သူငယ်ချင်းကောင်း ဟုတ် မဟုတ် သိနိုင်မယ့် အချက် ၅ ချက် - Kharann Media

Breaking

သူငယ်ချင်းကောင်း ဟုတ် မဟုတ် သိနိုင်မယ့် အချက် ၅ ချက်


သင့်ဆီမှာရှိတဲ့ သူငယ်ချင်းတွေ အများကြီးထဲက ဘယ်သူကတော့ သူငယ်ချင်းကောင်း၊ သင့်ကို တကယ်ခင်တဲ့ သူလား။ လိုလို့ ခင်ချင်ယောင်ဆောင်နေတာလား ဆိုတာကို အောက်ပါ အချက်လေးတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ သူငယ်ချင်းကောင်းတိုင်းမှာရှိတဲ့ စိတ်ထားလေးတွေပါ။ ထိုအချက်တွေနဲ့ ပြည့်စုံတဲ့ သူငယ်ချင်းမျိုး သင့်မှာ ရှိတယ်ဆိုရင် သိပ်ကို ကံကောင်းတဲ့ သူတစ်ယောက်ပါပဲ။

၁. နောက်ကွယ်မှာ အတင်းမပြောတတ်သူ
မိမိနဲ့ ပက်သတ်ပြီး မကောင်းတဲ့ အကြောင်း၊ အတင်း တုတ်တာမျိုးကို ကွယ်ရာမှာ ဘယ်တော့မှ မပြောဘူး။ မိမိလုပ်တာတွေ မှားနေတယ်ဆိုရင် နှစ်ယောက်တည်းရှိတဲ့ အချိန်မှာပဲ ပြောပြီး ပြင်ခိုင်းတာမျိုး၊ သတိပေး တာမျိုး ပြုလုပ်တတ်သူပါ။
၂. တိုက်ခိုက်တဲ့ စကားတွေ မပြောသူ
စကားပြောတဲ့အခါ တိုက်ခိုက်တဲ့ စကားတွေ၊ စိတ်ထိခိုက်စေတဲ့ စကားတွေကို မပြောဘဲ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောပါတယ်။ အကောင်းမြင်ဘက်က ကြည့်ပြီး စကားပြောတတ်တဲ့ သူပါ။
၃. အတိတ်က အကြောင်းတွေကို ပြန်ပြောပြီး အထင်သေးတာ မလုပ်တဲ့သူ
အတိတ်မှာ မိမိ မကောင်းခဲ့တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပြန်ဖော်ပြပြီး အနာဟောင်းကို အစ ပြန်ဖော်ပေးတတ်တဲ့ သူငယ်ချင်းမျိုး မဟုတ်ပါဘူး။ အတိတ်မှာ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်ပေးပြီး အမြဲ အားပေးတတ်တဲ့ သူပါ။
၎. အောင်မြင်မှုကို ထပ်တူ ခံစားပေးသူ
မိမိ အောင်မြင်မှု တစ်ခုခု ရတဲ့အခါ မနာလိုဝန်တိုခြင်း မပြုလုပ်ဘဲ မိမိနဲ့ ထပ်တူ ပျော်ရွှင်ပေးတဲ့ သူငယ်ချင်း ပါ။ ပျော်ရွှင်မှုဆိုတာ တစ်ယောက်တည်း ခံစားရတာထက် နှစ်ယောက် အတူတူ ခံစားလိုက်ခြင်းက ဆတိုး ပျော်ရွှင် စေနိုင်တာ အမှန်ပါ။
၅. ဝမ်းနည်းချိန်တိုင်း ဘေးနားမှာ နေပေးသူ
မိမိ ဝမ်းနည်းချိန်တိုင်း အားငယ်ချိန်တိုင်း ဘေးနားမှာ အမြဲ အားပေး နှစ်သိမ့်ပေးတတ်သူပါ။ မိမိ စိတ်မပျော်တဲ့ အချိန်ဆို ဟာသလေးတွေ ပြောပြီး စိတ် အပြောင်းအလဲ လုပ်ပေးတာမျိုး၊ မိမိ ပြောသမျှကို အချိန်ပေးပြီး နားထောင်ပေးတတ်တဲ့ သူငယ်ချင်းမျိုးပါ။
__________________________________________
credit to : Ayesay | MyMemo
Mar 11.2016 | http://www.mymemo.cf/2016/03/post346.html