
ရာသီလာချိန်မှာ မလုပ်သင့်တဲ့ အရာတွေ၊ဆောင်ရန်ရှောင်ရန်တွေရှိပါ တယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ လုံးဝမလုပ်သင့်တဲ့ ရှောင်ရမယ့် အချက်တွေကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ ဆိုရင် ပုံမှန်အချိန်တွေထက် အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းနေတတ်ပါတယ်။ ရှောင်ရမယ့် အချက်တွေ ကတော့…
(၁)စိတ်ဆတ်၊ စိတ်တိုလွယ်
အဲ့ဒီလိုအချိန်တွေမှာ စိတ်တိုလွယ်၊ စိတ်ဆတ်လွယ်နေတာကြောင့် အဲ့ဒီလို အချိ န်တွေမှာ တတ်နိုင်သမျှ စကားပြောဆင်ခြင်ပါ။ မိသားစု၊ကိုယ့်ရဲ့ ပါတာနာ ကို တစ်ယောက်တည်းအေးအေးနေ ချင်ကြောင်း ပြောပြထားပါ။ လမ်းလျှောက်တာ တို့၊စာအုပ်ဖတ်နေတာတို့ လုပ်ပါ။
(၂) အငန်ပါတဲ့Snacks တွေကိုရှောင်ပါ
ဒီလိုအချိန်မှာ ငန်တဲ့ Snacks တွေ ဥပမာ-အငန်ပါတဲ့ အာလူးချောင်းကြော်လို အရာတွေကိုရှောင်ပါ။ ရာသီလာနေတဲ့ အချိန်မှာ အငန်ပါတဲ့ အစားအစာတွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ဒါကြောင့် Snacks လိုအရာတွေကို စားမယ့်အစား သစ်သီး၊ အသီးအရွက်အစရှိတာတွေကို စားသုံးပေးသင့်ပါတယ်။ ဒီလိုအချိန်မှာ လိုအပ်နေတဲ့ Minerals(သတ္တုဓါတ်)နဲ့ဗီတာမင်တွေကို သစ်သီးဝလံနဲ့အသီး အရွက်တွေကသာ ပေးစွမ်းနိုင်မှာပါ။
(၃)Pad ထုပ်ကို (၃)နာရီ(သို့)(၄)နာရီတစ်ခါလဲပါ
အိမ်မှာပဲဖြစ်စေ၊အလုပ်မှာပဲဖြစ်စေ ဘယ်နေရာပဲရောက်နေနေ Pad ထုပ်ကို သုံးနာရီ(သို့)လေးနာရီခြားတစ်ခါ ပုံမှန်လဲပေးပါ။ Pads ဟာ မကြာခဏလဲပေး သင့်ပါတယ်။ Pad တစ်ခုတည်းကို အလုပ်ထဲမှာ တစ်နေကုန်သုံးတာ(မလဲဘဲ ထားတာ)ဟာ ဗက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပြီး အနံ့အသက်ကိုလည်း ဆိုးရွားစေပါတယ်။ ဒါကြောင့် အိတ်ထဲမှာအမြဲတမ်း Pad ထုပ်အပိုဆောင်ပါ ။ ပုံ မှန်လဲပေးဖို့ မမေ့ပါနဲ့။
(၄)နို့နဲ့နို့ထွက်အစားအစာတွေကိုရှောင်
ကယ်ဆီယမ်ဟာ အမျိုးသမီးတွေ ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ နာကျင်မှုေ တွကို သက်သာစေတယ်ဆိုပေမယ့် နို့၊ ချိစ်၊ ဒိန်ချဉ်အစရှိတာတွေကတော့ ဆန့် ကျင်ဘက်ပါ။ အကြောင်းအရင်းကတော့ သူတို့မှာ arachadonic acids ပါလို့ပါ။ အဲ့ဒီအက်ဆစ်က ဗိုက်အောင့်စေတတ်ပါတယ်။ တကယ်လို့ ကယ် ဆီ ယမ်ဓါတ်လိုချင်တယ်ဆိုရင်တော့(non-dairy) နို့ထွက်ပစ္စည်းနဲ့ လုပ်ထား တာမဟုတ်တဲ့ အုန်းနို့ဒိန်ချဉ်လို အရာမျိုးကို သောက်လို့ရပါတယ်။
(၅) gym မသွားတာမျိုး မလုပ်ပါနဲ့
ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေကြောင့် အမျိုးသမီးတော်ေ တာ် များများဟာ အဲ့ဒီလိုအချိန်တွေမှာ အိပ်ယာထဲလှဲနေတာ၊ အိမ်ထဲမှာနေငြိမ် ငြိမ်ေ လးနေပြီး TV ကြည့်နေလေ့ရှိပါတယ်။ တကယ့်တော့ ဒါဟာ မှားပါတယ်။ ဒီလိုအ ချိန်မှာ gym ကိုပိုလို့တောင်သွားသင့်ပါတယ်။ လေ့ကျင့်ခန်းဟာ ရာသီလာချိန် မှာခံစားရတဲ့ ဗိုက်အောင့်တဲ့ ဝေဒနာ၊ တခြားခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်ကို က်ခဲမှုတွေကို သက်သာစေပါတယ်။
(၆)အဖြူရောင်ဘောင်းဘီကိုရှောင်
ရာသီလာနေတဲ့ အချိန်မှာ ရှောင်သင့်တဲ့ အရာတွေထဲမှာ အဖြူရောင်ဘောင်းဘီလည်း ပါပါတယ်။ အဖြူရောင်က စွန်းထင်းရင် အရမ်းကို သိသာလွန်းတဲ့အ တွက်ပါ။ ဒီလိုအချိန်မှာ တက်နိုင်သမျှ အရောင်ဖျော့ဝတ်တာတွေကို ရှောင်ပါ။
(၇) pad မခံပဲ အိပ်ယာဝင်တာ
ညဖက်အိမ်မှာမို့ Pad မခံပဲ ဒီအတိုင်းအိပ်ယာဝင်တာမျိုး ဘယ်တော့မှ မလုပ် ပါနဲ့။သင့်ရဲ့စောင်၊မွေ့ယာတွေကို ညစ်ပတ်စေပါတယ်။ပုံမှန်သုံးနေကျ pad ကိုခံအိပ်ရတာ အဆင်မပြေဘူး၊သက်သောင့်သက်သာမရှိဘူးဆိုရင် အခုေ နာက်ပိုင်းမှာ day သုံးနဲ့ Night သုံးဆိုပြီး သီးသန့်ထုတ်ထားတာတွေရှိပါ တယ်။အဲ့ဒီထဲက Night သုံးကို စမ်းသပ်ရွေးချယ် အသုံးပြုကြည့်ပါ။
(၈)အမွှေးနုတ်တာတွေ ရှောင်ပါ
ရာသီလာချိန်မှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ (Estrogen)ပမာဏ လျော့နည်း သွား တာကြောင့် တခြားပုံမှန်အချိန်တွေထက် နာကျင်မှုဝေဒနာကို ပိုခံစားရတတ် ပါတယ်။ဒါကြောင့် ဒီလိုအချိန်တွေမှာ အမွှေးနုတ်တာတွေ ကို ရှောင်ပါ။
(၉)ဝမ်းနည်းစရာရုပ်ရှင်တွေကို မကြည့်ပါနဲ့
အမျိုးသမီးတော်တော်များများဟာ ရာသီလာခါနီးရင် စိတ်ခံစားမှုက သိသိ သာ သာသာ ပြောင်းလဲနေတတ်ပါတယ်။ခံစားလွယ်၊စိတ်တိုလွယ်နေပါတယ်။ ပျော်ခြင်း၊ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မလုံခြုံမှု စတဲ့ ခံစားချက်တွေကို အချိန် ခဏလေးအတွင်းမှာ အမျိုးမျိုးပြောင်းလဲ ခံစားနေရတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စိတ်ခံစားချက်တွေက အမြင့်ဆုံးရောက်နေ၊ ခံစားလွယ်နေတတ်တာကြောင့် ဝမ်းနည်းစရာ ရုပ်ရှင်တွေကို လုံးဝမကြည့်ပါနဲ့။
___________
Kay Khine Moe