ကော်ဖီမှုန့်ကို ခြင်နိုင်ဆေးအဖြစ် ဒီလိုအသုံးပြုနိုင် - Kharann Media

Breaking

ကော်ဖီမှုန့်ကို ခြင်နိုင်ဆေးအဖြစ် ဒီလိုအသုံးပြုနိုင်


နှပ်ပြီးသား ကော်ဖီမှုန့်က ခြင်နိုင်ဆေးနဲ့ အင်းဆက်ပိုးသတ်ဆေးအဖြစ် စွမ်းဆောင်နိုင်ကြောင်း ကျွမ်းကျင်သူအများစုက ဆိုပါတယ်။ အသုံးပြုပြီးသား ကော်ဖီမှုန့်မှ ထုတ်လွှတ်တဲ့ ပြင်းရှတဲ့အနံ့ကို ခြင်တွေ မလိုလားပါဘူး။ ကော်ဖီမှုန့်က ခြင်ပေါက်ကလေးများ အသေသတ်ရာမှာ ထိရောက်သလို အစွမ်းထက် သဘာဝ အင်းဆက်ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကော်ဖီမှုန့်ကို ခြင်နိုင်ဆေး/အင်းဆက်ပိုးသတ်ဆေးဖြစ် အသုံးပြုနည်းကတော့ အရင်ဦးဆုံး နှပ်ပြီး သားကော်ဖီမှုန့်ကို နောက်ဖေး၊ အိမ်ရှေ့စတဲ့ အိမ်နီးနားရှိ ရေဝပ်တဲ့နေရာ အသေး၊ အကြီး ဘယ်မဆိုနေရာ မှာမဆို လောင်းထည့်ပါ။ အဲဒါက ပတ်ဝန်းကျင်တွေက ခြင်တွေအတွက် နေထိုင်ကျင်လည်ရန်အတွက် မသင့်လျော်ဖြစ်စေပြီး ထိုနေရာမှာ ရှင်သန်ပေါက်ဖွားနေတဲ့ ခြင်ပေါက်လေးတွေကိုလည်း သေစေပါ လိမ့်မယ်။

ဒါမှမဟုတ် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးလည်း သုံးကြည့်နိုင်ပါတယ်။ သံဗူး(သို့) အလူမီနီယမ်ခဲပြား ထဲ ကော်ဖီမှုန့်ကို အင်းဆက်တွေ အနံ့နဲ့ ထွက်ပြေးအောင် မီးရှို့နိုင်ပါတယ်။ သို့မဟုတ် ကော်ဖီမှုန့် ကို ရေနွေးရောပြီး ဖျန်းဆေးဘူးထဲ ထည့်ပြီး ဖြစ်တဲ့နေရာတွေမှာ ဖျန်းပေးပါ။ အကျိုး ရလဒ်တွေကြောင့် အံ့သြသွားပါလိမ့်မယ်။
__________________________________________
June 12.2016 | http://www.mymemo.cf/2016/06/post442.html Ref : Trend