ဝိတ်ကျချင်တဲ့အတွက် ဒီလိုတွေ လုပ်ဖို့မလိုပါဘူး - Kharann Media

Breaking

ဝိတ်ကျချင်တဲ့အတွက် ဒီလိုတွေ လုပ်ဖို့မလိုပါဘူး

ချို့ဝတဲ့သူတွေက ပိန်စေနိုင်မယ့် နည်းမျိုးစုံသုံးပြီး ဝိတ်ကျအောင် လုပ်ကြပါတယ်။ ရေရှည်လုပ်ရတဲ့ နည်းလမ်းတွေရှိသလို အမြန်ဝိတ်ကျအောင် လုပ်တဲ့နည်းတွေလည်း ရှိပါတယ်။ လေ့ကျင့်ခန်းတွေက အစမှာ အသုံးဝင်သလို ရှိပေမဲ့ ရပ်လိုက်တာနဲ့ တပြိုင်နက်ပြန်ပြီး ဝလာတတ်ပါတယ်။ ကိုယ်အလေးချိန် ကျချင်လွန်းအားကြီးတဲ့အတွက် အပင်ပန်းခံပြီး မလိုအပ်တာတွေပါ လုပ်မိတတ်ပါတယ်။ ဒါကြောင့် ရှောင်စရာ မလိုတဲ့ အကြောင်းတွေကို ပြောပြပေး ချင်ပါတယ်။

၁. အစာ မစားရမယ့် အချိန်သတ်မှတ်ထားတာ
ဝိတ်ကျချင်ရင် ည ၆၊ ၇၊ ၈ နာရီ နောက်ပိုင်း အစားမစားရဘူးလို့ ပြောတာကို သင်တို့ကြားဖူးကြမှာပါ။ တကယ်တော့ ဒါက မမှန်ပါဘူး။ အစာစားတဲ့အချိန်က ခန္ဓာကိုယ် အလေးချိန် တိုးခြင်း လျော့ခြင်းနဲ့ မဆိုင်ပါဘူး။ ကယ်လိုရီ ဘယ်လောက် ကုန်ဆုံးတယ်ဆိုတာသာ အရေးကြီးတာ ဖြစ်ပါတယ်။ ညဘက် ဆာတတ်တဲ့သူ ဆိုရင်တော့ အစာကြေလွယ်တဲ့ အစားအစာတွေ စားလို့ရပါတယ်။

၂. အသားဓာတ်၊အဆီဓာတ်တွေ လုံးဝမစားတော့တာ
လူအများစုက အလေးချိန်တိုးစေမယ်လို့ထင်တဲ့အစားအသောက်တွေ အားလုံးကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ အသိကြောင့် အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပါ ရှောင်မိတတ်ပါတယ်။ ပုံမှန်ခန္ဓာကိုယ် အလေးချိန်ကို ရရှိချင်တယ်ဆိုရင် အစာအာဟာရကို မျှတအောင် စားဖို့အရေးအကြီးဆုံး ဖြစ်ပါတယ်။

၃. အဆီနည်းတဲ့ အစားအစာများသာ စားသုံးတာ
တကယ်တော့ အဆီအနည်းဆုံး အစားအသောက်တွေက အရသာရှိစေဖို့အတွက် သကြားထည့်လေ့ ရှိပါတယ်။ ဒီသကြားဓာတ်က ဝိတ်တက်စေရုံမက အထူးသဖြင့် ဗိုက်ခေါက် အဆီတက်စေပါတယ်။

၄. ညစာလုံးဝမစားတာ
ပိန်ချင်တဲ့ အတွက် အစားတစ်နပ်လျှော့စားတာက ထိရောက်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဆာလောင်တဲ့ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး နောက်ပိုင်းမှာ အလွန်အကျွံစားခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အစားအစာများ၊ အသားဓာတ် စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အစားထိုးစားသုံးနိုင်ပါတယ်။

၅. လေ့ကျင့်ခန်းချည်းပဲလုပ်တာ
လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ကိုယ်စားချင်တဲ့ အစာကို စားလို့ရတယ်လို့ ထင်ရင်တော့ ကိုယ်လိုချင်တဲ့ အဖြေရရှိမှာ မဟုတ်ပါဘူး။ တစ်ပတ်မှာ ပေါင်တစ်ပေါင်ကျဖို့အတွက် တစ်နေ့ကို ၅၀၀ ကယ်လိုရီ လောင်ကျွမ်းဖို့ လိုပါတယ်။ တစ်နေ့ကို တစ်နာရီ အပြေးလေ့ကျင့်ရင်တောင် ကယ်လိုရီ ၂၈၀ လောက်ပဲ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသုံးပြီး လေ့ကျင့်ခန်းနဲ့ ပေါင်းစပ်မှသာ ခန္ဓာကိုယ် အလေးချိန် ကျဆင်းနိုင်မှာ ဖြစ်ပါတယ်။
__________________________________________
trend myanmar | ref : yourtango 
Mar 11.2016 | http://www.mymemo.cf/2016/03/post348.html