ကိုယ့်ကို သူတကယ်ချစ်၊ မချစ် ဒီအချက်တွေနဲ့ ဆုံးဖြတ်နိုင်ပါတယ် - Kharann Media

Breaking

ကိုယ့်ကို သူတကယ်ချစ်၊ မချစ် ဒီအချက်တွေနဲ့ ဆုံးဖြတ်နိုင်ပါတယ်




အချို့ချစ်သူစုံတွဲတွေမှာ ကောင်မလေးတွေက သူတို့ရဲ့ကောင်လေး သူတို့ကို တကယ်ချစ်ရဲ့လား။ မချစ်ဘူးလား၊ ဒွိဟရှိနေတာမျိုးရှိတတ်ပါတယ်။ ဒီလိုသံသယတွေရှိနေတဲ့ ကောင်မလေးတွေအတွက် အောက်ပါအချက်သုံးချက်နဲ့ သူသင့်ကို တကယ်ကြွေ ၊မကြွေ သိနိုင်ပါတယ်။ သေချာတော့ စုံစမ်းပေါ့နော်။

1. သင့်ကို ပျော်ရွှင်အောင်အမြဲထားတယ်။

ဒါက ချစ်သူတို့ရဲ့အခန်းကဏ္ဍမှာ တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာအောင် ထားခြင်းဟာသိပ်ကို အရေးပါပါတယ်။ ဒါကိုပင် တစ်ချို့က လွယ်လွယ်လေးလို့ ထင်နေကြပါတယ်။ သူတို့အကြောင်းပြချက်က ကိုယ်ချစ်လို့ လက်တွဲနေတဲ့သူပဲ စိတ်ချမ်းသာအောင်ထားမှာပေါ့-ဆိုပြီး လွယ်လွယ်ပြောတတ်ကြပါတယ်။ ဒါဟာ မဟာအမှားပါဘဲ။ ဘယ်လို စိတ်ချမ်းသာအောင် ထားမှာလဲ-ဆိုတာ အရေး�ကြီးပါတယ်။ သူလိုချင်တာ ၀ယ်ပေးရုံ၊ သူ တောင်းဆိုတာ လိုက်လျှောရုံနဲ့ စိတ်ချမ်းသာမှု အပြည့်အ၀ ရနိုင်တယ်လို့ ထင်ပါသလား။ မထင်ပါနဲ့။ ဒီတော့ သူဟာ ဘယ်လိုအခြေအနေမှာ ပျော်တတ်တယ်။ ဘယ်လို သဘာဝကို သဘောကျတယ်ဆိုတာ သင့်ချစ်သူပဲ သင် သိနေရမှာပေါ့။ ငွေကြေးနဲ့ ၀ယ်ယူ�ပေးရမှ မဖြစ်ညှစ်ကာ ၀ယ်ယူပေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခြား ငွေမကုန်ဘဲ ပျော်နိုင်တဲ့ အပျော်တွေ အများကြီးပါ။ ဒီတော့ သင့်ချစ်သူဟာ နေ့စဉ်ရက်ဆက် သင့်ကို စိတ်ချမ်းသာအောင် ထားတယ်ဆိုရင် သင် ပျော်နိုင်ပါပြီ။

2. သင့်ကို မချုပ်ချယ်ဘူး။

ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မွန်းကြပ်သော လှောင်ပိတ်ခံထားရမှုတွေများလာရင် ရုန်းကန်ထွက်ပြေးချင်စိတ် ပေါက်လာကြပါတယ်။ ဒီတော့ သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ လူချင်းနီးပေမယ့် တဖြည်းဖြည်း ဝေးကွာသွားသလို ခံစားရတယ်ဆိုရင် သေချာတာက သင်တို့နှစ်ယောက်ကြားမှာ ကျေနပ်မှုမရှိတဲ့ ချုပ်နှောင်ခံရခြင်းတွေ ရှိနေပါပြီ။ ဆိုတော့ တစ်ယောက်ကိုတစ်ယောက် လိုက်လျှောပါ၊ နားလည်အောင် ကြိုးစားပါ၊ တစ်ယောက်က ဒါလုပ်ချင်တယ်ဆိုရင် တစ်ယောက်က ဖိအားပေးပြီး�ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင့်ချစ်သူဟာ သင့်ဆန္ဒတွေကို ပြောင်းလဲဖို့ မကြိုးစားဘူးဆိုရင် သင်�ရွေးချယ်ထားတဲ့ချစ်သူဟာ မှန်ကန်ပါတယ်။

3. သူ့ခံစားမှုတွေနဲ့ပတ်သက်ပြီး သင့်ကို ယုံကြည်တယ်။

ရင်းနီးမှုမရှိဘဲ အချစ်ဆိုတာကို စိတ်ကူးယဉ်လို့ မရပါဘူး။ ရင်းနီးမှုဆိုတာ ဘာကိုပြောချင်တာလဲ။ အမှန်�တော့ နားလည်မှုပါဘဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ရင်းနီးမှု၊ ယုံကြည့်မှုမရှိဘဲ အချစ်ကို တည်ဆောက်လို့ မရပါ။ ရခဲ့ရင်လည်း အချစ်စစ် လုံးဝမဟုတ်နိုင်ပါ။ ဒါကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။ တစ်ယောက်မှာရှိနေတဲ့ အချစ်ရဲ့အနက်ရှိုင်းဆုံး အဓိပ္ပါယ်ကို ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ။ တကယ်ချစ်ရင် စိတ်ချင်း ဆက်သွယ်မှု ရှိပါတယ်။ မရှိဘူးလား။ မရှိရင် သင်တို့အချင်းချင်း နားလည်မှု မရှိသေးဘူးဆိုတာ သေချာပါတယ်။ စိတ်ချင်းဆက်နွယ်နေကြတဲ့ ချစ်သူချင်းမှာ စိတ်ထဲကနေ နှုတ်နဲ့ထုတ်ဖော်�ပြောပြခြင်းမရှိသေးတဲ့ ခံစားမှုတွေကို တစ်ခြားတစ်ယောက်က အလိုလို သိနေတာမျိုး သင့်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ချစ်သူစုံတွဲတွေဆီမှာ စနည်းနာကြည့်ပါဦး။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အဲဒီလို သူ့ခံစားချက်တွေကို သင်က အလိုလိုသိနေတဲံ အခြေအနေထိတိုးတက်နေတယ်ဆိုရင် သင့်လက်တွဲ�ဖော်ကို သင် စိတ်ချလို့ရပါပြီ။

Credit : Myo Myo (auntymay)