
အောင်မြင်မှုဆိုတာ ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့သူတွေအတွက်ချည်း မဟုတ်ပါဘူး။ IQ မြင့်ခြင်းဆိုတာ
အားသာချက်တစ်ခုလို့ ပြောလို့ရပေမယ့် အောင်မြင်ရေးအတွက် သော့ချက်တစ်ခုလို့တော့ ယူဆလို့ မရနိုင်ပါဘူး။ အောင်မြင်ဖို့အတွက် IQ ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ လိုအပ်ပါတယ်။
.
ထက်သန်စိတ်
အောင်မြင်ရေးအတွက်ဆိုရင်တော့ ဒီစိတ်ဟာ အခြေခံအကျဆုံးစိတ်ပါပဲ။ ဆာလောင်တဲ့စိတ်တွေ၊ ထက်သန်စိတ်တွေမရှိဘဲ လျော့တိလျော့ရဲဆန္ဒမျိုးနဲ့ ထိပ်တန်းအောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။
.
ရည်မှန်းချက်ပန်းတိုင်
ကိုယ်ဖြစ်ချင်တဲ့အရာ (သွားချင်တဲ့ပန်းတိုင်) ရေရေရာရာမရှိရင် ဦးတည်ရာမဲ့သလို ဖြစ်ချင်ရာဖြစ်ပြီး ရောက်ချင်ရာ ရောက်သွားပါလိမ့်မယ်။ သေချာတာကတော့ သွားရမယ့်နေရာ သတ်သတ်မှတ်မှတ်မရှိရင် မကောင်းတဲ့နေရာကို ရောက်သွားနိုင်ချေကတော့ ပိုများပါတယ်။
.
အားထုတ်မှု
ကိုယ်ဟာ ဉာဏ်ရည်ဉာဏ်သွေးအားဖြင့် မြင့်တဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း သူများအားထုတ်နို
င်တာထက် ပိုပြီး အားထုတ်မယ်ဆိုရင် သူများထက် ခေါင်းတစ်လုံးမြင့်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။
များများအားထုတ်မယ်၊ နည်းနည်းအားထုတ်မယ်ဆိုတာတော့ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
.
အတွေးအခေါ်
သမာရိုးကျနည်းတွေနဲ့လည်း အောင်မြင်နိုင်သလို၊ အတွေးအခေါ်ကောင်းတွေနဲ့လည်း ထိပ်တန်းဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့အဆင့်အထိ အောင်မြင်တဲ့သူတွေဟာ သူများနဲ့မတူတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင်အယူအဆတွေ ရှိတတ်ကြပါတယ်။
.
အောင်မြင်ရေးအတွက် အကြောင်းအချက်တွေ အများကြီးလိုအပ်တယ်ဆိုပေမယ့် ဒါတွေကတော့ အခြေခံကျတဲ့လိုအပ်ချက်တွေပါပဲ။ ဒီအရာတွေဟာလည်း IQ မြင့်တယ်၊ မမြင့်ဘူးဆိုတာထက် ပိုပြီး အရေးပါတဲ့အရာတွေ ဖြစ်ပါတယ်။
(Focus Youth)
Ref: MG