
သင့်အိမ်နဲ့ဆိုင်တွေမှာ ခြင်တွေလုံးဝမလာအောင် လုပ်လို့ရတဲ့နည်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေဟာ သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်။
(၁) ကော်ဖီမှုန့်
ကော်ဖီမှုန့်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ခြင်တွေလာတတ်တဲ့နေရမှာ အဖုံးဖွင့်ပြီးထားလိုက်ပါ။ခြင်တွေဟာကော်ဖီနံ့ရတဲ့ နေရာတွေမှာ မလာတော့ပါဘူး။ ကော်ဖီနံ့ကြိုက်တဲ့သူတွေ အတွက်တော့ ဒီနည်းလမ်းလေးဟာ အရမ်းကို အဆင်ပြေမှာပါ။
(၂) အမွှေးရနံ့တွေ
သင်ကြိုက်နှစ်သက်တဲ့ အမွှေးဆီ(နှင်းဆီ၊လာဗင်ဒါ၊စံပယ်)တစ်ခုခုကိုရေနဲ့ရောပြီး ခြင်လာတတ်တဲ့နေရာတွေကို ဖြန်းထားလိုက်ရင် ခြင်တွေလာတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ခြင်တွေဟာ အမွှေးရနံ့ကို မကြိုက်လို့ပါ။
(၃) ပန်းသီးရှာလကာ
ပန်းသီးရှာလကာကို ရေရောပြီး စပရေးဘူးထဲ ထည့်ကာခြင်တွေလာတတ်တဲ့နေရာအနှံ့ကို ဖြန်းပေးခြင်းဖြင့် ခြင်တွေလာတော့မှာ မဟုတ်ပါဘူး။
Shwemom