(၁) အင်ဂျင် မီး (Engine check warning light)
အဝါ / အနီ မီးများ လင်းပါက အင်ဂျင် တွင် ချို့ယွင်းချက် တစ်စုံတရာ ရှိကြောင်း အချက်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် နီးစပ်ရာ ဝပ်ရှော့တွင် ပြသရပါမည်။
(၂) အင်ဂျင်ဝိုင် မီး (Oil pressure warning light)
အနီ လင်းပါက အင်ဂျင်ဝိုင် ကုန်သလောက် ဖြစ်နေသောကြောင့် လုံးဝ ဆက်မမောင်းသင့်ဘဲ အင်ဂျင်ဝိုင် ဖြည့်၍ ထပ်မံ စစ်ဆေးပြီးမှသာ ဆက်လက် မောင်းနှင်သင့်ပါသည်။ ထို့အပြင် နီးစပ်ရာ ဝပ်ရှော့သို့ သွားရောက်၍ အင်ဂျင်ဝိုင် လျော့ရခြင်း အကြောင်းရင်းအား မဖြစ်မနေ စစ်ဆေးရပါမည်။
(မှတ်ချက် - အင်ဂျင်ဝိုင်ခေါင်း ချို့ယွင်းမှုကြောင့် လည်းဖြစ်နိုင်ပါသည်)
(၃) Battery မီး (Battery charging warning light)
မီးအနီ လင်းပါက ခရီးဝေး ဆက်မမောင်းသင့်ပါ။ Battery သို့ အားမဝင်သဖြင့် လမ်းတွင် စက်ရပ် သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် နီးစပ်ရာ ဝါယာရိန်း ဆိုင်တွင် ပြသစစ်ဆေးရပါမည်။
(၄) ဘရိတ် မီး (Break warning light)
အဝိုင်းပုံ မီးအနီ လင်းလာပါက ဘရိတ်ဆီ မရှိခြင်း၊ ဘရိတ်စနစ် ချို့ယွင်းချက် ရှိခြင်းတို့ဖြစ်ပါသည်။ ဘရိတ် ဆီဖြည့်ပြီး မီး မလင်းတော့ပါက ဆက်လက် မောင်းနှင်နိုင်ပါသည်။ ဆီဖြည့်ပြီးသော်လည်း မီး ဆက်လင်းနေပါက သတိဖြင့် ဖြည်းဖြည်းမောင်းကာ နီးစပ်ရာ ဝပ်ရှော့တွင်စစ်ဆေးပြုပြင်ရပါမည်။
(၅) ရေ အပူချိန် မီး (Engine overheating warning light)
မီးအနီ လင်းလာပါက ဆက်မမောင်းသင့်ပါ။ စက်ရပ်ထားပြီး အင်ဂျင်အေးသွားသော အချိန် မှ ရေတိုင်ကီရေဖြည့်ကာ ဆက်မောင်း၍ နီးစပ်ရာ ဝပ်ရှော့တွင် ပြသရပါမည်။
(မှတ်ချက် - အင်ဂျင်ပူနေချိန်တွင် ရေတိုင်ကီ အဖုံးအား ဖွင့်မိပါက ရေပူများ တွန်းကန် ထွက်လာကာ မျက်နှာနှင့် ခန္ဓာကိုယ် အပူလောင် တတ်သောကြောင့်ဖြစ်ပါသည်)
(၆) လေအိတ် မီး (သို့) SRS မီး (Airbag warning light)
အနီရောင်လင်းလာပါက မောင်း၍ ရပါသော်လည်း ဘေးအန္တရာယ် ဖြစ်ချိန်တွင် လေအိတ် က လူကို ကာကွယ် မပေးတော့ပါ။ ထို့ကြောင့် Workshop သို့ သွားရောက် စစ်ဆေးရပါမည်။
(၇) တံခါး မီး (Open Door warning light)
ကားတံခါး ပွင့်နေသည့် ပုံစံ မီးလင်းလာပါက ကားအား ချက်ချင်း ရပ်တန့်ပြီး ကား တံခါးများကို စစ်ဆေး ၍ သေချာပြန်ပိတ်ကာ မီးမလင်းတော့ မှသာ ဆက်လက် မောင်းနှင်ရပါမည်။ (မှတ်ချက် - Door Switch များ ချို့ယွင်းပါကလည်း မီးလင်းနိုင်ပါသည်)
(၈) ABS မီး (Antilock breaking System Warning light)
မီး အဝါ ဖြစ်စေ၊ မီး အနီဖြစ်စေ လင်းလာ ပါက နီးစပ်ရာ ဝပ်ရှော့တွင် ချက်ချင်း ပြသ စစ်ဆေးရပါမည် ဟု အသိပေးဖော်ပြလိုက်ပါသည်…
__________________________________________
မင်းအောင်
Mar 23.2016 | http://www.mymemo.cf/2016/03/post374.html