ဘရိတ်စနစ်စစ်ဆေးခြင်း - Kharann Media

Breaking

ဘရိတ်စနစ်စစ်ဆေးခြင်း



ဘရိတ်စနစ်သည် မော်တော်ယာဉ်တစ်စီး၌ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ဘရိတ်ပေါက်၍၊ ဘရိတ်မမိတော့၍ ယာဉ်တိုက်မှုသတင်းများ မကြာခဏကြားနေရသည်။ လမ်းပေါ်တွင် မောင်းနှင်သွားလာနေသော မော်တော်ယာဉ်တစ်စီးသည် အရေးပေါ်အခြေအနေအမျိုးမျိုး၌ ရွေ့လျားနေသော အရှိန်ကိုရပ်တန့်ရန် ဘရိတ်စနစ်တစ်ခုလုံး ထိရောက်ကောင်းမွန်ရမည်။ ယာဉ်မောင်းသူသည် စိတ်တိုင်းကျဘရိတ်မဖမ်းနိုင်ပါက လမ်းပေါ်တွင်ရှိသော အခြားကားများနှင့် လမ်းဖြတ်ကူးသူများကို ဝင်တိုက်နိုင်သည်။
ဘရိတ်စနစ်ကောင်းမွန်နေရေးသည် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူ၏ တာဝန်ဖြစ်သည်။ ဘရိတ်မကောင်းသည်ကိုသိလျှင်ချက်ချင်း ပြုပြင်ရမည်။
မှေးမောင်းထားဦး နောက်မှပြင်မယ်" ဆို၍မရပါ။ ဘရိတ်ကောင်းကောင်းမမိသော၊ ချို့ယွင်းချက်ရှိသော ကားတစ်စီးသည် လမ်းပေါ်တွင်ရွေ့လျားနေပါက အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့်တူပါသည်။

အဖြစ်များသောဘရိတ် ပြဿနာများ
- ဘရိတ်ဖမ်းလျှင် ရှူးခြမ်း အသံ မြည်ခြင်း
- ဘရိတ်နင်းလိုက်လျှင် ခြေနင်းတံ (Paddle) အောက်ခြေနားရောက် မှမိခြင်း
- ဘရိတ်နင်းရသည်မှာ ပျော့လွန်းနေခြင်း
- တစ်ချက်တည်းနင်းလျှင်မမိ၍ ထပ်ခါထပ်ခါတော့နင်းနေရခြင်း
- ဘရိတ်ချောနေခြင်း
- ခြေနင်းတံနင်းလိုက်လျှင် တုန်ခါမှုကို ခြေဖျားတွင်ခံစားမိနိုင်ခြင်း
- ဘရိတ်ခြေနင်းတံ အပေါ်ဆုံးသို့ ရောက်နေခြင်း
- ဘီးတစ်ဖက်ဖက်တွင် ဘရိတ်ငြိပြီး ညှော်နံ့ထွက်လာခြင်း
- ဘရိတ်နင်းလျှင် ကားတစ်ဖက်သို့ ဆွဲသွားခြင်း
- ဘရိတ်ခြေနင်းတံနင်းရသည်မှာ မာလွန်းနေခြင်း
- ဘရိတ်ခြေနင်းတံနင်းလိုက်လျှင် ဆာဗိုယူနစ်မှ လေချွန်သံထွက်ခြင်း
- (Wheel Cylinder)ဘီးဆလင်ဒါမှ ဘရိတ်ဆီများယိုစိမ့်နေခြင်း
- ဘရိတ်ပိုက်ပျော့မှ ဘရိတ်ဆီယို စိမ့်ခြင်း
- ဘရိတ်လေခိုနေခြင်း
- မာစတာဘရိတ်ဆုံတွင် ဘရိတ်ဆီ မကြာခဏလျော့နည်း၍ ထပ်ဖြည့်နေရခြင်း
- ဘရိတ်ရှူးခြမ်းများပါးလွန်းနေခြင်း
- ဒစ်ဘရိတ် Pad မှ ရှူးလိုင်နာပါး လွန်းနေခြင်း
- ဘရိတ်ရှူးခြမ်းများ ဝေးလွန်းနေခြင်း
- ဘရိတ်ဝါရှာပေါက်ခြင်း
- ဘရိတ်ဒရမ်များတစ်ခြမ်းစောင်းစားနေခြင်း
- ဒစ်ဘရိတ်တွင် ဒစ်ပြားမျက်နှာပြင်၌ အစင်းလိုင်းများပေါ်နေခြင်း
- နောက် Drive Shaft မှ ဝိုင်းဆီးပေါက်၍ ကရောင်းဝိုင်များယိုစိမ့် ပြီး ဘရိတ်ချောခြင်း
- Back Plate အထိုင် Nut များ ချောင်နေ၍ ဘရိတ်နင်းလိုက်လျှင် အသံထွက်ခြင်း
- ဒစ်ဘရိတ်တွင် ဘရိတ်ကလစ်ပအထိုင် Nut ချောင်၍ အသံထွက်ခြင်း
- ဘရိတ်ပိုက်အဆက်များမှ ဆီယိုစိမ့်ခြင်း
- ဒစ်ဘရိတ်ငြိနေခြင်း
- ဘရိတ်ဆာဗိုမူမမှန်ခြင်း
- ဆာဗိုအိုးထဲသို့ဘရိတ်ဆီများ ရောက်နေခြင်း
- Vaccum Pump လေဆွဲအားမကောင်း၍ ဆာဗိုယူနစ် ကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်း
အထက်ပါအချက်များသည် ဘရိတ်စနစ်တွင် ဖြစ်တတ်သောပြဿနာများဖြစ်ပါသည်။ မူမမှန်သော အထက်ပါဘရိတ်ပြဿနာများသည် ဘရိတ်စနစ်ချို့ယွင်းသော လက္ခဏာများဖြစ်သည်။

Credit - Car Check
မင်းသစ်ထူး (စက်မှု) (ဆောင်းပါး)