နွေရာသီအပူဒဏ်ကြောင့် မျက်စိနာခြင်း - Kharann Media

Breaking

နွေရာသီအပူဒဏ်ကြောင့် မျက်စိနာခြင်း

 

ပူချိန်ပြင်းလွန်းတဲ့ အခုလို နွေရာသီမှာ လူတော်တော်များများဟာ အပူဒဏ်ကြောင့် ဖြစ်လေ့ ဖြစ်ထရှိတဲ့ နေထိုင်မကောင်းဖြစ်မှုတွေ အတော်လေးခံစားကြရပါတယ်။ ထိုအထဲမှာ မျက်စိနာရောဂါလည်း ပါဝင်ပါတယ်။ မျက်စိနာတာဟာ မျက်စိနာရောဂါပိုး (ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရက်စ်) တစ်ခုခုကြောင့် ဖြစ်တာများပြီး အခုလိုပူပြင်းတဲ့နွေရာသီမှာ ထိုရောဂါပိုးဟာ ပေါက်ဖွားနှုန်း မြန်လွန်းတဲ့ အတွက် မျက်စိနာကူးစက်နှုန်းလည်း အရမ်းမြန်တာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုး တွေကြောင့်ဖြစ်တဲ့ မျက်စိနာ ရောဂါဟာ သုံးရက်ကနေ ငါးရက်အတွင်း ကြာတတ်ပြီး မျက်လုံး နီရဲ ရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက်ပိုကျခြင်း၊ မျက်လုံးထဲမှာ ခိုးလို့ ခုလု ခံစားရခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း၊ မျက်ကြောများနာကျင်ခြင်း စတာတွေ ခံစားရပါတယ်။ ဘာအကြောင်း နဲ့မျက်စိနာတာဖြစ်စေ သေချာသိရအောင် ဆေးခန်းပြသင့်ပြီး ဆရာဝန် ညွှန်ကြားတဲ့ သောက်ဆေး၊ မျက်စဉ်း စတာတွေကို အတိအကျလိုက်နာသင့်ပါတယ်။ ရိုးရိုးမျက်စိနာဆိုရင်လည်း စောစီးစွာ သက်သာတာနိုင်ပြီး ရိုးရိုးမဟုတ်တဲ့ မျက်စိထိခိုက်မှု တစ်ခုခုဆိုရင်လည်း စောစီးစွာ သိရတာကြောင့် ဖြစ်ပါတယ်။ မျက်စိနာနေတာ ငါးရက်ကျော် သွားရင်တော့ မျက်စိနာတာထက် ပိူစိုးရိမ်စရာ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။

မျက်စိနာနေစဉ်မှာ ဆောင်ရန်ရှောင်ရန်များ
- မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာ ကြည့်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားဆေးလိပ်သောက်ခြင်းများ ရှောင်ပါ။
- မျက်စဉ်းခတ်ခြင်းဟာ ရောင်ရမ်းယားယံမှုကို သက်သာစေပြီး မျက်ရည်များကို ခမ်းစေကာ ဘက်တီးရီးယားကို သေစေနိုင်တဲ့အတွက် မျက်စဉ်းကို မဖြစ်မနေခတ်ရပါမယ်။ ပိုးသတ်ဆေးနဲ့ အရောင်ကျဆေးတွေပါ တွဲသောက်တာက အမြန်သက်သာစေနိုင်တာကြောင့် လိုအပ်တဲ့ဆေး ညွှန်ကြားချက်တွေသိရဖို့ ဆေးခန်းသွားပြရန် အထူးလိုအပ်ပါတယ်။
- ကွမ်းရွက်၊ ဒန့်သလွန်ရွက်ကို အရည်ညှစ်ထည့်တာတွေ၊ ဆားရည်ခတ်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ အရွက်တွေမှာ ဘက်တီးရီးယားတွေ ဖုန်တွေ ကပ်နေနိုင်တဲ့အပြင် နုနယ်ရောင်ရမ်းနေတဲ့မျက်သားတွေ ပိုမိုထိခိုက်သွားနိုင်ပါတယ်။
- တတ်နိုင်သမျှ မျက်စိကို မသုံးပဲနေပါ။ အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။ မျက်လုံးအရမ်းပူနေရင် ကွမ်းရွက်ကို မျက်ခွံပေါ်ကပ်ခြင်း၊ ရေခဲဝတ်သန့်သန့်ကို မျက်ခွံပေါ်ကပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

မျက်စိနာရောဂါမဖြစ်စေဖို့ ဆောင်ရန်ရှောင်ရန်များ
- မျက်လုံးနဲ့မျက်ခမ်းကို လက်နဲ့အလွယ်တကူ မကိုင်ပါနဲ့။ ကိုင်ဖို့လိုအပ်ပါက လက်ကိုသေချာဆေးပြီး ထိကိုင်ပါ။
- မျက်နှာသုတ် ပဝါဟာ သန့်ရှင်းနေဖို့ အထူးလိုအပ်ပြီး တစ်ဦးကို တစ်ထည်စီ သီးသန့်သုံးသင့်ပါတယ်။ မျက်စိနာသူရှိရင်တော့ ထိုသူရဲ့မျက်နှာသုတ်ပုဝါကို ဘယ်သူမှ မထိမကိုင်ပါနဲ့။ ဒါ့အပြင် မျက်စိနာတဲ့သူရဲ့ မျက်နှာသုတ်ပဝါကို ရေနွေးပွက်ပွက်ဆူမှာ ကြာကြာပြုတ်ပြီး နေ့စဉ် လျှော်ဖွပ် ပေးသင့်ပါတယ်။
- အစားသောက်ဇီဇာကြောင်သူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ဝတ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် အလုပ်လုပ်ရသူတွေဟာ လက်နဲ့ မျက်စိသန့် ရှင်းရေးကို ပိုမို သတိထား သင့်ပါတယ်။
__________________________________________
May 10.2016 | http://www.mymemo.cf/2016/05/post417.html စံဝန်းနီ(ရိုးရာလေး)| credit to : ကျန်းမာရေးအတွက်ဆေးတစ်ခွက်