ပုစွန်ပြောင်းဖူးကြော် - Kharann Media

Breaking

ပုစွန်ပြောင်းဖူးကြော်



ပါဝင်ပစ္စည်းများ
  • ပုစွန် ၂၀သား
  • ငါးဖယ် ၅ကျပ်သား
  • ပြောင်းဖူး ၂ဖူး
  • ကြက်ဥ ၁လုံး
  • ဆား အနည်းငယ်
  • သကြား
  • ငရုတ်ကောင်း
  • နှမ်းဆီမွှေး ၄-၅စက်
  • ကော်မှုန့် ၂ဇွန်း
  • ပဲအနောက်ရည် ၂-၃ စက်

ပြုလုပ်နည်း
  • ပုစွန်ကို အခွံခွာ ဂျီးထုတ် ရေဆေး ရေစစ်ထားပြီးထောင်းထားပါ။
  • ငါးဖယ်ကို အရိုးစစ်ပါ။
  • ပြောင်းဖူးကို ဓားနှင့် အပေါ်ယံလှီးပါ။
  • ဇလုံး တစ်ခုထဲတွင် ပုစွန်၊ ငါးဖယ်၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ဂျင်းအရည်ညှစ်၊ ဆား၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေး၊ ကြက်ဥအကာ ထည့်၍ ရောမွှေပါ။
  • အပြားလေးများလုပ်၍ ရေခဲသေတ္တာထဲ ၁-၂ နာရီခန့်ထည့်ထားပါ။
  • ဆီပူပူမှာ မီးအနေတော်ဖြင့် ထည့်၍ ရွှေရောင်သန်းသည်အထိကြော်ပြီး ဆီစစ်ပါ။ ဆီစစ် စက္ကူဖြင့် စစ်၍ ကြိုက်နှစ်သက်ရာအချဉ်ဖြင့် သုံးဆောင်နိုင်ပါပြီ။

source : ချက်ကြည့်ကြစို့