ငါသာ..... သူ့နေရာမှာဆိုရင် - Kharann Media

Breaking

ငါသာ..... သူ့နေရာမှာဆိုရင်


"ငါသာ..... သူ့နေရာမှာဆိုရင်"

(၁)
သူဟာ ငါမဟုတ်ဘူးဆိုပေမယ့် ငါ့လိုပဲ သူလည်း အရာရာ ခံစားတတ်တဲ့ လူသားတစ်ယောက်ဆိုတာ မင်းကိုမင်း စဉ်းစားကြည့်မိရဲ့လား။
တချို့နေရာတွေမှာ မင်းဘက်က မင်းမှန်တယ်လို့ အထင်ရောက်မိတဲ့အခါ စိတ်ပျက် အားလျော့နေတဲ့လေသံနဲ့ “သြော်..သူက ငါမှ မဟုတ်ဘဲလေ” လို့ မင့်ပါးစပ်က ညည်းညူမိလိမ့်မယ်။

အဲ့ဒီအခါကျ မင့်စိတ်ထဲမှာ မင်းကိုယ်မင်း စာနာတတ်တဲ့ လူတစ်ယောက်အဖြစ် ခံစားနားလည်တတ်ပြီ ဆိုရင် မင်းဟာ လူတော်လူကောင်းတစ်ယောက် ဖြစ်ပြီလို့သာ မှတ်လိုက်ပါ။

(၂)
ပုရွက်ဆိတ်လေးတွေဟာ အကောင်ငယ်ပေမယ့် သူတို့လေးတွေလည်း ထိခိုက်မိလို့ နာကျင်သွားရင် ခံစားချက်ကတော့ လူတွေနဲ့ အတူတူပါပဲ။

သတ္တ၀ါတွေဟာ...၊
• အတ္တကိုယ်စီ ရှိကြလို့ ကိုယ့်ဖို့ တစ်ကွက်စာ ချန်စမြဲ။
• တွေဝေခြင်းတွေ ရှိသေးလို့ ကိုယ်ရုပ်ကိုယ် ပြန်မမြင်နိုင်ဘူး။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ် ပြန်မကြားနိုင်ဘူး။ ကိုယ်လုပ်ခဲ့အလုပ်ကို ပြန်သင်္ခန်းစာ မယူတတ်ဘူး။

(၃)
နေ့စဉ် ကိုယ်ရဲ့ ကာယကံ၊ ၀စီကံတွေနဲ့ ပတ်သတ်ပြီးတော့ စင်ကြယ်နေစေဖို့ ...
• သီလစောင့်ဖို့ လိုတယ်။
နေ့စဉ် ကိုယ်ရဲ့ မနောကံတွေ စင်ကြယ်နေစေဖို့...
• သမာဓိအားကောင်းဖို့ လိုတယ်။
နေ့စဉ် ကိုယ့်ရဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး အကောင်း အဆိုး၊ အကြောင်းအကျိုး ခွဲခြားနိုင်စေဖို့..
• ပညာအားကောင်းဖို့ လိုတယ်။

(၄)
တကယ်တော့ ငါဟာ သူမဟုတ်သလို၊ သူကလည်း ငါ မဟုတ်ဘူး။ လူတစ်ယောက် နှလုံးသား တစ်ခုစီနဲ့ ကိုယ့်တိုင်ပဲ နားဆင်ခံစား ပြုလုပ်နေကြရတာပါပဲ။
ဒါကြောင့် သူ့နှလုံးသားကို ကိုယ်နားဆင်၊ ကိုယ့်နှလုံးသားကို သူနားဆင်ကြည့်ပြီး၊ တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း နီးနီးလေး ဖြစ်လာအောင် လုပ်ကြဖို့ပါ။
__________________________________________
Apr 27.2016 | http://www.mymemo.cf/2016/04/post409.html credit: ဗောဓိသစ္စာ