လက်ချောင်းလေးတွေကို စက္ကန့် ၆၀ လောက်နှိပ်ကြည့်တဲ့အခါ - Kharann Media

Breaking

လက်ချောင်းလေးတွေကို စက္ကန့် ၆၀ လောက်နှိပ်ကြည့်တဲ့အခါ


ကျန်းမာရေးနဲ့ သင့်လက်ချောင်းတွေ ဆက်စပ်နေလိမ့်မယ်လို့ တွေးကြည့်ဖူးပါသလား။ တကယ်တော့ သင့်လက်ချောင်းတွေကို နှိပ်ပေးခြင်း၊ ပွတ်သပ်ပေးခြင်းအားဖြင့် သင်ခံစားနေရ တဲ့ ဝေဒနာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

လက်မ
သင့်လက်မကို စက္ကန့် ၆၀ လောက် ပုံမှန် နှိပ်နယ်ပေးတာက နှလုံးနဲ့ အဆုတ်ကို အထောက်အကူ ပြုပါတယ်။ အအေးမိခြင်းနဲ့ အသက်ရှုရပ်ခြင်းလိုရောဂါတွေ အတွက် အထောက်အကူပြုပါတယ်။ နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

လက်ညှိုး
လက်ညှိုးကို စက္ကန့် ၆၀ လောက် ပွတ်သပ်နှိပ်နယ်ပေးမယ်ဆိုရင် အစာအိမ်နဲ့ အူရောဂါတွေကို သက်သာစေပါတယ်။ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာစေပါတယ်။

လက်ခလယ်
လက်ခလယ်က အိပ်မပျော်ခြင်း၊ စိတ်ငြိမ်ခြင်းများနဲ့ ဆက်စပ်နေပါတယ်။ ညဉ့်နက်တဲ့အထိ အိပ်မပျော်နိုင် လို့ စိတ်မသက်မသာ ဖြစ်နေရင် လက်ခလယ်ကို စက္ကန့် ၆၀ လောက်ပွတ်သပ်ပေးပါက စိတ်သက်တောင့် သက်သာနဲ့ မကြာမီ အိပ်ပျော်သွားနိုင်ပါတယ်။

လက်သူကြွယ်
လက်သူကြွယ်ကို ပွတ်သပ်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ အရည်ကြည်စနစ်ကို အထောက်အကူပြု ပါတယ်။ အရည်ကြည်စနစ်ဆိုတာ စစ်ထုတ်ပေးတဲ့အင်္ဂါတွေကတဆင့် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ စနစ်ဖြစ်ပါတယ်။

လက်သန်း
လည်ပင်းနဲ့ကျော နာကျင်နေခြင်းများအတွက် လက်သန်းကို ၁ မိနစ်ခန့် နှိပ်နယ်ပေးခြင်းဖြင့် သက်သာစေ ပါတယ်။ လက်သန်းနဲ့ လက်ဝါးပြင်က အာရုံကြောများစွာနဲ့ ဆက်စပ်နေတဲ့အတွက် ၎င်းတို့ကို နှိပ်နယ်ပေး ခြင်းက အာရုံကြောတွေကို တည်ငြိမ်စေပါတယ်။
__________________________________________
ref : higherperspectives | source : trendmyanmar
Mar 13.2016 | http://www.mymemo.cf/2016/03/post352.html