
လေးစားစွာဖြင့်
ဒို့မြန်မာညွန့်
Photo : Min Yar
[Unicode]
ဂျပန်တွေလျှပ်စစ်လှေခါးကိုဘာ့ကြောင့် ဘယ်ဖက်ကိုကပ်ပြီးစီးကြတာလဲ?

ဂျပန်နိုင်ငံမှာ လျှပ်စစ်လှေခါးကိုဘယ်ဖက်ကပ်ပြီး တန်းစီစီးကြသတဲ့..
လှေခါးထစ်တွေမှာ ကြုံသလို ဟိုဖက်ကပ်တဲ့သူကကပ် ဒီဖက်ကပ်တဲ့သူကကပ် အလယ်မှာကားယားခွသူကခွ အဲလိုမစီးကြပါဘူးတဲ့..
ဘာပြုလို့လဲဆိုတော့ အချိန်ကိုလုပြီးသုတ်သီးသုတ်ပြာ အပြေးအလွှား သွားစရာရှိတဲ့သူတွေ သွားလို့ရအောင်ဆိုပြီး ညာဖက်ခြမ်း နေရာလွတ်ရှိအောင်တန်းစီပြီး စက်လှေခါးစီးကြပါတယ်။ အရေးကြီးတဲ့သူက ရွေ့လျားသွားနေတဲ့စက်လှေခါးပေါ်မှာ ပြေးတက်ပြေးဆင်းလုပ်နိုင်အောင် ဘယ်ဖက်ကပ်စီးကြပြီး ညာဖက်ခြမ်းကိုလွှတ်ထားကြတယ်လို့ မှတ်သားဖူးတာလေး တင်ပြလိုက်ကြောင်းပါခင်များ...
ဂျပန်လူမျိုးတို့ရဲ့စည်းကမ်းတွေထဲက သာဓကတစ်ခုဖြစ်ပါတယ်..
လေးစားစွာဖြင့်
ဒို့မြန်မာညွန့်
Photo : Min Yar