အရေပြားအသားပိုတွေကို ဖယ်ချင်တယ်ဆိုရင် - Kharann Media

Breaking

အရေပြားအသားပိုတွေကို ဖယ်ချင်တယ်ဆိုရင်


လည်ပင်း၊ ခါး၊ ပခုံး စတဲ့နေရာတွေမှာ အသားပိုအလုံးသေးသေး လေးတွေရှိနေလို့ ဖယ်ကလည်း ဖယ်ပစ်ချင်၊ ဆရာဝန်ဆီသွားရမှာ လည်းကြောက်နေသူတွေ အတွက် ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ အိမ်မှာကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

ပန်းသီးရှလကာရည်
ဂွမ်းလုံးလေးမှာ ပန်းသီးရှလကာရည်လေးတို့ပြီး အသားပိုရှိတဲ့ နေရာကို သုတ်လိမ်းပေးတာမျိုး တစ်လနီးပါး လုပ်ပေးရင် အသားပိုက အလိုလိုပြုတ်သွားပါလိမ့်မယ်။

ကြက်ဆူဆီ
မုန့်ဖုတ်ဆော်ဒါနဲ့ ကြက်ဆူဆီအနည်းငယ်ရောပြီး ရလာတဲ့အနှစ်ကို အသားပိုမှာ သုတ်လိမ်းပေးတာ ကို နှစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးရင် အသားပို တဖြည်းဖြည်းပြုတ်သွားစေ မှာပါ။

ကြက်သွန်နီ
ကြက်သွန်နီတစ်လုံးကိုလှီး၊ ဆားအနည်းငယ်ဖြူးပြီး ပန်းကန် တစ်လုံးထဲထည့်ကာ တစ်ညသိပ်ထားပါ။ မနက်ရောက်တဲ့အခါ ကြက်သွန်နီကို အရည်ညှစ်ယူပြီး ၁၀ ရက်၊ ၁၂ ရက်လောက် အထိ အသားပိုနေရာကို လိမ်းပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ
လတ်လတ်ဆတ်ဆတ် ကြက်သွန်ဖြူတစ်မြွှာကိုခပ်နုပ်နုပ်လှီးပြီး အသားပိုပေါ်ကို စဉ်းထားတဲ့ ကြက်သွန်ဖြူ ကိုတင်၊ ကပ်အားကောင်းတဲ့ တိပ်နဲ့ကပ်ပေးတာမျိုး သုံးရက်လောက်လုပ်ပေးရင် အသားပိုကို ဖယ်ရှား ပြီးသား ဖြစ်စေပါတယ်။

အက်စ်ပရင်ဆေးပြား
ဆေးပြားတစ်ပြားကို အမှုန့်ကြိတ်ပြီး အသားပိုပေါ်တင်၊ ပြီးရင် တိပ်ကပ်ပေးရင်းနဲ့လည်း အသားပိုကို ဖယ်ရှားနိုင်ပါတယ်။

လက်သည်းဆိုးဆေး
အသားပိုရှိတဲ့နေရာကို လက်သည်းဆိုးဆေးသုတ်လိုက်ပြီးခြောက်တဲ့အထိထားပြီးမှ ဖယ်ပစ်တာမျိုး တစ်နေ့သုံးကြိမ်လောက် မကြာခဏလုပ်ပေးရင်း အသားပိုဖယ်ရှားနိုင်ပါတယ်။

သံပရာရည်
လတ်လတ်ဆတ်ဆတ် သံပရာရည်လေးကို ဂွမ်းစလေးနဲ့တို့ပြီး အသားပိုနေရာကို တစ်နေ့သုံးကြိမ်လောက် လိမ်းပေး တာမျိုးလည်း လုပ်ကြည့်နိုင်ပါတယ်။
__________________________________________
June 10.2016 | http://www.mymemo.cf/2016/06/post441.html credit : ကျန်းမာရေးအထွေထွေဗဟုသုတ, ref : findhomeremedies