ရာမ ခေါ် (မြင်းဆေး) အကြောင်းလေး - Kharann Media

Breaking

ရာမ ခေါ် (မြင်းဆေး) အကြောင်းလေး


ဒီလိုမျိုးဆေးတွေ‬ ရန်ကုန်တိုင်းဒေသကြီးရဲ့ လှိုင်သာယာမြို့နယ်‬၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ အလုံ၊ ကြည်မြင်တိုင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊  ကျောက်မြောင်း၊ ပုလဲမြို့သစ် အစရှိ နေရာတော်တော် များများမှာ ရောင်းဝယ်ဖြန့်ဖြူးနေပါတယ်။

ဘာရယ် မဟုတ်ပါဘူး ရာဘ (သို့မဟုတ်)  ရာမ ခေါ် (မြင်းဆေး) အကြောင်းလေး နည်းနည်း ပါးပါး ဗဟုသုတအနေနဲ့ ဖတ်ကြည့်ကြပေါ့။

ရာမ ကို လွယ်သလား၊ ခက်သလား ဆိုပြီး စမ်းသပ်ချင်တဲ့ သူတွေက တစ်ပုံကြီးပေါ့။ တချို့တွေက သုံးဖူး တာကို ဂုဏ်ယူပြီးပြောပြတတ်သလို တချို့တွေက သုံးဖို့ ဆွဲဆောင်ကြတယ်။ ဘိန်း မဟုတ်ပါဘူး ဘာညာပေါ့။

ကဲ..  ဒါဆို လေ့လာကြည့်ရအောင် လွယ်သလား ခက်သလား ဆိုတာကို......
     ရာမ ဆိုတာက အရင် အခေါ်ပါ။ အခု နောက်ပိုင်းတော့ ရာဘ လို့ ခေါ်ကြပါတယ်။ မြန်မာပြည် မှာ မြင်းဆေး စိတ်ကြွရူးသွပ်ဆေး။ ထိုင်း မှာတော့ Chocalee (ချောကလက်)၊ အိန္နိယမှာ bhul bhuliya အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်တွေမှာ shabú၊  ဘင်္ဂလားဒေ့ရှ်   မှာ Pill, BABA, Gari, Guti, Bori   စသဖြင့် အခေါ် အဝေါ်များစွာ ရှိပါသေးတယ် ။

ရာမ မှာ ပါတာ ကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်သုံး......
Philopon
Panzerschokolade
Methamphetamine
Pervitin
Dexedrine

ဆိုတဲ့ ဆေးတွေ တစ်ဖြစ်လဲ Methamphetamine ကို high dose သုံးပြီး အခြား ဆေးဝါးများ နဲ့ ရောစပ် ထုတ်လုပ် ထားတာဖြစ်ပါတယ်။ အစပိုင်း မှာMethamphetamine သီးသန့် ပါတဲ့  R သို့မဟုတ် WY စာတမ်းပါ အနီ အဝါ အစိမ်း စတဲ့ ဆေးလုံးလေးတွေ ထုတ်ပါတယ်။

 နောက်ပိုင်းမှာတော့ ဆေးယဉ်ပါး လာသလို လူတွေမှာ မတိုးတော့တဲ့ အခါကျတော့ တခြား စိတ်ရောဂါ ပညာရှင်တွေ သုံးတဲ့ စိတ်ကြွဆေးဝါးတွေကို အတိုင်းအဆ မရှိ ရောနှောပေါင်းစပ် လာပါတော့တယ်။

 နောက်ပိုင်းပေါ်လာတဲ့ WY စာတမ်းပါ ၆  မီလီမီတာ အချင်းသာ ရှိတဲ့ လိမ္မော်ရောင်ဆေးပြားလေးတွေ ဟာ Methamphetamine သာမက ကာဖင်းဓါတ် အလွန်အကျွံ ထည့်ထားပါသတဲ့။ အလွန်အမင်း သန့်စင်ထားတဲ့ ICE ဆိုတာ ကတော့ ထိုးဆေး အနေနဲ့ပါ သုံးကြပါတယ်။

အခုနောက်ဆုံး ရှမ်းအရှေ့မှာကျွန်တော်ကြားဖူးခဲ့တဲ့ နောက်ဆုံးပေါ်ဆေး ကတော့ ရာအပ် လို့ခေါ်ပါတယ်။ ဘိန်းဖြူ   ၆ ရာခိုင်နှုန်းပါဝင် ပါတယ်။
.....

ဘယ်လိုတွေ သုံးစွဲကြသလဲ ဆိုတော့.............
အကြောထဲ ထိုးတယ်ဆေးပြားလေးတွေ ကို မိုးရေ နဲ့ဖျော် အပ်အသေးဆုံး နဲ့ အကြောထဲ ထည့်တာပါ အရှိန် တက်တာ အရမ်းမြန်သလို (စက္ကန့်ပိုင်း အတွင်းမှာဖြစ်ပေါ်လာတာပါ) သိပ်လည်းကြောက်ဖို့ကောင်း ပါတယ်။

၁၀၀ မီလီဂရမ် ကနေ ၁၀၀၀ မီလီဂရမ် အထိ ဖျော်ထိုးကြပါတယ်။ ဆေးက အဓိကသွေးကြောမကြီးတွေ ထဲ မှာ ခဲတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး။

 ဆေးပြား ဝါးစားတယ်။  ဆေးအာနိသင် ၈ နာရီ ကနေ ၁၆ နာရီ အထိ ကြာအောင် ခံစားရပါတယ်။ ရှူ  တာကမှ သုံးနာရီ ကနေ ခြောက်နာရီ အထိပဲ ကြာတတ်တာကိုး။ တချို့က Acid ပါလို့ စားလို့ မရဘူးလို့ အထင်မှားတတ်ပါတယ်။ တကယ် က Methamphetamine သီးသန့်ဆေးတွေက ဝါးစားလို့ ရပါတယ်။

ဆေးပြား အငွေ့ကို ရှူတယ်။ ဒါကတော့ သုံးသူတွေ အလုပ်အများဆုံးပါ။ ဆေးပြားကို တိုက်ရိုက် မီးရှို့လို့ မကောင်းတော့ (ညှော်လို့) အပူပေးထားတဲ့အရာ တစ်ခုခုပေါ်တင်လိုက်တာပါ။ အဲ့သည်မှာ ထွက်လာတဲ့ အငွေ့ကို ရှုတာပေါ့။ Safe အဖြစ်ဆုံး နည်းလမ်းပါ။ အချို့တွေက ပိုပြီး safe ဖြစ်ချင်တော့ရေဗူး ထဲက ရေထဲမှာ အငွေ့ကို ဖြတ်သန်းစေပြီးမှ ရှူပါတယ်။


နောက် ဆေးကို အမှုန့်ချေပြီး နှာဝမှာ ရှူတယ်အောက်က တစ်ဆင့် ထည့်တယ်ပေါ့လေ။ အမျိုးမျိုးပေါ့။ လုပ်ဖြစ်အောင်ပြောပြနေတာ မဟုတ်ဘူးနော် ဗဟုသုတ အဖြစ်ပြောပြတာပါ။


 ကောင်းကျိုး အနေနဲ့ ကတော့ သိပ် များများစားစား မရှိပါဘူး။ စိတ်တက်ကြွမယ် အမောခံနိုင်မယ်။ ဗိုက်မဆာ၊ အစာ မစားတဲ့ အတွက် ပိန်ဆေး တစ်ဖြစ်လဲ သုံးကြတယ်။   ရေတို အကျိုးလေးတွေပေါ့။ ဒါလောက်ပါပဲ။

ဆိုးကျိုး ကတော့ ပြော မဆုံးပေါင် တောသုံးထောင်ပါ။ စိတ်ကြွ  ရူးသွပ်ဆေး ဆိုတဲ့ အတိုင်း အရူးဆေးပေါ့။ ပထမ တစ်ချက် အနေနဲ့ သူက စွဲပါတယ်။ ဖြတ်ရလည်း အရမ်း ခက်ပါတယ်။ ကိုကင်း ဟီရိုအင်းတွေထက် ဖြတ်ဖို့ ခက်ပါ သတဲ့။ 

ဖြတ်ရင်လည်း ယင်းထတဲ့ ကာလက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ လူ သတ်ချင် စိတ်ပေါက်နေတာ။  ဒေါသ ထွက်နေတာ လူရင်းတွေကို မယုံတာ မိမိကိုယ်ကို သတ်သေချင်တာ စသဖြင့် ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

နောက်တစ်ချက်က ဒီဆေးက ဦးနှောက်ကို အဆိပ်သင့်စေတာဖြစ်ပါတယ်။ မှတ်ဉာဏ်တွေ ဖျက်စီးပါတယ်။ အာရုံခံ အင်္ဂါတွေ အားနည်းစေပါတယ် (မျက်စိဝါး နားလေး ဖြစ်လာတာပေါ့)။ တစ်ကိုယ်လုံးကြွက်သားတွေ ကို ထောက်ပံ့ပေးမှု   ပျက်စီးစေတတ်လို့အောက်ပိုင်းသေတဲ့ အထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ သုံးပြီးသွားရင် အဆိပ်သင့်မှုကို လျှော့ချဖို့ တတ်နိုင်သမျှ အချဉ် များများ စားသင့်ကြောင်း သိရှိရပါတယ်။ (အသေးစိတ် ကတော့ မရှင်းတော့ပါဘူး)

နောက်တစ်ချက်က ဘာမှန်း မသိဘဲ သွားတွေ ကျွတ်တာပါ။  Meth Mouth လို့ သွား ဆရာဝန်တွေ ခေါ်ပါ တယ်။ အလကားနေရင်း သွားကျိုး  သွားကျွတ် ဖြစ်ပြီးနောက်ဆုံး သွားမကျန်ဘဲ ဖြစ်တတ်ပါတယ်။

သွားတင်လား ဆိုတော့ မဟုတ်ပါဘူး။ ဆံပင်တွေလည်း ကျွတ်ပါတယ်။ ဆေးစွဲသူတော်တော် များများကို ကြည့်လိုက်ရင် ဆံပင် ကျဲတာ ပါးတာ တွေ့ရမှာပါ။ နောက်တစ်ချက်က ဆေးသုံးထားတဲ့သူတွေဟာ လိင်ပိုင်း ဆိုင်ရာ စိတ်ပြင်းထန် ပါတယ်။

ခေတ် စကားနဲ့ ပြောရင် ထန် တာပေါ့နော့။  Abnormal sexual manner တွေလဲ ပြပါတယ်။ ကြိုးတုပ်ပြီး ရိုက်တာတို့ ဘာတို့ပေါ့။ အဲ့ဒါကြောင့် သာမန်လူတစ်ယောက်က ဆေးသုံးထားတဲ့ လူနဲ့ အတူနေလို့ မရပါဘူး။ လုံး၀ မလိုက်နိုင်တဲ့အတွက် သူ့အဖေါ်နဲ့ အဆင်ပြေအောင် သူပါ လိုက်သုံးရပါတယ်။ ဒါမှ အဆင်ပြေပါ သတဲ့။

ကိုယ်ဝန်ဆောင်တွေ သုံးရင် ကလေး ပျက်ကျတာ လ မစေ့ဘဲမွေးတာတွေ ရှိပြီး အမေ့ ဝမ်းထဲမှာတင် ကလေးက ဆေးစွဲနေပါတော့တယ်။ မွေးလာလို့ အပြင်ရောက်တော့ ဆေး မရတော့တဲ့ အတွက် အဲ့သည့် ကလေးပေါက်စနလေး ဟာ ယင်း ထတဲ့ ဝေဒနာခံရပြီး အသက် အန္တရာယ် ရှိနိုင်ပါတယ်။

နောက်တစ်ချက်က အခု အသုံးများတဲ့ WY ဆေးတွေဟာ နယ်စပ်က ဆယ်ပေ ပတ်လည်လောက် ညစ်ပတ် စုတ်ပြတ်နေတဲ့ ဓါတ်ခွဲခန်းများက ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဘာ စံချိန်စံနှုန်း၊ ဘာ ကွာလတီ စစ်ဆေးချက်မှ မရှိပါဘူး။ အစောပိုင်းကပြောသလို ပိုပြင်းအောင် ဟိုဟာနဲ့ စပ် ဒီဟာနဲ့ စပ် လုပ်ရာ ကနေ မသန့်ရှင်းတဲ့ ဓာတု ပစ္စည်းတွေပါဝင်လာပါတယ်။ ဒါတွေက သောက်မိ ရှူမိတာနဲ့ ကိစ္စတုံး ပါတော့တယ်။

 မြန်မာနိုင်ငံမှာတော့ ၁၉၉၅ လောက်မှာ ကရင်ပြည်နယ်က ပြောင်းရွှေ့လုပ်သားတွေ စတင် သုံးစွဲလာရာ ကနေ ပြည်တွင်းကို ပျံ့နှံ့ လာပါတယ်။ ငယ်ငယ်တုန်း က အစိုးရရဲ့ မူဝါဒ နဲ့ ကျွဲရိုင်းတွေ လစ်ပိုတွေ ပိတ် တုန်းက ဆိုက်ဝါး အနေနဲ့ အဲ့သည်လူနာတွေကို မြန်မာ့ ရုပ်သံမှာ မေးမြန်းခန်း လုပ်တာ အားလုံးကြည့်ဖူး ခဲ့ကြမှာပါ။

ဘရာဇီး ရှုံးလို့ ကျွန်တော် ကတုံး တုံးလိုက်တယ် ဆိုတဲ့ စကားတောင် တော်တော်ပေါ်ပြူလာ ဖြစ်ခဲ့သေး တာပါပဲ။ WY ဆိုတာက ဝမ်ရယ်  လို့ အဓိပ္ပါယ်ရပြီး မိုင်းရယ်က  ထုတ်တာလို့လည်းကောလဟာလ ထွက်ပါတယ်။

ဟုတ် မဟုတ်တော့ မသိဘူးပေါ့။ အစ ကတော့ မြင်းဆေး လို့ ခေါ်လာရာကနေ နောက်ပိုင်းမှာ လူတွေသောက်လာတော့ ရာမ ဆိုပြီး အမည်တွင်လာ ပါတော့တယ်။

နယ်စပ်မြို့များက တဆင့် ပြည်နယ်မြို့ကြီးတွေ အဲ့သည်က မှတဆင့် ရန်ကုန် မန္တလေးမြို့ကြီးတွေ အထိ ရောက်လာပါတော့တယ်။ အားလုံးက တားဆီးနေကြပေမယ့် နယ်စပ်မြို့များမှာ အချိတ်အဆက်တွေ နဲ့ ဝယ်ယူလို့ ရနေဆဲပါ။

အဲ့သည့်မှာ တစ်ပြား တစ်ထောင်၊ ထောင့်ငါးရာ  ရှိတဲ့  WY ဟာ  ရန်ကုန်ကိုရောက်လာရင် ငါးထောင် ကနေ တစ်သောင်း အထိ ဈေးပေါက်ပါတယ်။ ငွေ အတွက် သယ်ယူပေးနေတဲ့ သူတွေ အကြိုက်ပေါ့။
.....
ဒါကတော့ ကျွန်တော် သိသမျှ ရာမ အကြောင်းပါ။ ဥပဒေ အကြောင်းအရာတွေတော့ မသိလို့ မရေးတော့ ပါဘူး။

သေချာတာက သုံးရင် သယ်ရင် ထုတ်ရင် ထောင်ကျမှာပါပဲ။ အဲ့ဒီ အထဲကမှ သယ်သူက ပြစ်ဒဏ် အမြင့်ဆုံးပါ။ ဒါ့ကြောင့်  လွယ်သလား ခက်သလား ရာမ ဆိုရင်တော့ ပြန်ဖြေလိုက်ပါ   မလွယ်ပါဘူး သိပ်ခက်ပါတယ်လို့။
__________________________________________
May 13.2016 | http://www.mymemo.cf/2016/05/post420.html credit to : ကိုဆေး