Sex_Chat‬ (သို့) မိန်းမအများစု Suicide လုပ်သော အချက်များထဲက အဆိုးဆုံးအချက် - ပျိုပျို အိုအို အမျိုးသမီးတိုင်း ဖတ်သင့်သည် - Kharann Media

Breaking

Sex_Chat‬ (သို့) မိန်းမအများစု Suicide လုပ်သော အချက်များထဲက အဆိုးဆုံးအချက် - ပျိုပျို အိုအို အမျိုးသမီးတိုင်း ဖတ်သင့်သည်


ဖတ်ချင်မှလည်းဖတ်ပါ မဖတ်ချင်လည်း မဖတ်ပါနဲ့။ ကိုယ်နဲ့မဆိုင်ဘူးလို့သတ်မှတ်ရင် တစ်ချိန်ချိန်မှာ ကိုယ်တိုင်ကြုံမှ ခံစားပါ။ အခုနောက်ပိုင်း ကြီးမှန်းမသိကြီးလာတဲ့ ပြသနာတွေထဲ Sex Chat လည်းပါတယ်။
Social Network ကြောင့် မိန်းကလေးတွေသေဆုံးရ ဘဝပျက်ရတဲ့ အချက်တွေထဲ ဒီ Sex Chat လည်း ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ဒီပြသနာဟာ သိပ်ဖြေရှင်းရမခက်ပေမယ့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲလား မဖွံ့ဖြိုးသေးတာလားမသိတဲ့ နိုင်ငံတွေနဲ့ တခြား Cyber Law တွေ မဖွံ့ဖြိုး မထိရောက်သေးတဲ့ နိုင်ငံတွေမှာတော့ ဒီပြသနာဟာ တော်တော်ဆိုးကျိုးကြီးမားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမူရေးနဲ့ဆိုင်တဲ့ Social Network တွေကို Cyber Law နဲ့ ထိန်းချုပ်ထားပါတယ်။ Sex Chat ဖို့မပြောနဲ့ အပြာကားတွေ Down ရင်၊ ကြည့်ရင်တောင် အဖမ်းခံရတဲ့ အနေအထားတွေကြားဖူးကြမှာပါ။ တရားဝင် ID တင်ထားတဲ့ page တွေကလွဲရင် တခြား ဘယ်လို ကြည့်ကြည့်၊ Down Down ဖမ်းပါတယ်။ ဂျပန်လို Sex Case အများဆုံးနိုင်ငံ၊ အပြာစာအုပ်အထုတ်ဆုံး၊ ကမ္ဘာ့အပြာကား ၃၅% ထွက်တဲ့ နိုင်ငံမျိုးမှာတောင် Cyber Law တွေ ရှိပါတယ်။ မြန်မာမှာ Cyber Law မရှိပါဘူး။ ရှိတဲ့ Cyber Law တွေကလည်း အလုပ်မလုပ်တဲ့ စာအုပ်ထဲမှာရှိတဲ့ ဥပဒေတွေပါ။ ဒါကလည်း အပြစ်ပြောလို့မရပါဘူး။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတိုင်း ခံစားနေရတဲ့ပြဿနာပါ။
Sex Chat ဘာတုန်း၊ Sex Chat တချို့သိချင်မှလည်းသိမယ်။ မသိချင်လည်း မသိဘူး၊ စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမယ်။ ငါနဲ့မှ မဆိုင်တာဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ငါမှမလုပ်တာ လို့ သတ်မှတ်ချင် မှတ်မယ်။ ယောကျာ်းတွေနဲ့တော့ မဆိုင်ပေမယ့် Sex Chat ကြောင့် ကမ္ဘာမှာ နေ့စဉ် မိန်းကလေး အယောက် ၁၀၀ ကျော် ကိုယ့်ကိုယ်ကို သတ်သေနေပါတယ်။ မိန်းကလေးထောင်ချီ ခြိမ်းခြောက်ခံနေရပါတယ်။ မိန်းကလေး ထောင်ချီ အရှက်တကွဲအကျိုးနဲနဲ့ဒူးနဲ့မျက်ရည်သုတ်နေရပါတယ်။ ဒီထဲမှာ Asia ကအဆိုးဆုံးပါ။ ပြောရရင်အရှက်တရားကြီးမားတဲ့ မိန်းမတွေများတဲ့နိုင်ငံတွေမှာ အဆိုးဆုံး ရင်ဆိုင်နေရပါတယ်။
ဘာလဲ Sex_Chat ဘယ်လိုဟာကို Sex_Chat လို့ခေါ်လဲ။ မြန်မာအနေနဲ့ပဲ ပြောကြတာပေါ့။ မနေ့ တစ်နေ့ကမှ facebook သုံးကြ၊ facebook မှာဘယ်လို ဟာတွေရှိတယ်။ ဘယ်လိုပြဿနာတွေရှိတယ်။ ဘယ်လိုကောင်တွေရှိတယ်။ ဘယ်လို အန္တရာယ်တွေ ရှိတယ်ဆိုတာကို မသိကြဘူး။ မနေ့တစ်နေ့က သုံးတဲ့ လူကိုထား ၄၊ ၅နှစ် fb သုံးဖူးတဲ့ မိန်းကလေးတွေတောင် ဒီပြဿနာကိုကြုံဖူးကြမှာပါ။ တချို့လည်း ဘဝပျက်တဲ့အထိ ခံခဲ့ကြဖူးမှာပါ။

Sex Chat ဆိုတာ …
account အစစ်၊ ပုံ အစစ်တွေမဟုတ်ဘဲ Fake acc တွေ၊ Real acc ဖြစ်ပြီး ph no / လိပ်စာ ဘယ်သူ ဘယ်ဝါဆိုတာ မတင်ထားကြတဲ့ကောင်တွေ၊ မိန်းကလေး နာမည် မိန်းကလေးပုံ နဲ့Fake Acc တွေ၊ တခြား မထင်ထားတဲ့ acc ပေါင်းများစွာက မိန်းကလေးတွေကို ခင်မင်အောင် အရင်လုပ်ပြီး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ လုပ်တာကို ခေါ်တာပါ။ ခက်တာက မြန်မာက fb သုံးတဲ့ မိန်းမအများစုကကြောက်တတ်၊ ရှက်တတ်လိုက်တာလည်း သူတို့၊ ဘုမသိဘမသိ ဖော်ရွေအားနာတတ်တာလည်းသူတို့။

တချို့ Fb Normal User တွေက သူတို့က cb ကနေ စကားလာပြောရင် အားနားပြီး စကားပြန်ပြော ကြတယ်။ မိန်းကလေးအကောင့်ဖြစ်စေ ယောကျာ်းလေးအကောင့်ဖြစ်စေပေါ့။ အားနာပြီးပြောတာ ပြဿနာ မဟုတ်ပေမယ့် ဘာမှမသိ ဘယ်သူမှန်းမသိဘဲ စကားတွေများ အပြန်အလှန်ပြောကြ စကားတွေကျွံပြီးနောက်ဆုံး Sex_Chat ရဲ့ သားကောင်ဖြစ်သွားကြရော။ Sex_Chat ရဲ့ လူယုတ်မာတွေက ဘယ်လိုစလဲ။
၁။ ကိုယ့်ကိုစကားလာပြောမယ်။
၂။ ခင်အောင်လုပ်မယ်။
၃။ ချစ်သူအကြောင်း၊ မိသားစုအကြောင်း၊ တခြား အကြောင်းတွေပြောမယ်။
၄။ ပြီးရင် မိန်းမသားချင်းပဲ၊ သူငယ်ချင်းချင်းပဲ အစ်ကိုတစ်ယောက်လို ဆိုတာမျိုးတွေပြောပြီး လိင်ကိစ္စတွေကို ပြောမယ်။ (ရိုင်းမယ်နော်..) ဥပမာ:: ညီမရဲ့ အောက်ပိုင်းလေး ဓာတ်ပုံရိုက်ပြ၊ ညီမ နို့ပုံလေးကို ရိုက်ပြပါလား ဆိုတာမျိူးတွေ။ *ညီမ ညီမချစ်သူနဲ့ အိပ်ဖူးလား။ ဘယ်လိုခံစားရလဲ။ မိန်းမသားချင်း (or) သူငယ်ချင်းအချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြပါလား။ စတဲ့ လိင်ပိုင်းဆိုင်ရာ စကားတွေ စပြောလာမယ်။ ပြီးရင် ကိုယ်က ရှက်ပီး မပြောဘူး၊ မပြဘူးဆို.. လာပြီ အဓိက အချက်..

သူတို့ပြောတာကို မပြဘူး၊ မပြောဘူးဆို ခြိမ်းခြောက်မူတွေနဲ့ ကိုယ့်ကိုခြိမ်းခြောက်လေ့ရှိကြတယ်။ ဥပမာ မပြောဘူးလား၊ မပြောရင် နင်နဲ့ငါပြောထားတာတွေကို Screen shoot ရိုက်ပီး ငါတင်မှာနော်။ နင့်ပုံတွေ ငါ save ထားတယ်။ ဖာသည်မတွေ page မှာ တင်လိုက်မှာနော်။ ငါ့ကို ph bill ၁၀၀၀၀ ထည့်ပေး မပေးရင် နင့်ပုံတွေ ဖာသည်မ page တွေမှာ တင်မှာစသဖြင့် ခြိမ်းခြောက် ကြတယ်။

တချို့ကလည်း နှမချင်း မစာနာလို့၊ လိင်စိတ်ပြင်းထန်လို့၊ သုတ်ပိုးဦးနှောက်ထဲရောက်နေလို့ ခုလို Sex Chat ကြပေမယ့် တချို့ကလည်း ငွေကြေးနဲ့အဓိက ချိန်းခြောက်ကြတယ်။ ဒီတော့ သိတဲ့အတိုင်း မြန်မာမိန်းကလေး အများစုက ဒါမျိူးဆို အသေကြောက် အရှက်ကြီး လူသိမှာစိုးရိမ်ပြီး သူ တို့ရဲ့ခြိမ်းခြောက် သမျှကိုခံရလိုက်ရပါတော့တယ်။ ပြီးရင် အရှက်တကွဲအကျိုးနည်း ဖြစ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ ကြတယ်။ ဒါမှမဟုတ်ရင် လူတောမတိုးရဲဖြစ်ကြတယ်။ ဒါဖြစ်တတ်ပါတယ် မလုပ်နဲ့။ ဒီလိုဘဝပျက်သွားတဲ့ မြန်မာမိန်းကလေးတွေအများကြီးရှိနေပြီ။ သတ်သေသွားတဲ့ မိန်းကလေးသတင်းတွေ ဂျာနယ်တွေမှာ ဖတ်ဖူး မြင်ဖူးနေကြပြီ။ ငါနဲ့မှမဆိုင်တာ။ ဖင်ယားတာခံပေါ့။ ဆိုပြီး ကိုယ်ချင်းမစာရင် မှားလိမ့်မယ်။

ကိုယ်လည်းတစ်နေ့ သူတို့လိုခြိမ်းခြောက်တဲ့ ဂွင်ထဲမဝင်ဘူး မပြောနိုင်ဘူး။ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း ထဲက ဒါမျိုးမကြုံရဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးက ကိုယ်တိုင်ကြုံမှသိရင် ဘာမှလုပ်လို့မရတော့ဘူး။ ဒီတော့ ဘယ်လို Sex_Chat ကို ဖြေရှင်းမလဲ။ ကြုံလာရင် ဘယ်လို ကာကွယ်မလဲ။ ဘယ်လို ပြန်လုပ်ရမလဲ။ တခြား နိုင်ငံတွေမှာတော့ ဒီလိုပြဿနာတွေအတွက် Cyber Law ရှိပြီးသားပါ။ ချက်ချင်း Call Center တွေကို တိုင်ပြီး ခြိမ်းခြောက်မှုနဲ့ တိုင်ကြားနိုင်ပါတယ်။ မြန်မာမှာ Cyber Law အားနည်းတော့ ဒီလိုပြသနာတွေ ကြုံလာရင် ကိုယ်တိုင်ပဲဖြေရှင်းရမှာပါ။

ကိုယ်နဲ့စကားပြောတဲ့ cb လူတိုင်းကို မယုံပါနဲ့။ အထူးသဖြင့် fake acc တွေ၊ နောက် like 10 မကျော်တဲ့ ကိုယ့်မူရင်းပုံ မတင်ထားတဲ့သူတွေ။ ယောကျာ်းနာမည် မိန်းမပုံ acc တွေ၊ တခြား Fake acc လို့ ယူဆရတာတွေကိုရှောင်ပါ။ ပြောရင်တောင် ကိုယ့်ဖက်က စကားမကျွံပါစေနဲ့။ ဒီလိုသတိထားနေတဲ့ကြား က ကြုံမိပြီထား ရသေးတယ်။ မကြောက်နဲ့ မယောင်ရာ ဆီမလူးနဲ့။ မြန်မာက တချို့မိန်းကလေးတွေက အရှက်တရား အကြောက်တရား သိပ်ကြီးတယ်။ ဒါဟာကောင်းပေမယ့် ကြောက်သင့်တဲ့နေရာကြောက် မကြောက်သင့်တဲ့ နေရာမကြောက်နဲ့။

ဦးနှောက်မရှိဘဲ အရှက်တရားချည်း ကြီးနေကြောက်နေရင် ခံသွားရလိမ့်မယ်။ ကိုယ်ကခြိမ်းခြောက်ခံနေ ရပြီ။ ကြောက်တယ်ဆိုရင်တောင် ကိုယ့်အသိမိတ်ဆွေ ကိုယ့်သူငယ်ချင်းတွေကို ချက်ချင်းပြော ဘာလုပ်ရမလဲမေး။ သူ acc ကို အမြန်မှတ်။ လူအများသိအောင် ကိုယ်ကအရင်လုပ်။ မဟုတ်ဘဲ ကြောက်တယ် ရှက်တယ်ချည်းလုပ်နေရင် ခံရပါမယ်။ နောက်တစ်ခုက ကိုယ့်ပုံတွေ ဖာသည်မ page တွေမှာ တင်ခံရမှာကိုမကြောက်ပါနဲ့။ တင်တာနဲ့ ချက်ချင်း ကိုယ့် fri တွေကို အကူအညီတောင်း လူသိအောင်လုပ်ပါ။

ဖာသည်မ page ကို ဘယ်မိကောင်းဖခင်သားသမီးမှ မ like ၊ cmt မပေးပါဘူး။ ကြိတ်ခံနေရင် လူမသိ သူမသိဖြေရှင်းတောင်းပန်နေရင် ပိုဆိုးသွားပါလိမ့်မယ်။ vb တို့ ဘာတို့က sex chat ရင်လည်း ph no ကို အရင်မှတ်ပါ။ ဒါဆို တိုင်ကြားနိုင်ပါတယ်။ နောက်တစ်ခုက ဦးနှောက်မရှိဘဲ မကြောက်ကြပါနဲ့။

ကြောက်လေခံရလေပါ။ ရှက်သင့်တာကြောက်သင့်တာကို တခြားနေရာသုံးပါ။ Sex_Chat မှာမသုံးပါနဲ့။ ဒါဖတ်လို့ကောင်းအောင် ရေးပြ ပြောပြနေတဲ့ပုံပြင်မဟုတ်ပါဘူး။ ဒီပြဿနာကြောင့် လူမသိသူမသိရော လူသိပြီးရော သေဆုံး ဘဝပျက် အရှက်တကွဲအကျိုးနည်းဖြစ်သွားတဲ့မိန်းမတွေ မြန်မာမှာအများကြီးပါ။ လက်ရှိ လာအိုက ကမ္ဘာမှာ Sex Chat ကြောင့်သေဆုံးတဲ့အမျိုးသမီးဦးရေ အများဆုံးပါ။

ကိုယ်တိုင်ကြုံမှ လူမသိသူမသိဖြေရှင်းတဲ့နည်းတွေ ကြောက်စိတ်တွေနဲ့မပြာယာနေဘဲ မိတ်ဆွေ သူငယ်ချင်းများနဲ့အတူဖြေရှင်းသင့်ပါတယ်။
[ နှမချင်း အစ်မချင်းစာလို့ မရှက်တမ်း ရေးရ လျှာရှည်လိုက်ပါတယ်]
Credit : ထက်ဝန