Marvel ရဲ့လျှို့ဝှက်ချက်တွေကာကွယ်ဖို့ Avengers: Infinity War ဇာတ်ညွှန်းကို မီးရှို့ခဲ့တဲ့ Tom Holland - Kharann Media

Breaking

Marvel ရဲ့လျှို့ဝှက်ချက်တွေကာကွယ်ဖို့ Avengers: Infinity War ဇာတ်ညွှန်းကို မီးရှို့ခဲ့တဲ့ Tom Holland



Marvel ရဲ့ တံခါးမှူးဖြစ်တဲ့ Spider-Man အသစ်စက်စက် Tom Holland က ဇာတ်လမ်းအချက်အလက်တွေ မပေါက်ကြားရအောင် ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ချထားပြီး သူကိုယ်တိုင် Avengers: Infinity War ဇာတ်ညွှန်းကို မီးရှို့လိုက်တာကို ရိုက်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

“စည်းကမ်းချက် နံပါတ် ၁… ဇာတ်ညွှန်းကို ပြန်အပ်ပါ” လို့ ရေးသားထားပြီး Instagram မှာတင်ခဲ့ပါတယ်။ “Marvel က အရာအားလုံးကို လျှို့ဝှက်ထားချင်တယ်။ ဒီတော့ ကျွန်တော်က ဇာတ်ညွှန်းကို ပြန်အပ်ဖို့မေ့သွားလို့ အလန့်တကြားဖြစ်နေတဲ့ ပရိုဂျူဆာတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖျက်စီးလိုက်ပြီဆိုတာ သက်သေပြတာပါ” လို့ ဗီဒီယိုထဲမှာ ပြောပြထားပါတယ်။

Holland က သူ ခေါင်းဆောင်ပါဝင်ထားတဲ့ Spider-Man: Homecoming (ဇူလိုင် ၇ ရက်တွင် ရုံတင်မည်) ကို ရိုက်ကူးပြီးစီးပြီးနောက် လက်ရှိမှာ အတ္တလန်တာမြို့က Pinewood Studios မှာ Avengers: Infinity War ကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ရိုက်ကူးရေစတင်ခါစက online မှာတင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ Holland ကို Robert Downey Jr. (Iron Man) နှင့် Chris Pratt (Star-Lord) တို့ဘေးမှာရပ်နေပြီး Avengers တွေက Guardians of the Galaxy နှင့် Mad Titan Thanos (Josh Brolin) တို့ကို တွေ့ဆုံရမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

Holland က Captain America: Civil War မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ပါဝင်ခဲ့ရစဉ်က အင်တာဗျူးတွေမှာ ဇာတ်လမ်းရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ထုတ်ပြောမိမှာ စိုးရိမ်တဲ့အတွက် ကျန်တဲ့ဇာတ်ညွှန်းတွေကို ဆက်မဖတ်ဘဲနေချင်တယ်လို့ SiriusXM’s Entertainment Weekly Radio ကို ပြောပြခဲ့ဖူးပါတယ်။

 “Marvel က ကျွန်တော့်ကို ဇာတ်ညွှန်းဖတ်ဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ “မဖတ်ချင်ဘူး” လို့ပဲ ပြန်ပြောခဲ့ပါတယ်။ အင်တာဗျူးတွေအများကြီး လုပ်ရမှာဆိုတော့ လျှို့ဝှက်ချက်တွေ ထုတ်ပြောမိနိုင်တယ်လေ။ ကျွန်တော်က ပါးစပ်ဖွာတယ်လေ။ ဒါကြောင့် ဇာတ်လမ်းအကြောင်းက ဘာဖြစ်မယ်ဆိုတာ ကျွန်တော် တကယ်မသိပါဘူး” လို့ဖြေခဲ့ပါတယ်။

Netflix ဇာတ်လမ်းတွဲဖြစ်တဲ့ Marvel’s Luke Cage အဖြစ်သရုပ်ဆောင်တဲ့ Mike Colter ကလည်း လျှို့ဝှက်ချက်ကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားတာကြောင့် သူ့ဇာတ်ကောင်အကြောင်းကို “စာကြောင်း ၃ ကြောင်းစီကို တစ်ခါ” လေ့လာရတယ်လို့ အရွှမ်းဖောက်ခဲ့ဖူးပါတယ်။

“နောက်ပိုင်းနည်းနည်းကြာတော့ ဇာတ်ညွှန်းကို ကွန်ပြူတာထဲမှာ ထည့်ထားတယ်။ ဒီတော့ တစ်ခုခုလုပ်ချင်ရင် လက်ဗွေရာရယ် တံတွေးနမူနာလေးရယ်ကို ထည့်ရတယ်။ ကွန်ပြူတာဖွင့်ချင်ရင် အဲ့ဒီလိုလုပ်ရတယ်။ ပြီးတော့ ၁၀ စက္ကန့်လောက် ပစ်ထားလိုက်ရင် ပြန်ပိတ်သွားပြီးတော့ အစက ပြန်လုပ်ရပြန်ရော” လို့ Conan O’Brien ကို ပြောပြခဲ့ပါတယ်။


( RII )
#celebrity.thithtoolwin.com