ဒါတွေ မလုပ်နဲ့.. လာဘ်တိတ်တတ်တယ်.. - Kharann Media

Breaking

ဒါတွေ မလုပ်နဲ့.. လာဘ်တိတ်တတ်တယ်..


ကိုယ်ချစ်တဲ့ သားသား မီးမီးလေးတွေကို သိပ်ချစ်လို့ သူတို့ဓါတ်ပုံ ကို  အိမ်ခေါင်းရင်း နံရံ မှာ မချိတ် မိစေ နဲ့နော်..  လာဘ်တိတ်တတ်တယ်။

ထမင်းစားပြီးလို့ သွားကြားညပ်တဲ့အခါ  နီးစပ်ရာ ဘုရားစင် နတ်စင်က အမွှေးတိုင်တုတ်နဲ့ သွားကြား မထိုး မိစေနဲ့နော်.. လာဘ်တိတ် တတ်တယ်။

လစာထုတ်လို့ပဲဖြစ်ဖြစ်.. ဈေးရောင်း ရလို ပဲဖြစ်ဖြစ်  ပထမဆုံး ဦးဦး ဖျားဖျား ဝင်လာတဲ့ ငွေကို  စီးကရက် ဝယ်တာ၊ မီးသွေး ဝယ်တာ၊ မီးခြစ် ဝယ်တာ၊ ထင်း ဝယ်တာ၊ အမျိုးသမီး လစဉ် ပစ္စည်းဝယ်တာ၊ ဖိနပ် ခြေအိတ် ဝယ်တာ မျိုးတွေ မလုပ်မိစေနဲ့နော်.. လာဘ်တိတ် တတ်တယ်။

ပထမဆုံး လှူဖွယ် တစ်ခုခု အရင်ဝယ်ပြီး ဘုရား သို့မဟုတ် ရဟန်း တစ်ပါးပါးကို လှူပါလေ။

ဆေးလိပ်သောက်တတ်သူများ  အသစ်က ပြဿနာ မရှိပါဘူး။ စီးကရက် အတို၊ ဆေးပေါ့လိပ် အတိုတွေကို
တချို့က နားကြားမှာ ညှပ်ထား တတ်ကြတယ်။  မလုပ်ကြပါနဲ့ ခင်ဗျာ..   လာဘ်တိတ် တတ်တယ်။

ပြီးတော့ အိမ်ထောင်ဦးစီးရဲ့ ပုဆိုး/လုံချည်/အဝတ် အထည် တစ်မျိုးမျိုးကို  မသုံးတော့ရင် စွန့်ပစ် လိုက်ပါ။
လက်နှီးစုတ်လုပ်တာ၊ ကြမ်းတိုက်တာ၊ ကလေးအနှီး လုပ်တာတွေ မလုပ်ကြပါနဲ့.. လာဘ်တိတ် တတ်တယ်။

"အလုပ် မလုပ်သူ ထံသို့ လာဘ်လာဘ သည်  ရောက်မလာပါ..
အလုပ်လုပ်သူ အတွက်သာ လာဘ်လာဘ သည် ရောက်လာသည်။"

ပုံမှန် ဝင်ငွေထက် နည်းတာ..
ပုံမှန်ရောင်းနေကျ ပစ္စည်းတွေ မရောင်းရဘဲ ကျန်နေတာ..
ပုံမှန် လာနေကျ ဖေါက်သည် အလာ နည်းသွားတာ.. တွေဟာ
လာဘ်တိတ်သွားလို့ဖြစ်တာပါ။

ဆင်ခြင်ကြခြင်းဖြင့်  လာဘ်လာဘ များပွင့်လန်း၍ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ.......
__________________________________________
အဂ္ဂမောင်(ကံတလူလောကီပညာ)
Mar 22.2016 | http://www.mymemo.cf/2016/03/post375.html