မျက်လုံးအောက်ကအဖြူဖုတွေကို ဘယ်လိုရှင်းထုတ်ပစ်မလဲ - Kharann Media

Breaking

မျက်လုံးအောက်ကအဖြူဖုတွေကို ဘယ်လိုရှင်းထုတ်ပစ်မလဲ


ဒီအဖြူ ဖုတွေဟာ မျက်လုံးအောက်နဲ့ အနီးတဝိုက်၊ မျက်ခွံနေရာ နဲ့ အရေပြား ထိခိုက်လွယ်ပြီး ပိုမိုပါးလွှာတဲ့နေရာတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ယင်းအဖြူ ဖုတွေက မျက်နှာတစ်ခုလုံးမှာ ဖြစ်ပေါ်နိုင်ပြီး အရေပြားမှ ထုတ်ပေးတဲ့ keratin ကြောင့် ဖြစ်ပေါ်ပါတယ်။ နောက် အဆီနဲ့ အမဲဆီကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။

အကြောင်းအရင်း
အဓိကအားဖြင့် အသားရေလိမ်း ခရင်မ် မှားရွေးမိခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ အမျိုးသမီးများက အသားအရေအတွက် သူတို့အသက်အရွယ်နဲ့ မအပ်စပ်တဲ့ ပြင်းထန်ပြီး အဆီများတဲ့ ခရင်မ်တွေ အသုံးပြုလေ့ရှိပါတယ်။ အဲဒီအတွက်ကြောင့် အဖြူဖုတွေ ထွက်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ထွက်နိုင်ပါတယ်။ ဒါတွေ နို့စို့ကလေး ၅၀% မှာ ဖြစ်ပွားကြပြီး အဲဒါကို သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းလို့ ယူဆထားပါတယ်။

ဘယ်လို ဖြေရှင်းမလဲ
အရေးဆုံးအချက်က မညှစ်ဖို့ပါ။ သူတို့တွေဟာ အရေပြားအတွင်းထိ နက်ရှိုင်းစွာ ရှိနေတာပါ။ အကောင်းဆုံးက အရေပြားရောဂါအထူးကုဆရာဝန် သို့မဟုတ် အလှပြင်ဆရာဆီပြပါ။ ဒါပေမယ့် ဒီရိုးရှင်းတဲ့ သဘာဝနည်းလမ်းကိုလဲ စမ်းသုံးကြည့်နိုင်ပါတယ်။

သကြားနဲ့ သံပုယိုသီး
သံပုယိုသီးမှာ ဘက်တီးရီးယားပိုးသတ်ဆေး၊ ရောဂါပိုးသတ်ဆေးနဲ့ အင်တီအောက်ဆီဒင်းသတ္တိတွေ ပါရှိပါတယ်။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သံပုယိုသီး တစ်ခြမ်းနဲ့ ရောစပ်ပြီး သံလွင်ဆီ ထမင်စားဇွန်း တစ်ဇွန်းပေါင်းထည့်ရပါမယ်။ အဲဒီအရောအနှောဖြင့် အရေပြားကို ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြာ ဖြေးညင်းစွာ နှိပ်နယ်ပေးပါ။ နောက် ရေနွေးလေးနဲ့ ဆေးကြောပေးရပါမယ်။
__________________________________________
June 13.2016 | http://www.mymemo.cf/2016/06/post444.html Ref: NHC credit : Trend