ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူးကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီ ဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလက် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။
ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့ သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့် ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါများ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်ပုံ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဆီးမကြာခဏ သွားခြင်း (Urinate more often)
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် စုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။
ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)
ကဖင်းက ရေဓာတ်စုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသောက် နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။
ဆီးမသန့်ခြင်း (Urinary incontinence)
တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။
ကျောက်တည်ခြင်း (Kidney stones)
ကျောက်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျောက်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။
ကျောက်ကပ် ရောဂါ (Kidney disease)
polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန် အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေးများကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။
__________________________________________
Apr 27.2016 | http://www.mymemo.cf/2016/04/post410.html source : International News for Myanmar