အချိန်မလောက်သူများအတွက် အိပ်စက်ခြင်းပုံစံသစ်များ - Kharann Media

Breaking

အချိန်မလောက်သူများအတွက် အိပ်စက်ခြင်းပုံစံသစ်များ

လူတော်တော်တော်များများက ညမှာ ၈ နာရီလောက်အိပ်၊ မနက်ကျ ပြန်ထ၊ ၁၆ နာရီလောက် နိုးနေ၊ အဲလိုမျိုးကို တစ်ခုတည်းသော အိပ်စက်ဖို့ ပုံစံအဖြစ် ထင်ထားကြတာပါ။ တကယ်တော့ အဲ့ဒါဟာ အိပ်စက်ခြင်းပုံစံ ငါးမျိုးထဲက monophasic sleep လို့ခေါ်တဲ့ တစ်မျိုးပဲ ရှိပါသေးတယ်။

တခြားလေးမျိုးမှာကျ အိပ်ချိန်ဟာ တစ်ဆက်တည်း မဟုတ်ဘဲ အပိုင်းလေးတွေ ပြတ်နေတာပါ။ အိပ်စက်ခြင်းရဲ့ အရေးကြီးဆုံး အပိုင်းဟာ အဆင့် ၄ REM အိပ်စက်ခြင်းပါ။ အဲဒီအဆင့်က ဦးနှောက်ကို အိပ်စက်ခြင်းရဲ့ အကျိုး အားလုံးနီးပါး ပေးပါတယ်။ အပိုင်းလေးတွေ ခွဲပြီး အိပ်တဲ့အခါမှာ တစ်ဆက်တည်း အိပ်စက်သလို REM အဆင့်ရောက်ဖို့ ၄၅ မိနစ်ကနေ ၄၅ မိနစ်အထိ မကြာဘဲ ချက်ချင်းတန်းဝင်နိုင်အောင် ကူညီပေးပါတယ်။ အဲဒါကြောင့် ၈ နာရီ တကယ် မအိပ်ဘဲ ၈ နာရီ အိပ်ရသလို ခံစားရစေပါတယ်။ အဲဒီ တခြားပုံစံလေးမျိုးကတော့...

Uberman Cycle
လေးနာရီကို တစ်ခေါက် မိနစ် ၂၀၊ ၃၀ လောက် အိပ်တာပါ။ တစ်နေ့ကို ၆ ကြိမ် အိပ်တာပါ။ Uberman ဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး နိုလာရင် လန်းဆန်းနေတယ်၊ အိပ်မက်ကောင်းတွေလည်း မြင်မက်စေပါတယ်။ ဒါပေမယ့် အိပ်ချိန် ၆ ကြိမ်မှာ တစ်ချိန်မှ ကျော်သွားလို့ မရ ပါဘူး။ ကျော်သွားရင် အရမ်း ပင်ပန်းပြီး အိပ်ချင်လာမှာပါ။



Everyman Cycle
သုံးနာရီ ကြာအောင် တစ်ခါအိပ်တယ်၊ မိနစ် ၂၀ သုံးခါ အိပ်တယ်၊ ဒါမှမဟုတ် ၁ နာရီခွဲ တစ်ခါအိပ်တယ်၊ မိနစ်၂၀ လေးငါးခေါက် အိပ်တာပါ။ အိပ်ချိန် တစ်ခုနဲ့ တစ်ခုကြား တူညီတဲ့အချိန် ခြားနေရပါမယ်။ ဒီ ပုံစံဟာ Uberman ထက် ပြောင်း လဲဖို့ လွယ်ကူပြီး အိပ်ချိန်ကျော်သွားရင်လည်း အရမ်း မပင်ပန်းပါဘူး။ တစ်နေ့ကို စုစုပေါင်း ၃၊ ၄ နာရီ အိပ်တာနဲ့ တစ်ညလုံး အိပ်ရသလို အကျိုးရစေ ပါတယ်။ ရေရှည်မှာ ကျန်းမာရေးထိခိုက်မှု မရှိပါဘူး။


Dymaxion Cycle
၆ နာရီခြားတစ်ခါ မိနစ် ၃၀ လောက် အိပ်တာပါ။ အဲဒါ တစ်နေ့ကို အိပ်ချိန် ၂ နာရီပဲ ရှိပါတယ်။ ဒီ အိပ်ချိန်ပုံစံကို နှစ်ပေါင်းများစွာ ဆက်တိုက် သုံးတဲ့လူ တစ်ယောက်ကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ လုံးဝ ကျန်းမာရေး ကောင်းမွန် တာကို တွေ့ရပါတယ်။ ဒီဟာက အပေါ် လေးမျိုးထဲမှာ အပြင်းထန်ဆုံးနဲ့ အကျိုးရှိဆုံး အိပ်ချိန်ပုံစံပါ။


 
Biphasix Cycle
တက္ကသိုလ်ကျောင်းသားတွေ အိပ်တဲ့ပုံစံပါ။ ညမှာ လေးနာရီ၊ လေးနာရီခွဲ အိပ်ပြီး နေ့လည်လောက်မှာ မိနစ်ကိုးဆယ်လောက် ထပ်အိပ်တာပါ။ တစ်ဆက်ထဲ ၈ နာရီအိပ်တာထက်တော့ အချိန်ပိုထွက်လာပါတယ်။





ဘယ်ပုံစံက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။ ဒါပေမယ့် Uberman သို့မဟုတ် Dymaxion ကို ရွေးရင်တော့ သင် သုံးရက်ကနေ ၁၀ ရက်အထိ ခန္ဓာကိုယ်က လိုက်လျော ညီထွေ မဖြစ်သေးခင် Zombie ရုပ်ပေါက်နေမယ်ဆိုတာ သတိပြုပါ။

သင် အပေါ်က အိပ်နည်းတွေထဲက တစ်မျိုးမျိုးကို ရွေးမယ်ဆိုရင်

  • သင့်အိပ်ရာကို အိပ်လို့အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
  • နိုးနေတဲ့ အချိန်အသစ်တွေမှာ လုပ်စရာတစ်ခုခု ကြိုရှာထားပါ။
  • ၃ ပတ်လောက် ခွင့်ယူထားပါ။ အလုပ် ဒါမှမဟုတ် ကျောင်းကို Zombie ပုံစံနဲ့ သွားချင်မှာ မဟုတ်ပါဘူး။
  • ၂ ပတ်လောက်ကြာရင် သင် ပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်။ သည်းခံပြီးစောင့်ပါ။ အိပ်ချိန် အသေးလေး တွေကို ကျော်လိုက်တာမျိုး၊ မနေနိုင်တော့လို့ အိပ်လိုက်တာမျိုး လုပ်မိရင် အစက ပြန်စရပါလိမ့်မယ်။
  • အိပ်ရာထဖို့အတွက် နေရောင်ခြည်လိုမျိုး သဘာဝနည်းလမ်းတွေ သုံးပါ။
__________________________________________
source : gentleman
 Mar 15.2016 | http://www.mymemo.cf/2016/03/post354.html