လူခြောက် ဆိုတာ - Kharann Media

Breaking

လူခြောက် ဆိုတာ


ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ဒဏ္ဍာရီလာ သတ္တဝါ ဆိုတာ အတော်များများရှိကြပါတယ်။ ရုပ်ရှင်တွေထဲမှာ ကတော့ ပိုတောင်ဆိုးပါတယ်။ 0Z လို ကားမျိုး ဟယ်ရီပေါ်တာလို ကားမျိုးတွေထဲမှာဆိုလည်း ဘာမှန်းတောင်မသိနိုင်တဲ့ သတ္တဝါ တွေတွေ့ရတတ်ပါတယ်...။ အချို.ကတော. လုံးဝစိတ်ကူးယဉ် သက်သက်... အချို့ကတော့ ရှိပြီးသားအကောင်တွေကိုပုံစံပြောင်း.. အချို့ကတော့ တကယ်ရှိသလို.. မရှိသလို အကောင်တွေပါ။

မြန်မာနိုင်ငံမှာလည်း ဒဏ္ဍာရီလာ သတ္တဝါတွေ ရှိနေတာပါပဲ...။ ပြင်ပမှာ လုံးဝမရှိနိုင်တဲ့ တိုးနယားလိုမျိုး... ပဉ္စရူပ လိုမျိုးအကောင်တွေရှိသလို ရှိ/မရှိ သေချာမသိရတဲ့ ဘီလူး..နဂါး..ဂဋ္ဌုန် စတာတွေကလည်း မျိုးပဲပြတ်သွားတာလား ...ဆိုတာမသိရပါဘူး။


ဒီထဲမှာမှ အတော်များများရှိတယ်လို့လက်ခံထားပြီး သေချာမတွေ့ဖူးကြတာကတော့ လူခြောက် ပဲ ဖြစ်ပါ တယ်။ သူနဲ့ပတ်သက်လို့ဘာသာရေးဆိုင်ရာအမြင် တစ်ခုကတော့ လူခြောက်-ဟူသည် ဘုံဘ၀ တစ်မျိုးမှ သတ္တဝါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘဝ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း 
အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

ဥပမာ-တေဇောဓာတ် လွန်ကဲမှုကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၎င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့်)တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာ ပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၎င်းလူသားလောင်းကလေးမှ ဘဝပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိက ပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၎င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အယောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၎င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာ၀ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ (အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ်စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဆရာဝန် တစ်ယောက်လည်းဖြစ်၊ ဘာသာရေးဗဟုသုတ လည်းရှိသူတစ်ဦးကတော့ ဒီလိုပြောပါတယ်..

လူခြောက်ဆိုတာ Intra Uterine Foetal Death ခေါ်တဲ့ သားအိမ်တွင်းမှာ အင်္ဂါစုံပြီးမှ သေသွားတဲ့ ကလေးပါ။ နဂိုက အသားနည်းပါးတဲ့ထဲမှာ calcium များနေတဲ့အခါ မပုပ်မသိုးလေးရှိနေတတ်ပါတယ်။ အိပ်မက်ပေးတယ် ပစ္စည်းခိုးပေးတယ် ဆိုတာတွေကတော့ အဲဒီ အလောင်းကောင်လေးမှာ တွယ်နေ တဲ့ ဝေမာနိက ပြိတ္တာ ဘဝပါ။ သူ့မှာ ကမ္မဇိဒ္ဓိခေါ်တဲ့ ကံကြောင့်ရတဲ့ အစွမ်းလေးရှိခဲ့ရင် အိပ်မက်ပေးတာပစ္စည်းခိုးတာ လုပ်တတ်ပါတယ်။

ကျွန်မတို့ အမျိုး ပုသိမ်က မိသားစု တစ်စုမှာ လူခြောက်လေး ၂ ယောက် မွေးထားတာ ကိုယ်တိုင် တွေ့ဖူး ပါတယ်။

ဒါကတော့ လူခြောက်မွေးဖွားခဲ့ကြောင်း သတင်းလေးတစ်ပုဒ်ပါ..


သူနဲ့ပတ်သက်လို့ ကောင်းသည် ဆိုးသည် ဝေဖန်မှုတွေ ရှိသည်/မရှိပါ ငြင်းခုန်မှုတွေကတော့ အတော်များများ ရှိနေပေမယ့် မြင်ဖူးသူတွေက မြင်ဖူးကြသလို ရှိနေသူတွေကလည်း သိုသိုဝှက်ဝှက် ဂရုတစိုက်ထားကြတာကြောင့် ကောင်းတာတွေရှိတယ်လို့ပဲယူဆရပါမယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ ၁၉၉၃ လောက်ကတွေ့ဖူးပါတယ်။ ဆိုင်လေးတစ်ဆိုင်ဆီကို အရောင်း အဝယ်ကောင်းအောင်ခဏ ပေးလိုက်လို့ လူတစ်ယောက်ကယူလာတာပါ။ ကျေးဇူးလည်းရှိ မကင်းရာ မကင်းကြောင်းမို့ တစ်ရက်ပေးလိုက်တာပါ.။ သစ်သားသေတ္တာ အပြားလေးထဲကို ကတ္တီပါ အနီစလေး ခင်းထားပြီး ပေါင်ဒါမှုန့်တွေဖြူးထားတဲ့ တကယ့်လူပုံစံ တစ်မိုက်သာသာ လေးပါ။ ခုပြန်စဉ်းစားကြည့်တော့ ပုံဖော်လို့တော့မရတော့ပါဘူး...။


ကျွန်တော့်အမြင်ကတော့အသုံးပြုသူပေါ်မှာပဲ ကောင်းခြင်း မကောင်းခြင်းက မူတည်ပါလိမ့်မယ်...

Source ; လူခြောက်အကြောင်းသိကောင်းစရာ @ www.shwemyotaw.com
လူခြောက်လေးမွေးဖွား @ mandalaygazette.com
Photo by Mg Kyaw @ Facebook