ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ - Kharann Media

Breaking

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ


ရွယ်ရောက်တဲ့လေဒီလေးတွေအတွက် အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးကပုံမှန်မဟုတ်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။

ရာသီသွေးမမှန်ခြင်း
အမျိုးသမီးအများစုဟာ လစဉ် ၄ ရက်ကနေ ၇ရက်တာလောက်အထိ ရာသီသွေးဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ပုံမှန်ရာသီသွေးပေါ်လေ့ရှိကြတာပါ။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန်တစ်ခုနဲ့တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့်ခြားတတ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက်ကြာတစ်ခါဖြစ်ပြီး စောခဲ့ရင်လည်း ၇ ရက် နောက်ကျရင်လည်း ၇ ရက်လောက်ပါပဲ။

ဒီလိုအခြေအနေမျိုးတွေဖြစ်မယ်ဆိုရင်တော့ ရာသီသွေးမမှန်ဘူးလို့ဆိုရပါမယ်-
  • ၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေးပေါ်တာ
  • ၃၅ ရက်ကျော်ကြားခြားပြီးမှ ရာသီသွေးပေါ်တာ
  • ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ
  • ပုံမှန်ထက်နည်းပြီး ရာသီသွေးဆင်းတာ
  • ၇ ရက်ကျော်ကြာတဲ့ရာသီသွေးပေါ်နေတာ
  • ရာသီပေါ်ချိန်မှာ နာကျင်တာ၊ ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေခံစားရတာ
  • ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ ပုံမှန်မဟုတ်ဘဲ သွေးပေါ်တာ
  • ရာသီလာတဲ့ရက်မမှန်တာ

ဒီအချက်တွေကြောင့် ရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။
ရာသီသွေးမမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲဆိုပြီး စဉ်းစားရတာတော်တော်လေး ခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာကိုခံစားရတာက အခုအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်-
  • လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ
  • Diet အလွန်အကျွံလုပ်တာ
  • စိတ်ဖိစီးမှုများနေတာ
  • သန္ဓေတားဆေးတစ်ခုခုသောက်သုံးနေတာ
  • သိုင်းရွိုက်ပြဿနာရှိနေတာ
  • ရောဂါတစ်ခုခုဖြစ်နေတာ
  • Polycystic ovary syndrome (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ခံစားနေရတာ
  • အသက်အရွယ်ရလာတာ
  • ကိုယ်ဝန်ရှိနေတာ
  • သွေးဆုံးသွားတာ
  • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားတာ
  • နို့ချိုတိုက်ကျွေးနေရတာ
  • သားအိမ်အတွင်းနံရံထူနေတာ
  • အဝလွန်တာလိုမျိုး
အကြောင်းအရာတွေကြောင့်လည်း ရာသီသွေးမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။
_________________
Hello Health Group
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win