အီးစီးကရက္က ေပးတဲ့ က်န္းမာေရး ဆိုးက်ိဳး ၈ ခု - Kharann Media

Breaking

အီးစီးကရက္က ေပးတဲ့ က်န္းမာေရး ဆိုးက်ိဳး ၈ ခု



ေဆးလိပ္ ျဖတ္ခ်င္သူေတြ၊ ေဆး႐ြက္ႀကီးနဲ႔ ဖန္တီးတဲ့ ေဆးလိပ္ မေသာက္ခ်င္သူေတြ အတြက္ အီးစီးကရက္ (E-cigarrete) လို႔ ဆိုတဲ့ လွ်ပ္စစ္ စီးကရက္က အဆင္ေျပတယ္ လို႔ ဆိုႏိုင္ေပမယ့္ သူ႔မွာလည္း က်န္းမာေရးကို ထိခိုက္ေစမႈ အနည္းနဲ႔ အမ်ားေတာ့ ရွိတာပါပဲ။ ဒီေတာ့ အီးစီးကရက္ကိုလည္း ေရွာင္ႏိုင္မယ္ ဆိုရင္ ပိုေကာင္းမွာပါ။

အီးစီးကရက္ ဆိုတာ ဘာလဲ – အီးစီးကရက္ကို Vaporizer လို႔လည္း လူသိမ်ားပါတယ္။ ဘက္ထရီ အားကို သုံးၿပီး နီကိုတင္း၊ အေမႊးရနံ႔နဲ႔ ပါဝင္ ေဆးအရည္ေတြကို အေငြ႕ျဖစ္ေစတယ္၊ ေဆးလိပ္မီးခိုးလို လူကို ရႈရႈိက္ေစမယ့္ အေငြ႕ရေစတယ္ ေပါ့။ ၂၀၀၀ ျပည့္ႏွစ္ ဝန္းက်င္က ေဈးကြက္ စဝင္ လာတာပါ။ သူက က်န္းမာေရးကို ဘယ္လို ထိခိုက္မႈ ရွိေစႏိုင္ပါသလဲ။

ႏွလုံးကို ပုံမွန္ အလုပ္ မလုပ္ေစဘူး – အီးစီးကရက္မွာ ေဆး႐ြက္ႀကီး မပါဘူး ဆိုေပမယ့္ နီကိုတင္းကေတာ့ ပါေနဆဲပါ။ ဒီေတာ့ ပုံမွန္ ေဆးလိပ္ ေသာက္သူေတြလိုပဲ နီကိုတင္းေၾကာင့္ ျဖစ္တဲ့ ႏွလုံးနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။ Wisconsin တကၠသိုလ္က ေဆး႐ြက္ႀကီးဆိုင္ရာ ေလ့လာေရးနဲ႔ စမ္းသပ္ေရး ဌာနက မိုက္ကယ္ဖီယိုေရး (Michael Fiore) က နီကိုတင္းေၾကာင့္ ႏွလုံးခုန္ ျမန္ေစတယ္၊ ေသြးတိုးလို ေရာဂါေတြကို ျဖစ္ေစဖို႔လည္း အားေပးတယ္၊ ႏွလုံးကို ပုံမွန္ အလုပ္ လုပ္ေစႏိုင္မႈ နည္းေစတယ္ လို႔ ဆိုပါတယ္။ နီကိုတင္းဟာ ႏွလုံးရဲ႕ ဆဲလ္ေတြကိုလည္း ပ်က္စီးေစတာ ေတြ႕ရသလို ႏွလုံးေရာဂါ ျဖစ္ေစဖို႔ အားေပးတာ ေတြ႕လာရတာလည္း ျဖစ္ပါတယ္။

မ်က္လုံးေရာ အသက္ရႈလမ္းေၾကာင္းကိုပါ အားနည္းေစတယ္ – ကယ္လီဖိုးနီးယား တကၠသိုလ္က ၂၀၁၄ အတြင္း ေလ့လာခ်က္ တခု အရ ေဆးလိပ္မီးခိုးဟာ ကင္ဆာ ျဖစ္ေစမႈ အားေပးျခင္း အျပင္ မ်က္လုံးကိုေရာ အသက္ရႈ လမ္းေၾကာင္းကိုပါ အားနည္းေစတာ ေတြ႕လာရတယ္ လို႔ ဆိုပါတယ္။ အထူးသျဖင့္ေတာ့ ဗဟို အာ႐ုံေၾကာစနစ္ကို အားနည္းေစၿပီး သရက္႐ြက္ကိုလည္း ထိခိုက္မႈ ရွိေစတယ္ လို႔ဆိုပါတယ္။ အီးစီးကရက္ေတြဟာ အစပိုင္းမွာလည္း ေခါင္းကိုက္တာေတြ၊ ေအာ့အန္တာေတြ၊ မူးေဝတာေတြ ျဖစ္ေစႏိုင္တယ္ လို႔ ဆိုပါေသးတယ္။

အီးစီးကရက္ကလည္း စြဲလမ္းမႈကို ျဖစ္ေစတယ္ – ေဆးလိပ္ ျဖတ္ခ်င္သူေတြ အေနနဲ႔ အစားထိုး ေသာက္ဖို႔ အီးစီးကရက္ကို ဖန္တီးထားတာ ျဖစ္ေပမယ့္ အီးစီးကရက္ကလည္း စြဲလမ္းမႈ ရွိေစတယ္ လို႔ ဆိုပါတယ္။ ဦးေႏွာက္ အတြင္း စြဲလမ္းမႈ ေဟာ္မုန္း Dopamine ကို အီးစီးကရက္ကလည္း ထုတ္လႊတ္ေစၿပီး စြဲလမ္းလာ ေစတာပါ။ ေဆးလိပ္နဲ႔ အတူတူပဲ အဆိုပါ ေဟာ္မုန္း ထုတ္လုပ္မႈ တူညီၿပီး စြဲလမ္းမႈ ျဖစ္ေစတာ ျဖစ္ပါတယ္။

အီးစီးကရက္က အဆိပ္သင့္မႈလည္း ျဖစ္ေစႏိုင္တယ္ – မူးယစ္ေဆးေတြလိုပဲ နီကိုတင္းဓာတ္ ေသာက္သုံးမႈ မ်ားရင္ အဆိပ္သင့္ ေစႏိုင္ပါတယ္။ အီးစီးကရက္ထဲက နီကိုတင္းပါရွိ အရည္ကို ေသာက္မိရင္၊ အီးစီးကရက္ေသာက္တာ မ်ားရင္ အဆိပ္ျဖစ္ေစႏိုင္တာပါ။ အထူးသျဖင့္ ကေလးေတြ အနားမွာ အီးစီးကရက္ကိုေရာ သူ႔အတြက္ ထည့္သြင္း အသုံးျပဳရတဲ့ ေဆးရည္ကိုပါ အလြယ္တကူ မထားဖို႔ လိုအပ္ၿပီး မသိနားမလည္တဲ့ ကေလးအေနနဲ႔ ေသာက္မိရင္ အဆိပ္သင့္ေစမွာပါ။ အသက္ ဆုံးရႈံးသည္ အထိ ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

အီးစီးကရက္ဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစတယ္ – အထူးသျဖင့္ေတာ့ ဆယ္ေက်ာ္သက္ အ႐ြယ္ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈ အားေကာင္း၊ အားယူေနခ်ိန္မွာ အီးစီးကရက္ ေသာက္သုံးမယ္ ဆိုရင္ ဖြံ႕ၿဖိဳးမႈ အားနည္းေစပါလိမ့္မယ္။ အေနာက္ႏိုင္ငံေတြ မွာေတာ့ ၂၀၁၄ ခုႏွစ္က စာရင္းေတြ အရ ဆယ္ေက်ာ္သက္ တကၠသိုလ္ ေက်ာင္းသား ၁၃ ရာခိုင္ႏႈန္းက အီးစီးကရက္ ေသာက္တယ္ လို႔ ဝန္ခံထားပါတယ္။ သူတို႔ကို ေလ့လာခ်က္ အရ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ အားနည္းတာ ေတြ႕လာရတာလည္း ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္ အတြင္းက ေလ့လာခ်က္ တခု အရလည္း နီကိုတင္း ရႈသြင္းမႈက မွတ္ဉာဏ္ အလုပ္ လုပ္မႈနဲ႔ အာ႐ုံစူးစိုက္ႏိုင္မႈကို အားနည္းေစတယ္ လို႔ ေတြ႕ရွိထားပါတယ္။ စိတ္ဖိစီးမႈကို ပိုျဖစ္ေစသလို စိတ္မတည္ၿငိမ္မႈေတြ၊ စိတ္ဂနာမၿငိမ္မႈေတြကို အားေပးတယ္ လို႔ သိရပါတယ္။

အီးစီးကရက္ကလည္း ကင္ဆာ ျဖစ္ေစႏိုင္တာပဲ – ပုံမွန္ ေဆးလိပ္မွာလို Tar ေတြ Ammonia ေတြမပါတာက လြဲရင္ အီးစီးကရက္ မွာလည္း Formaldehyde မ်ားစြာ ပါဝင္ေနၿပီး သူကလည္း ကင္ဆာကို အားေပးတာေတြ႕ရတယ္ လို႔ ၂၀၁၅ ခုႏွစ္ အတြင္း ပို႔ဒ္တလန္းဒ္ျပည္နယ္ တကၠသိုလ္ရဲ႕ ေလ့လာခ်က္ အရ သိထားရပါတယ္။

အီးစီးကရက္ရဲ႕ ဘက္ထရီဟာ ေပါက္ကြဲႏိုင္တယ္ – အီးစီးကရက္မွာ အေသးစား Lithium-ion ဘက္ထရီ ထည့္ထား ပါတယ္။ ဖုန္းေတြ လက္ပေတာ့ေတြထဲ ဘက္ထရီစနစ္ အေသးစားေပါ့။ ဒီဘက္ရီကို ေဆးလိပ္ထဲမွာ အပူမ်ားမ်ား ေသာက္မိတာေတြ၊ အားအခ်ိန္ၾကာ သြင္းမိတာေတြေၾကာင့္ ေပါက္ကြဲေစႏိုင္တယ္ လို႔ ဆိုပါတယ္။ ၂၀၀၉ နဲ႔ ၂၀၁၄ အတြင္း အေမရိကန္ မီးသတ္ရဲ႕ စာရင္းေတြ အရ အီးစီးကရက္ ေပါက္ကြဲမႈ ၂၅ မႈ ျဖစ္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။ အီးစီးကရက္ ထုတ္လုပ္သူရဲ႕ လမ္းၫႊန္ခ်က္ အတိုင္း အားသြင္းဖို႔၊ စနစ္တက် သုံးဖို႔ သင့္တယ္ လို႔ သတိေပးထားတာလည္း ေတြ႕ရပါတယ္။

ေဆးလိပ္ျဖတ္ဖို႔ အီးစီးကရက္ပါ မသုံးဘဲ ျဖတ္တာ ပိုေကာင္းတယ္ – အမ်ားစုေသာ ေဆးလိပ္ ေသာက္သူေတြက ေဆးလိပ္ျဖတ္ဖို႔ အီးစီးကရက္ကို အစားထိုး အျဖစ္ သုံးဖို႔ သင့္တယ္ လို႔ ယူဆ လက္ခံၾကပါတယ္။ အဓိက အေနနဲ႔ေတာ့ အီးစီးကရက္မွာ ေဆး႐ြက္ႀကီး မပါလို႔ပါ။ တကယ္လည္း ေဆးလိပ္ ေသာက္တာထက္ေတာ့ အီးစီးကရက္က က်န္းမာေရး အတြက္ မဆိုးေစ ေပမယ့္ အခ်ိန္ၾကာ ေသာက္မယ္ ဆိုရင္ေတာ့ ဆိုးက်ိဳးေတြ ရွိလာႏိုင္မွာ လို႔ သတိေပးထားပါတယ္။        ။

Ref: www.rd.com | ခ်စ္ေဖ (ေတာင္တြင္းေျမ) | ဧရာ၀တီ



[Unicode]
အီးစီးကရက်က ပေးတဲ့ ကျန်းမာရေး ဆိုးကျိုး ၈ ခု



ဆေးလိပ် ဖြတ်ချင်သူတွေ၊ ဆေးရွက်ကြီးနဲ့ ဖန်တီးတဲ့ ဆေးလိပ် မသောက်ချင်သူတွေ အတွက် အီးစီးကရက် (E-cigarrete) လို့ ဆိုတဲ့ လျှ့ပ်စစ် စီးကရက်က အဆင်ပြေတယ် လို့ ဆိုနိုင်ပေမယ့် သူ့မှာလည်း ကျန်းမာရေးကို ထိခိုက်စေမှု အနည်းနဲ့ အများတော့ ရှိတာပါပဲ။ ဒီတော့ အီးစီးကရက်ကိုလည်း ရှောင်နိုင်မယ် ဆိုရင် ပိုကောင်းမှာပါ။

အီးစီးကရက် ဆိုတာ ဘာလဲ – အီးစီးကရက်ကို Vaporizer လို့လည်း လူသိများပါတယ်။ ဘက်ထရီ အားကို သုံးပြီး နီကိုတင်း၊ အမွှေးရနံ့နဲ့ ပါဝင် ဆေးအရည်တွေကို အငွေ့ဖြစ်စေတယ်၊ ဆေးလိပ်မီးခိုးလို လူကို ရှုရှိုက်စေမယ့် အငွေ့ရစေတယ် ပေါ့။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က ဈေးကွက် စဝင် လာတာပါ။ သူက ကျန်းမာရေးကို ဘယ်လို ထိခိုက်မှု ရှိစေနိုင်ပါသလဲ။

နှလုံးကို ပုံမှန် အလုပ် မလုပ်စေဘူး – အီးစီးကရက်မှာ ဆေးရွက်ကြီး မပါဘူး ဆိုပေမယ့် နီကိုတင်းကတော့ ပါနေဆဲပါ။ ဒီတော့ ပုံမှန် ဆေးလိပ် သောက်သူတွေလိုပဲ နီကိုတင်းကြောင့် ဖြစ်တဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ Wisconsin တက္ကသိုလ်က ဆေးရွက်ကြီးဆိုင်ရာ လေ့လာရေးနဲ့ စမ်းသပ်ရေး ဌာနက မိုက်ကယ်ဖီယိုရေး (Michael Fiore) က နီကိုတင်းကြောင့် နှလုံးခုန် မြန်စေတယ်၊ သွေးတိုးလို ရောဂါတွေကို ဖြစ်စေဖို့လည်း အားပေးတယ်၊ နှလုံးကို ပုံမှန် အလုပ် လုပ်စေနိုင်မှု နည်းစေတယ် လို့ ဆိုပါတယ်။ နီကိုတင်းဟာ နှလုံးရဲ့ ဆဲလ်တွေကိုလည်း ပျက်စီးစေတာ တွေ့ရသလို နှလုံးရောဂါ ဖြစ်စေဖို့ အားပေးတာ တွေ့လာရတာလည်း ဖြစ်ပါတယ်။

မျက်လုံးရော အသက်ရှုလမ်းကြောင်းကိုပါ အားနည်းစေတယ် – ကယ်လီဖိုးနီးယား တက္ကသိုလ်က ၂၀၁၄ အတွင်း လေ့လာချက် တခု အရ ဆေးလိပ်မီးခိုးဟာ ကင်ဆာ ဖြစ်စေမှု အားပေးခြင်း အပြင် မျက်လုံးကိုရော အသက်ရှု လမ်းကြောင်းကိုပါ အားနည်းစေတာ တွေ့လာရတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ဗဟို အာရုံကြောစနစ်ကို အားနည်းစေပြီး သရက်ရွက်ကိုလည်း ထိခိုက်မှု ရှိစေတယ် လို့ဆိုပါတယ်။ အီးစီးကရက်တွေဟာ အစပိုင်းမှာလည်း ခေါင်းကိုက်တာတွေ၊ အော့အန်တာတွေ၊ မူးဝေတာတွေ ဖြစ်စေနိုင်တယ် လို့ ဆိုပါသေးတယ်။

အီးစီးကရက်ကလည်း စွဲလမ်းမှုကို ဖြစ်စေတယ် – ဆေးလိပ် ဖြတ်ချင်သူတွေ အနေနဲ့ အစားထိုး သောက်ဖို့ အီးစီးကရက်ကို ဖန်တီးထားတာ ဖြစ်ပေမယ့် အီးစီးကရက်ကလည်း စွဲလမ်းမှု ရှိစေတယ် လို့ ဆိုပါတယ်။ ဦးနှောက် အတွင်း စွဲလမ်းမှု ဟော်မုန်း Dopamine ကို အီးစီးကရက်ကလည်း ထုတ်လွှတ်စေပြီး စွဲလမ်းလာ စေတာပါ။ ဆေးလိပ်နဲ့ အတူတူပဲ အဆိုပါ ဟော်မုန်း ထုတ်လုပ်မှု တူညီပြီး စွဲလမ်းမှု ဖြစ်စေတာ ဖြစ်ပါတယ်။

အီးစီးကရက်က အဆိပ်သင့်မှုလည်း ဖြစ်စေနိုင်တယ် – မူးယစ်ဆေးတွေလိုပဲ နီကိုတင်းဓာတ် သောက်သုံးမှု များရင် အဆိပ်သင့် စေနိုင်ပါတယ်။ အီးစီးကရက်ထဲက နီကိုတင်းပါရှိ အရည်ကို သောက်မိရင်၊ အီးစီးကရက်သောက်တာ များရင် အဆိပ်ဖြစ်စေနိုင်တာပါ။ အထူးသဖြင့် ကလေးတွေ အနားမှာ အီးစီးကရက်ကိုရော သူ့အတွက် ထည့်သွင်း အသုံးပြုရတဲ့ ဆေးရည်ကိုပါ အလွယ်တကူ မထားဖို့ လိုအပ်ပြီး မသိနားမလည်တဲ့ ကလေးအနေနဲ့ သောက်မိရင် အဆိပ်သင့်စေမှာပါ။ အသက် ဆုံးရှုံးသည် အထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အီးစီးကရက်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ် – အထူးသဖြင့်တော့ ဆယ်ကျော်သက် အရွယ် ဦးနှောက် ဖွံ့ဖြိုးမှု အားကောင်း၊ အားယူနေချိန်မှာ အီးစီးကရက် သောက်သုံးမယ် ဆိုရင် ဖွံ့ဖြိုးမှု အားနည်းစေပါလိမ့်မယ်။ အနောက်နိုင်ငံတွေ မှာတော့ ၂၀၁၄ ခုနှစ်က စာရင်းတွေ အရ ဆယ်ကျော်သက် တက္ကသိုလ် ကျောင်းသား ၁၃ ရာခိုင်နှုန်းက အီးစီးကရက် သောက်တယ် လို့ ဝန်ခံထားပါတယ်။ သူတို့ကို လေ့လာချက် အရ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းတာ တွေ့လာရတာလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းက လေ့လာချက် တခု အရလည်း နီကိုတင်း ရှုသွင်းမှုက မှတ်ဉာဏ် အလုပ် လုပ်မှုနဲ့ အာရုံစူးစိုက်နိုင်မှုကို အားနည်းစေတယ် လို့ တွေ့ရှိထားပါတယ်။ စိတ်ဖိစီးမှုကို ပိုဖြစ်စေသလို စိတ်မတည်ငြိမ်မှုတွေ၊ စိတ်ဂနာမငြိမ်မှုတွေကို အားပေးတယ် လို့ သိရပါတယ်။

အီးစီးကရက်ကလည်း ကင်ဆာ ဖြစ်စေနိုင်တာပဲ – ပုံမှန် ဆေးလိပ်မှာလို Tar တွေ Ammonia တွေမပါတာက လွဲရင် အီးစီးကရက် မှာလည်း Formaldehyde များစွာ ပါဝင်နေပြီး သူကလည်း ကင်ဆာကို အားပေးတာတွေ့ရတယ် လို့ ၂၀၁၅ ခုနှစ် အတွင်း ပို့ဒ်တလန်းဒ်ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက် အရ သိထားရပါတယ်။

အီးစီးကရက်ရဲ့ ဘက်ထရီဟာ ပေါက်ကွဲနိုင်တယ် – အီးစီးကရက်မှာ အသေးစား Lithium-ion ဘက်ထရီ ထည့်ထား ပါတယ်။ ဖုန်းတွေ လက်ပတော့တွေထဲ ဘက်ထရီစနစ် အသေးစားပေါ့။ ဒီဘက်ရီကို ဆေးလိပ်ထဲမှာ အပူများများ သောက်မိတာတွေ၊ အားအချိန်ကြာ သွင်းမိတာတွေကြောင့် ပေါက်ကွဲစေနိုင်တယ် လို့ ဆိုပါတယ်။ ၂၀၀၉ နဲ့ ၂၀၁၄ အတွင်း အမေရိကန် မီးသတ်ရဲ့ စာရင်းတွေ အရ အီးစီးကရက် ပေါက်ကွဲမှု ၂၅ မှု ဖြစ်ခဲ့တာ တွေ့နိုင်ပါတယ်။ အီးစီးကရက် ထုတ်လုပ်သူရဲ့ လမ်းညွှန်ချက် အတိုင်း အားသွင်းဖို့၊ စနစ်တကျ သုံးဖို့ သင့်တယ် လို့ သတိပေးထားတာလည်း တွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ဖို့ အီးစီးကရက်ပါ မသုံးဘဲ ဖြတ်တာ ပိုကောင်းတယ် – အများစုသော ဆေးလိပ် သောက်သူတွေက ဆေးလိပ်ဖြတ်ဖို့ အီးစီးကရက်ကို အစားထိုး အဖြစ် သုံးဖို့ သင့်တယ် လို့ ယူဆ လက်ခံကြပါတယ်။ အဓိက အနေနဲ့တော့ အီးစီးကရက်မှာ ဆေးရွက်ကြီး မပါလို့ပါ။ တကယ်လည်း ဆေးလိပ် သောက်တာထက်တော့ အီးစီးကရက်က ကျန်းမာရေး အတွက် မဆိုးစေ ပေမယ့် အချိန်ကြာ သောက်မယ် ဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာနိုင်မှာ လို့ သတိပေးထားပါတယ်။        ။

Ref: www.rd.com | ချစ်ဖေ (တောင်တွင်းမြေ) | ဧရာ၀တီ