယူ စားသောက်နေပုံကို ရေးဆွဲ ဖော်ပြထားတာကို တွေ့ရှိရခြင်းဖြင့် ပျားရည်ကို လွန်ခဲ့တဲ့နှစ် ၁ဝဝဝဝ မတိုင်မီကတည်းက လူသားတို့ စားသုံးလာကြပြီ ဖြစ်ကြောင်း မှတ်သားသိရှိရပါတယ်။
ပျားရည်အသစ်နှင့် အဟောင်း
ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်း ရှိနေတာကို ‘ပျားရည်အသစ်’ လို့ခေါ်ပြီး ထိုပျားရည်က လူကို ဝစေ၍ အသံကောင်းစေပါတယ်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာနေတာကိုတော့ ‘ပျားရည်အဟောင်း’လို့ခေါ်ပြီး ထိုပျားရည်က လူကိုအဆီကျ အသားကျစ် ပိန်စေပါတယ်။ ဝမ်းချုပ်စေပါတယ်။ သွေးတိုးလေငန်း သမားများအတွက် ဆေးကောင်းတစ်ခွက်ပါပဲ။
ပျားရည်၏ အာနိသင်များ
ကျောက်ခေတ်မှသည် ယနေ့အင်တာနက်ခေတ် ရောက်သည့်တိုင်အောင် လူသားတို့အစွမ်းဖြင့် ပျားရည်ကဲ့သို့ သက်ရှည်ကျန်းမာစေသည့် အစားအစာမျိုးကို မတီထွင်ကြသေးပါ။ ပျားရည်ကို တစ်ကြိမ်သောက်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းထက် ပိုမသောက်သင့်ပေ။
(၁) အမျိုးသမီးများ ဓမ္မတာရာသီလာချိန်၊ မီးဖွားပြီးစ၊ နို့ချိုတိုက်ချိန်များမှာလည်း ပျားရည်စားသင့်ပါတယ်။(အထူးသဖြင့် မီးဖွားပြီးစ သွေးသားနုချိန်မှာ ပျားရည်ကို အရက် နှင့်ရော၍ သောက်ပါ)
(၂) အမျိုးသမီးများ သားအိမ်လည်တိုင် အနာဖြစ်ပြီး မီးယပ်ဖြူဆင်းပါက ဝါဂွမ်းသန့်သန့်ကို ပျား ရည်စွတ်၍ ယောနိ အတွင်းထည့်သွင်း အသုံးပြုနိုင်ပါတယ်။
(၃) ပျားရည်က ကလေးများကို အစာကြေစေနိုင်သကဲ့သို့ လူကြီးများအတွက်လည်း အစာအိမ်ကို အားကောင်းစေပါတယ်။
(၄) အိပ်ရာထဲ နှစ်ရှည်လများ လဲှနေရသဖြင့် အိပ်ရာ ခင်း အပူလောင်နာခြင်းကို ပျားရည်လိမ်းပေးပါ။
(၅) မတ်ပဲကို ထောပတ်ဖြ င့်ကြော်၍ ပျားရည်ဖြင့်စားပေးပါက သုက် ပွားစေပါတယ်၊ အသားအရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) ကာမအားကုန်ခန်းသူများ ပျားရည်ကို နေ့စဉ် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်စားပေးပါ။
(၇) အားကစားသမားများ သက်လုံကောင်းစေရန် ပျားရည်သောက်ပါ သို့မဟုတ် ပျားရည်ကို သံပရာရည်နှင့် သောက်ပါ။
(၈) အိပ်မပျော်သူများ ညအိပ်ရာဝင်ချိန် သောက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ (၉) နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် သို့မဟုတ် သံပရာရည်တို့ဖြင့် ဆတူရော၍ သောက်ပါ။
(၁ဝ) ကလေးငယ်များ ချွဲကျပ် ရင်ကျပ်ဖြစ်ရင် ပျားရည်ကို သံပရာ ရည်ဖြင့်ဆတူရော၍ တိုက်ပါ။
(၁၁) မီးလောင်ဒဏ်ရာ၊ အနာဆွေးအနာဟောင်း၊ ထိခိုက်ရှနာ၊ အနာကြီး(နူနာ)များကို ပျားရည်လိမ်းပေးခြင်း ဖြင့် အနာမြန်မြန်ကျက်စေပါတယ်။
(၁၂) နှလုံးရောဂါရှိသူ၊ နှလုံးအားနည်း၍ မောပန်းသူများ ပျားရည်စားပေးပါ။
(၁၃) အရိုးကျိုးအက်ခြင်းအတွက် ပျားရည်စားေ ပးခြင်းဖြင့် အရိုးမြန်မြန် ဆက်စေပါတယ်။
(၁၄) ဦးခေါင်းမှာ အနာပေါက် သို့မဟုတ် ဒဏ်ရာရ၍ ဆံပင်ကျွတ်ပြီး ပြန်မပေါက်ခဲ့သော် ပျားရည်လိမ်းပေးပါ။
(၁၅)ပျားရည်နှင့် အလှဆီရော၍ လိမ်းပေးပါက အသားအရေ စိုပြည်လှပစေပါတယ်။
(၁၆)အစာအိမ်နာဖြစ်၍ ဗိုက်နာအော့အန်ပါက ပျားရည်ကို အုန်း နို့နှင့်ရော၍ သောက်ပါ သို့မဟုတ် ဒိန်ချဉ်ကို ရေခဲမထည့်ဘဲ ပျားရည်နှင့် ရောသောက်ပါ။
(၁၇) ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ပျားရည်အနည်းငယ်ကျွေးပါ။
(၁၈) ပျားရည်ကစိတ်ကို ထိန်းပေးနိုင်သော အစွမ်း သတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့်တတ်သော ကလေးများကိုညအိပ်ရာ ဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမ သွားအောင် ဟန့်တားနိုင်ပါတယ်။
(၁၉) ကလေးငယ်များသူငယ်နာ အကြောဆွဲ၍ သေလုမြောပါးဖြစ်နေရင် ပျားရည် ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
(၂ဝ) ဝပြီးသွေးတိုးသူများက နနွင်းခါးကို အမှုန့်ကြိတ်၍ ပျားရည် နှင့်စားပါ။ (ပိန်ပြီးသွေးတိုးသူများ မစားရ)
(၂၁) အစာမကြေအော့အန်သူများ ပျားရည်ကို သြဇာသီးဖြင့်စားပါ။
(၂၂) တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များအား နာနတ်သီးကို ပျားရည်ဖြင့်နယ်၍ ကျွေးပါသို့မဟုတ် ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။
(၂၃) သွေးဝမ်းကျခြင်း၊ ဝမ်းပျက်ခြင်းတို့အတွက် ပျားရည်ကို သီးသီးမှည့်ဖြင့် ရော ခေါက်၍စားပါ။
(၂၄) ပျားရည် နေ့စဉ်စားခြင်းဖြင့် မျက်စိကောင်းစေပါတယ်၊ အရွယ်တင် နုပျိုနိုင်ပါတယ်။
ပျားရည်နှင့် တွဲမစားသင့်သော အစားအစာများ ကတော့ ကြာစေ့၊ မုန်လာဥဖြူ၊ ဝက်သား၊ ငါး၊ ခိုသား၊ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီးတို့ဖြစ်ကြပါတယ်။
ပျားရည်သောက်ရန် သင့်လျော်သူများကတော့ နို့တိုက်မိခင်များ ၊ ကင်ဆာရောဂါသည်များ၊ အပူကန် လည်ချောင်းနာသူများ ၊ ချောင်းဆိုးနေသူများ ၊ အသက်တစ်နှစ်နှင့်အထက် ကလေးငယ်များ တို့ ဖြစ်ပါတယ်။
ပျားရည်သောက်ရန် မသင့်လျော်သူများကတော့ အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ ၊ ဆီးချိုသွေးချိုရောဂါသည်များ ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများ တို့ဖြစ်ပါတယ်။
ပျားရည် အတုနှင့် အစစ် ခွဲခြားနည်း
ပျားရည်ဟာ ရှားပါး၍ တန်ဖိုးကြီးတာကြောင့် ပျားရည်ဈေးကွက်မှာ အတုတွေ ရောင်းချလျက်ရှိနေပါတယ်။ ပျားရည် အတုဟာ အရောင်အနံ့အရသာ အာနိသင်အားလုံး အစစ်နှင့် ကွာခြားပါတယ်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ် ပေါင်းမည်မျှကြာအောင် ထားသော်လည်း အရောင်ပြောင်းရုံမှအပ မပုပ်မသိုး သဘာဝဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲပါပဲ။ စစ်၊ မစစ်ကိုသိလိုလျှင်-
(က) ပျားရည်ကို ခွေးကျွေးကြည့်ပါ၊ ခွေးမစားဘူးဆိုရင် ပျား ရည်အစစ်ဖြစ်ပါတယ်။
(ခ) ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါတယ်။
(ဂ) ပျားကောင်ကိုဖမ်း၍ ပျားရည် ထဲနှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်ပါတယ်။
(ဃ) ယမ်းမီးခြစ်ဆံ ခေါင်းကိုပျားရည်မှာ စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါတယ်။
(င) ပျားရည် တစ်စက်နှစ်စက်ကို ငှက် ပျောဖက်ပေါ် တင်ကြည့်ပါ၊ လျှောမကျဘဲလုံး၍ တင်နေရင် ပျားရည်စစ်ပါတယ်။
(စ) ပျားရည် တစ်ဇွန်းနှင့် နှမ်းဆီ တစ်ဇွန်းရော၍ ချိန်ကြည့်တဲ့အခါ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါတယ်။(သို့သော် ထိုအရောအနှောကိုမစားရ)။
(ဆ) ပျားရည်ထဲသို့ လက်ထည့်၍ ခပ်နာနာမွှေကြည့်ပါ၊ ထုံးရောင်ကဲ့ အဖြူရောင် အမှုန့်များရလျှင် ပျားရည်စစ်သည်၊ အခြားအရောင်များ ပြောင်းလာပါက ပျားရည်မစစ်ပါ။
(ဇ) ပျားရည်ကို ရေအေးခွပ်ထဲသို့ ချကြည့်ပါ၊ စုခဲထိုင်နေပါက ပျားရည်စစ်၏၊ အရည်ကျဲသွားခြင်း ရေထဲမှာ ပျော်ဝင်သွားပါက ပျားရည်မစစ်ချေ။
(ဈ) စက္ကူပွပွပေါ်မှာ ပျားရည်စက် ချကြည့်ပါ ပြန့်သွားခြင်း အရည်အောက်သို့ စိမ့်ဝင်သွားမူ ပျားရည်အစစ်မဟုတ်ပေ။
(ည) ပျားရည်ကို လက်ဖြင့် ကိုင်ဆုပ်ပြီးနောက် လက်ဆေးပါ၊ သကြားရည် ရောထားလျှင် လက်မှာ မပြောင်ဘဲ စေးကပ်ကပ် ဖြစ်ကျန်ရစ်မည်။
Credit: ပေါက်ပေါက် (Promise Pauk)