ပျောက်ဆုံးနေသည့် ရှေးဟောင်း မာယာ မြို့တော်ဟောင်း ၁၅ နှစ်အရွယ် ကနေဒါနိုင်ငံသား ရှာတွေ့ - Kharann Media

Breaking

ပျောက်ဆုံးနေသည့် ရှေးဟောင်း မာယာ မြို့တော်ဟောင်း ၁၅ နှစ်အရွယ် ကနေဒါနိုင်ငံသား ရှာတွေ့



(အော့တဝါ၊ မေ ၁ဝ)
ဂြိုဟ်တု ဓာတ်ပုံများနှင့် ရှေးဟောင်းမာယာ အာကာသဗေဒပညာကိုသုံး၍ ဆယ်ကျော်သက် တစ်ဦး က ရှေးဟောင်း မာယာမြို့တော် ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ကွီးဘက်ပြည်နယ်မှ အသက် ၁၅ နှစ် အရွယ်ရှိ ဝီလျံဂါဒူရီက ဖော်ပြပါ ကဲ့သို့ ရှာဖွေတွေ့ရှိခြင်း ဖြစ်ရာ မာယာ လူမျိုးတို့၏ ကြယ်တာရာ ဖွဲ့စည်းပုံအရ ၎င်းတို့ ၏ မြို့ရွာများ တည်ထောင်သည့် သီဝရီ ကို ယုံယုံကြည်ကြည်ဖြင့် လေ့လာ စူးစမ်းခြင်း၏ အကျိုးကြောင့်ဟု ဆို သည်။

ရှေးသူဟောင်းများ၏ အဆိုအရ မြို့ရွာများ ထူထောင်ရာတွင် မာယာ လူမျိုးတို့က ကြယ်တာရာ အစုအဝေး အသွင်ကို အခြေခံတည် ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။

ကြယ်တာရာ အစုအဝေးကို အခြေခံ၍ လေ့လာရာတွင် ကြယ်တာရာ ၃ ခုကိုယ်စားပြု မာယာလူမျိုးတို့၏ မြို့ပြတစ်ခု ပျောက်ဆုံးနေသည်ကို ဝီလျံ သိရှိခဲ့ပြီးနောက် စိုက်လိုက်မတ်တတ် လေ့လာခဲ့ခြင်းဖြင့် ယခုကဲ့သို့ ဖော်ထုတ်တွေ့ရှိ ခြင်းဖြစ်သည်။

 ကနေဒါ အာကာသအေဂျင်စီမှ ပေးပို့သည့် ဂြိုဟ်တုဓာတ်ပုံများ နှင့် ဂူးဂဲလ်အာ့(သ်)မြေပုံညွှန်းများ အသုံးညပု၍ ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

ဟူကန်တန် တောနက်ကြီး တွင်းမှ ယခုတွေ့ရှိရသည့် ပျောက်ဆုံးနေသည့် မြို့တော်ကို ဝီလျံက ‘မီးပါးစပ်’ ဟု အမည်ပေးထားသည်။

ကနေဒါ အာကာသအေဂျင်စီ ပြောခွင့်ရ ဒန်နီယယ် ဒီလက်စလီ က သစ်တောကြီးများ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် ၎င်းဒေသကို ကိုယ်တိုင် ကိုယ် ကျ လေ့လာစူးစမ်း ရန် ခက်ခဲကြောင်း ဆိုသည်။

 နယူးဘရွန်းစဝတ် တက္ကသိုလ်ပါမောက္ခ ဒေါက်တာ အာမန်က ဝီလျံ၏တွေ့ရှိချက်မှာ အခြား မနုဿဗေဒပညာရှင်များကို ၎င်း၏ နည်းသုံး၍ စူးစမ်းရှာဖွေရန် များစွာတွန်းအားပေးသည် ဟုဆိုသည်။

ဝီလျံ၏ တွေ့ရှိချက်ကို ကနေဒါ သိပ္ပံဂျာနယ်တွင် ဖော်ပြမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် ဘရာဇီးနိုင်ငံတကာ သိပ္ပံပွဲတော်တွင်လည်း ပြသမည်ဖြစ်သည်။

BC ၂ဝဝဝ မှ AD ၂၅ဝ အတွင်း တောင်အမေရိကတိုက် ဘရာဇီးနှင့် ကိုလံဘီယာတို့ တည်ရှိရာဒေသ များတွင် မာယာယဉ်ကျေးမှု ထွန်းကားခဲ့ရာ မာယာတို့ကို ထိုခေတ် ထိုအခါက ယဉ်ကျေးမှု အထွန်းကားဆုံး  လူမျိုးဟု သတ်မှတ်ထားကြပြီး ၎င်းတို့ ကိုင်ဆောင်သည့်  ဓား၊ လှံ၊ လက်နက် များကို သစ်သားဖြင့်သာ ပြုလုပ်ခဲ့ ကြသည်။
__________________________________________
May 11.2016 | http://www.mymemo.cf/2016/05/post419.html ပေါ်ပြူလာ | TTBT | Ref : The Independence/ Mayar Civilization