
ဖူးစာ ဆိုတာ အတိတ်ဘ၀ ဘ၀ တွေရဲ့ ဆုတောင်း သစ္စာမေတ္တာကြောင့် အခုဘ၀မှာ ပြန်ဆုံတွေ့ ချစ်ကြိုက် အိမ်ထောင်ပြုဖြစ်ကြတာကိုပြောတာပါ။
ဝဋ်ကြွေးဆိုတာကတော့ ကိုယ်က သူ့ကို ပေးဆပ်စရာရှိလို့ အတိတ်အကြွေးကို အခုဘ၀မှာ အိမ်ထောင်ဘက်အဖြစ်နဲ့ ပေးဆပ်ရတာကိုပြောတာပါ ။
အဲလို ပေးဆပ်နေရတဲ့သူတွေက အိမ်ထောင်ကျတဲ့ အချိန်ကစပြီး သူ့ရဲ့ ကျန်းမာရေး လူမှုရေး ၊ ပေါက်ကရလုပ်ကိုင်မိသမျှ ဒုက္ခတွေကို ကိုယ်က လိုက်ရှင်းပြီး လုပ်ပေးနေရတာပါပဲ။
အဲလို လူမျိုးတွေဗေဒင်လာတွက်ရင် မယူသင့်ဘူးဆိုတဲ့ အဖြေထွက်ပါတယ်၊ မိဘ ဆွေများတွေ အားလုံးကလည်းတားကြပါတယ်။ ဒါပေမဲ့ သူက မယူပဲ မနေနိုင်ဘူး ၊ ယူဖြစ်အောင် ယူပါတယ်။ နောက် တော့ ဒုက္ခတွေ တစ်လှေကြီးတွေ့တော့တာပေါ့။
၁။ သမီးလေး မိုးမိုး …..
ငယ်ငယ်ရွယ်ရွယ်ချစ်စရာလေးပါ။ ဖုန်းမှားဆက်ရာက စပြီးကောင်လေးနဲ့ မေတ္တာမျှသွားကြတယ်။ အပြင်မှာ ၂ ခါ ချိန်းတွေ့ပြီး ခိုးရာလိုက်ပြေးသွားတယ်။ အားလုံးက မယူဖို့တားခဲ့သောလည်းမရပါဘူး ။
ယူပြီးမှ ကောင်လေးက ပညာလည်းမတတ် ဆင်းလည်းဆင်းရဲတာ သိရတယ် ။ ဒါပေမဲ့ ကောင်မလေး မိဘတွေက သဘောကောင်းပါတယ်။ သူတို့ကို အိမ်ခေါ်ထားပြီး အရင်းနီးထုတ်ပေးတယ်။ အဲကောင်လေးက လုပ်လိုက်တာ မမြတ်တဲ့အပြင် အကြွေးတောင်တင်တော့
ယောက္ခမ များက ဆပ်ပေးရတယ် ။ မိတ်ဆွေ ကားကြီး အုံနာဆီမှာ အလုပ်သွင်းပေးတယ်။ စပယ်ယာအလုပ်ပေါ့ ။
တစ်လလောက်လုပ်ပြီးတော့ ကားရွှေ့လိုက်တာ သူများဆိုင်ကို သွားဝင်တိုက်လို့ လျှော်လိုက်ရတယ် ။ အဲဒါနဲ့ ယောက္ခမက ထွေထာဂျီတစ်စီးထောင်ပေးတယ်၊ ထွေလာဂျီမောင်းပေါ့ ၊ ၄ – ၅ ရက်နေတော့ သူများ ၀င်တိုက်ပစ်လိုက်တာ တစ်ဖက်လူကဆေးရုံရောက်သွားလို့ ဆေးကုပေးလိုက်ရတာ သိန်းချီထွက်သွားတယ်။
ကလေးမလေး ကို ဆင်းပေးထားတဲ့ ရွှေတွေလည်း အကုန်ပြောင်ရော ၊ ဟိုတစ်နေ့ က အလုပ်သွားလုပ်တယ်တဲ့ အပြန် ဆိုက်ကယ်လဲ လို့ တဲ့ ဆေးရုံတက်နေရတယ်တဲ့ ……
အဲလောက်ကြီး ဒုက္ခပေးနေတာ အေ ။ အသုံးလည်းမကျဘူး ။ ကွဲလိုက်ပါတော့လား သမီး ရယ် ဆိုတော့ မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ သမီးမှမကွဲနိုင်တာ တဲ့ ။အော်…. အိမ်ထောင်ကျတာ တစ်နှစ်တောင် မရှိသေးဘူး။ ရှိတာတွေလည်း ကုန်တစ်ခုပြီးတစ်ခုပြသနာဖြစ်နဲ့ အလုပ်လုပ်ရမဲ့ အချိန်ကို မရှိတော့ဘူး။ ဒီကြားထဲ မျက်လုံးထဲ ယားလို့ ဆေးခန်းသွားပြတာ မျက်လုံးထဲယင်ကောင်လေးတွေ ၀င်ဥ နေတာတဲ့ ဆရာဝန်က ထုတ်ပေးလိုက်ရတာ ၇ ကောင်တောင် တဲ့ ။
ဝဋ်ကြွေးရှိသမျှ ခံပေးဦးပေါ့ သမီးရေ……..
၂။ အပျိုကြီး မမဆွေ …..
တစ်ခါက အပျိုကြီးတစ်ယောက် ဗေဒင်လာမေးတယ်။ သူ့ကောင်လေးက ဖြတ်သွားလို့တဲ့ ။ ဆရာမက ပြတ်သွားတာ ကောင်းတယ်။ သူ့ကို ယူရင် အမ ဒုက္ခရောက်လိမ့်မယ်။ မယူသင့်ဘူး လို့ပြောလိုက်တယ်။ အဲဒါကို မရဘူး။ တစ်ခြားဆရာတစ်ယောက်နဲ့ သွာပီး ယတြာလုပ်ပြီး ရအောင်ယူတယ်။ ရသွားတယ်။ ကောင်လေးက ကျောက်စိမ်း အရောင်းအ၀ယ်လုပ်တာ ၇ှုံး ၊ အလိမ်ခံရ ၊ ကားဆက်ဆီဒန့်ဖြစ် နဲ့ အဲဒီ မမ က လိုက်ရှင်းပေးရ ၊ ပိုက်ဆံ ထုတ်ပေးရ နဲ့ စုထားတဲ့ ပိုက်ဆံ သိန်း ၂၀၀ လောက်လည်းကုန်ရော၊ကားလည်းရောင်းလိုက်ရရော….. မယူခင်တုန်းက ပြည့်ပြည့်စုံစုံ ယူပြီးတော့မှာ ကောင်လေးက လုပ်ပစ်လိုက်တာ သိန်း ၂၀၀ နဲ့ ကားတစ်စီး ကုန်ပြီ ငွေကြေး အဆင်မပြေဖြစ်သွားရော ….. အဲဒါလည်း မကွဲနိုင်ဘူး ။ ၀ဋ်ကြွေးမှ မကြေသေးတာကို ……..
၃။ အဲလို ဇာတ်လမ်းတွေ များကြီးပါပဲ ။ တစ်ချို့ဆို ဆင်းရဲတုန်းက ကိုယ်က အနစ်နာခံပြီး သူအောင်မြင်အောင်လုပ်ပေး ။ သူက အောင်မြင်လာလို့ ပြည့်စုံတော့မှာ မယားငယ်နေပြီးစိတ်ဆင်းရဲမှုတွေပေးတဲ့ အမျိုးသားတွေလည်းရှိပါတယ် ။ အဲလို လူမျိုးတွေကိုလည်း အဲဒီ
အမျိုးသမီးတွေက မကွာနိုင် မကွဲနိုင်ကြဘူး ။ ဘာကြောင့် ညာကြောင့် နဲ့ အကြောင်းပြချင်တွေ ပေးပြီး ဒုက္ခ ခံ ဆက်ပေါင်းနေကြတဲ့ အမျိုးသမီးတွေလည်းအများအပြားရှိကြပါတယ် ။
အဲဒါကြောင့် ကိုယ်က ဒီ တစ်ယောက်နဲ့ ဖူးစာပါတာလား ၊ ၀ဋ်ကြွေးဆပ်ဖို့လား ၊ ဆိုတာ ကို နှစ်ယောက်သား မွေးနေ့ သက္က၇ာဇ်နဲ့ ဇာတာတိုက်ကြည့်ရင် သိရှိနိုင်ပါတယ် ။ ဆရာမ ကတော့ ဇာတာမှာ မြင်တဲ့ အတိုင်းဟောပြော စစ်ဆေးပေးနေပါတယ် ။
အားလုံး အချစ်ရေး ကံကောင်းကြပါစေ လို့ ဆုတောင်းပေးရင်း …
ဆရာမ ကြာညိုသွယ် (Admin)
09 77 818 6010