မုတမပါ လင်္ကာမချော - Kharann Media

Breaking

မုတမပါ လင်္ကာမချော



“မုသားမပါ လင်္ကာမချော” မဟုတ်ပါ၊
“မုတမပါ လင်္ကာမချော” ဖြစ်ပါသည်၊
ပဉ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည်
ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်၊

ဘုရား အလောင်းတော်သည်
ပါရမီဖြည့်ကာလတစ်လျှောက်
ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်၊
အခြားသိက္ခာပုဒ်များ ချိုးဖျက်မိသော်လဲ
မုသာဝါကို မချိုးဖောက်ကြောင်းသိရသည်၊
( ဖြည့်စွက် ~ သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့် )

ဒီကနေ့ မြန်မာစကားတွင်
စကားလုံးတစ်စု နာမည်ကြီးသည်၊
ထိုစကားမှာ “မုသား မပါလင်္ကာမချော” ဖြစ်သည်၊
လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်၊

ပဉ္စသီလကို ဖောက်ဖျက်ရန်
စိန်ခေါ်သော စကားဖြစ်သည်၊

အမှန်မှာ၊ “မုသား မပါ လင်္ကာ မချော”မဟုတ်ပဲ၊
“မုတမပါ လင်္ကာမချော” ဖြစ်သည်၊

လူတိုင်း အာရုံ ခြောက်ပါးရှိသည်၊

၁။ မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည်၊
၂။ ကြားခြင်းကို "သုတ" ခေါ်သည်၊
၃။ ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊
     သိရှိခြင်းကို "မုတ" ဆိုသည်၊

မြင်ကာမျှဖြင့် စာဖွဲ့ပါလျင်
လင်္ကာ မညက်ညောနိုင်ပါ၊
ကြားရုံသက်သက်ဖြင့် စာစီပါက
လင်္ကာ မညက်ညော နိုင်ပါ၊

အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့်
ခံစား၊ ထိတွေ့၊ သိရှိပြီးမှ ရေးသားလျှင်
သို့မဟုတ် ပြောဆိုလျှင် စကားညက်ညောသည်၊
လင်္ကာမြောက်သည်ဟု ပြောရမည်၊ စကားပြေပြစ်သည်၊

❌“မုသားမပါ လင်္ကာမချော” မဟုတ်ပါ၊

✔“မုတမပါ လင်္ကာမချော” ဖြစ်ပါသည်။

Copy from > V Nandaw Batha -acc