
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးဝတ်ဘရာတွေ ရှိနေခဲ့တာပါ။ အမျိုးသမီးတို့ရဲ့ အကြိုက်နဲ့ ခေတ်ကိုလိုက်ပြီး ပုံစံမတူကွဲပြားတာမျိုးတော့ရှိပြီး ဒီနေ့ခေတ်မှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံကိုရွေးချယ်ဝတ်ဆင်ဖို့ ဘရာပုံစံအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် လူတွေအမြင်အရ ဘရာမဝတ်ဘဲနေဖို့ကို လက်ခံဖို့ ခက်ခဲပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဘရာမဝတ်တာက ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်။
(၁) သွေးလှည့်ပတ်မှုပိုကောင်းမယ်
စိတ်လွတ်လပ်အောင်လို့ဆိုပြီး အဝတ်အစားကိုပွပွချောင်ချောင်ဝတ်ပေမယ့် ဘရာကိုတော့ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်တာကိုပဲဝတ်ကြပါတယ်။ အဝတ်အစားကို ဘယ်လောက်ပဲပွတာချောင်တာဝတ်ပါစေ၊ ဘရာက ကြပ်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက သွေးကြောတွေကို ဖိထားသလိုဖြစ်စေတာကြောင့် သွေးလှည့်ပတ်မှုအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘရာမဝတ်ဘဲနေလိုက်မယ်ဆိုရင်တော့ သွေးကြောတွေက သဘာဝအတိုင်းပွင့်သွားပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ဦးနှောက်ဆီ အောက်စီဂျင်ပိုမိုရောက်ရှိနိုင်တာကြောင့် ကျန်းမာရေးပိုကောင်းလာပါလိမ့်မယ်။
(၂) ကောင်းကောင်းအိပ်ပျော်မယ်
အိပ်တဲ့အချိန်မှာလည်း ဘရာကိုချွတ်ပြီးအိပ်တာက သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်က သက်တောင့်သက်သာရှိတာမို့ ကောင်းကောင်းလည်း အိပ်ပျော်စေနိုင်ပါတယ်။
(၃) ရင်သားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေနည်းသွားမယ်
ဘရာမဝတ်ထားတဲ့အချိန်မှာ ဖုန်မှုန့်၊ အညစ်အကြေး၊ချွေး စတာတွေနဲ့ ထိတွေ့မှုနည်းသွားတာကြောင့် အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေနည်းသွားတယ်။ ရင်သားနာကျင်တာနဲ့ အကျိတ်ဖြစ်တာတွေအပြင် တခြားရင်သားကျန်းမာရေးနဲ့ဆိုင်တာတွေလည်း ဖြစ်နိုင်ချေနည်းသွားပါလိမ့်မယ်။
(၄) ရင်သားပိုလှလာမယ်
အမျိုးသမီးအများစုက ဘရာအမြဲဝတ်ထားတာက ရင်သားအလှမပျက်အောင် ထိန်းပေးတယ်လို့ထင်နေကြပါတယ်။ တကယ်တမ်းတော့ အဲ့လိုမဟုတ်ပါဘူး။ အားကစားလုပ်တဲ့အချိန်မျိုးမှာပဲ sport bra လိုမျိုးကို ဝတ်ပေးပြီးတော့ ကျန်တဲ့အချိန်တွေမှာ တစ်ချိန်လုံးဝတ်မထားလည်း အဆင်ပြေပါတယ်။ အထူးသဖြင့် ညအိပ်တဲ့အချိန်တွေမှာပေါ့။ ဘရာအမြဲဝတ်ထားတဲ့သူနဲ့ အမြဲတမ်းကြီး ဝတ်မထားတဲ့သူဆိုရင် မဝတ်တဲ့သူတွေက ရင်သားပိုလှတယ်လို့ ဆိုပါတယ်။
--------------------------
Credit : aunty may