ဇီဝဇိုးငှက် (Grey-rumped Swiftlet) သည် မျိုးစဉ်အားဖြင့် 'အပေါ့ဒီဖေါမီး (Apodiforme)' တွင် လည်းကောင်း၊ မျိုးရင်းအားဖြင့် 'ခက်တူးရီနီး' တွင်လည်းကောင်း ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် 'ကောလိုကေးလီယား ဂျာမယ်နီ' ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှားငှက်နှင့် အနည်းငယ် တူသော်လည်း မျိုးစဉ်အားဖြင့် ကွဲပြားသည်။ ဇီဝဇိုးငှက်ကို အဝေးမှတွေ့မြင်ရလျှင် ပျံလွှားငှက်နှင့် ရုတ်တရက်ခွဲခြား၍ မရနိုင်ချေ။ သို့သော် အမွေးထူသော ခြေမျက်ရိုးကိုလည်းကောင်း၊ အရွယ်ပို၍ကြီးသော တောင်ပံကိုလည်းကောင်း ကြည့်ရှုခြင်းဖြင့် ဇီဝဇိုးငှက်ကို ပျံလွှားငှက်နှင့် ခွဲခြား၍ သိရှိနိုင်သည်။
ဇီဝဇိုးငှက်ကို အပူပိုင်းဒေသများ၊ အထူးသဖြင့် ကျွန်းစု နှင့် ပင်လယ်ကမ်းရိုးတန်းများ၌ အနှံ့အပြားတွေ့ ရသည်။ ဆေးရှဲကျွန်းစုနှင့် မောရစ်ရှကျွန်းစုမှ ကွင်းစလန်အထိပျံနှံ့စွာနေသည်။ ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများတွင်လည်းကောင်း၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင်လည်းကောင်း ဇီဝဇိုးငှက်တို့ကို တွေ့ရသည်။
ဇီဝဇိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး မီလီမီတာ ၁၀ဝ မှ ၄၀ဝ အတွင်းရှိသည်။ ကျောဘက် ငှက်မွှေးမှာ အမဲရောင်ရှိပြီး ဝမ်းဘက် ငှက်မွှေးမှာ မီးခိုးရောင် ဖြစ်သည်။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။ တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့်အပြင် ညအိပ်သည့်အချိန်မှလွဲ၍ တစ်နေ့လုံး ပျံနိုင် သည်။

တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း (၄) ချောင်းရှိ၏။ ခြေချောင်း (၄) ချောင်းအနက် (၃) ချောင်းသည် အရှေ့ဘက်သို့ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက် အအုံများတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။
ဇီဝဇိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့ရှိ မြင့်မားမတ်စောက်သည့် ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်းများစွာ ပါဝင်၏။ မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ်ရေပြင်ထက်တွင် လျင်မြန်စွာ ပျံသန်း၍ လေထဲရှိ အင်းဆက်များကို ဖမ်းယူ စားသောက်တတ်သည်။ တိမ်ရှိသည့်နေရာအထိ မြင့်မားစွာ ပျံသန်းနိုင်ပြီး အမြင်အာရုံ စူးရှသည်။
ဇီဝဇိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလနှင့် ဩဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ကို လူသူမနီး မြင့်မားမတ်စောက်သည့် ဂူနံရံများ၊ ကျောက်ဆောင် မြင့်များတွင် ဆောက်တတ်သည်။ အများအားဖြင့် ပေ ၄၅၀ ကျော်ခန့်အထိ မြင့်သည်။ ဇီဝဇိုးငှက် အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိ၏။

အသိုက်ဆောက်လုပ်ရာတွင် အခြားငှက်များကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့ နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ်၍ မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိသည်။ ၎င်းအန်ဖတ်တွင် တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။
ယင်းအန်ဖတ်များကို ထပ်ခါထပ်ခါ အန်ပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေးသည်။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအန်ဖတ်တွင် ရင်မှသွေးများပင် ပါလာတတ်သည်။ ယင်းတံတွေး အန်ဖတ်များ သည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွားသည်။ အသိုက်၏ အရွယ်မှာ ကန့်လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍၊ စောက်အားဖြင့် ၁ လက်မရှိသည်။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင်နေရန် လုံလောက်သည်။

ယင်းအသိုက်များတွင် ငှက်မများ ဥ ဝင်ဥကြသည်။ တစ်နှစ်လျင် နှစ်ကြိမ် ဥဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။
ငှက်သိုက်များကို ပျံလွှားငှက်မျိုးတွင် ပါဝင်သည့် မိုးစာငှက်၊ ပြီလဲငှက်၊ ဇီဝဇိုးငှက်များမှ ထုတ်ယူရရှိ နိုင်၏။ မြန်မာနိုင်ငံတွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်မှသာ ရရှိပါသည်။ ဇီဝဇိုးငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂) မျိုးထွက်သည်။ အမဲရောင်ငှက်သိုက်ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင် ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွှေးနုများ ပါဝင်ပြီး၊ အမဲရောင်ငှက်သိုက်တွင် အမဲရောင် ငှက်မွှေးနုများ ပါဝင်သည်။ အမဲရောင်ငှက်သိုက်သည် အဖြူရောင်ငှက်သိုက်ထက် အရွယ်အစားအားဖြင့် (၂) ဆကြီးသည်။ သို့သော် စီးပွားရေးဈေးကွက်တွင် အဖြူရောင်ငှက်သိုက်ကိုသာ လူကြိုက်များသဖြင့် အမဲရောင်ထက် (၁၀) ဆမျှ ဈေးပိုကြီးသည်။
ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်တောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ငြမ်းဆင်ပြီး သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာလိုက်လံ စုဆောင်း ကြရသည်။ ထိုကျောက်တောင်များသည် ပကတိကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး မြင့်မား မတ်စောက် လှသည့်အပြင် ထွက်ပေါ်နေသော ကျောက်ချွန်များ၊ ကျောက်လှံများသည် ဓားသွားသမျှ ထက်မြနေသည်။ ထိမိခိုက်မိလျှင် မလွယ်၊ ဓားနှင့်ခွဲသကဲ့သို့ အသားများကွဲပြဲကုန်နိုင်သည်။ မတော်တဆပြုတ်ကျလျှင်လည်း အရိုးတခြား အသားတခြားဖြစ်သွားနိုင်သည်။
မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင်တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂) ကျွန်းမှ အဖိုးတန်ငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်း ကျွန်းစုများမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။
ထိုငှက်သိုက်ထွက်ရှိသော ကျွန်းများကို သစ်တောဦးစီးဌာနမှအုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက် စုဆောင်းခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေး ထားသည်။ စုဆောင်းရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေးသည်။ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူကို ဒဏ်ရိုက်သည်။ လိုင်စင်ထုတ်ပေးရာတွင် ထိုကျွန်းများ ကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားရ၏။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေးများသည် အနှောင့်အယှက် မရှိဘဲ အသိုက် ပြုလုပ် ပေါက်ဖွား နိုင်ကြသည်။
ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်များစွာ ပါဝင်သည်။ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် အလွန်အဖိုးအနဂ္ဃထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက်များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။

_______________________
ရည်ညွှန်း
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- မြိတ်တက္ကသိုလ် ၂၀ဝ၄-၂၀ဝ၅ နှစ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြထားသော သတ္တဗေဒဌာန (ဌာနမှူး)ပါမောက္ခ ဒေါ်မြင့်မြင့်သန်း၏ "ငှက်သိုက်" ဆောင်းပါး
- ဦးသန်းမြင့် (၂၀ဝ၁) ၊ " မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက" စာအုပ်
__________________
m y m e m o | source : sawmaung's blog
m y m e m o | source : sawmaung's blog