မြန်မာနိုင်ငံ ကားလောကထဲကို အများဆုံးဝင်ရောက်လာတဲ့ကားများက အော်တိုဂီယာ ကားများပါ။ သူတို့နဲ့ပတ်သက်တဲ့ အခေါ်အဝေါ်လေးများကိုလည်း တတ်နိုင်သလောက် အတိအကျ သိထားစေချင် တယ်။ ဂီယာထိုးပုံ နည်းစနစ်ကိုလည်း စနစ်တကျသိထားစေချင်လို့ပါ။
P = Parking position
ကားရပ်နားထားတော့မယ်ဆိုရင် ဒီနေရာကို ဂီယာတံပြောင်းထားပါ။ သို့မှသာ ကားသော့ကို ဖြုတ်လို့ရ ပါမယ်။ ဒီနေရာ မရောက်မချင်း သော့ချွတ်လို့မရပါ။ စတတ်တာ ဆိုတဲ့ စက်နိုးလို့ရနိုင်မယ့်နေရာ တစ်ခုပါ။ ဟန်းဘရိတ်ဆွဲစရာမလိုအောင် ကားဘီးများကိုလည်းချုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

R = Reverse position
မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့ Back Gear ပါ။ ကား နည်းပညာမှာတော့ ဘက်ဂီယာ ဆိုတာမရှိပါ။ လည်နိုင်တဲ့အရာတစ်ခုခုကိုနောက်ပြန်လှည့်ပေးလို့ Reverse လို့ အတိအကျခေါ် လိုက်ပါတယ်။ သေချာသတိထားကြည့်ပါ။ ကားကနောက်ကို ပြန်လှည့်သွားတာမှမဟုတ်တာ။ ဘီးတွေ ကိုပြောင်းပြန် ပြန်လည်ခိုင်းလိုက်တာလေ။

N = Neutral position
မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့ ဂီယာဖရီးဆိုတာကြီးပေါ့။ တချို့စက်ပြင်များကိုယ်တိုင် Normal လို့ခေါ်ကြပြန်သေးတယ်။ ဒီနေရာမှာ ဘာဂီယာမှမရှိတော့ လွတ်လွတ်လပ်လပ်ကြီး ဖြစ်နေလို့ ဖရီးဖြစ်နေတာကို အတင်းမွေးစားစကားယူသုံးရင်းနဲ့ ၁၀၀ မှာ ၉၉ ယောက်လောက်ခုထိ အမှားမှတ် အမှတ်မှားနေကြတာပါ။ ကားဝေါဟာရမှာဖရီးဆိုတာကိုမသုံးပါဘူး။ အရှိန်ပြောင်း Gear Position အမျိုးမျိုးရှိနေပေမယ့် ဒီနေရာမှာဂီယာတံကိုထားလိုက်ရင် ဘယ်နေရာကိုမှမရောက်ပဲ ကြားမှာပဲနေလို့ Neutral လို့ခေါ်ထားပါတယ်။ တစ်နည်းအားဖြင့် ဘက်မလိုက်ဘူးပေါ့။

နမူနာ » ပါတီခေတ်တုန်းက မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောဝါဒနဲ့ ကြားနေနိုင်ငံအဖြစ် Neutral Policy ကို ကျင့်သုံးသောကြွေးအထူဆုံးနိုင်ငံဖြစ်သည်ဟုကြွေးကြော်သံကို သတင်းစာထဲမှာ ကြားဖူးနေကျ ဒီစကားလုံးပါ။
D = Drive position
ဒါကတော့ရှင်းပါတယ် Drive ဆိုတာ မောင်းနှင်တော့မယ့်အချိန်မှာသုံးပါတယ်။ ဂီယာနံပါတ် အချက်ရေ ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့်ပြောင်းပေးပါလိမ့်မယ်။
ဒါကတော့ရှင်းပါတယ် Drive ဆိုတာ မောင်းနှင်တော့မယ့်အချိန်မှာသုံးပါတယ်။ ဂီယာနံပါတ် အချက်ရေ ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့်ပြောင်းပေးပါလိမ့်မယ်။
2 = 2 speed
အများဆုံးအရှိန်ပြောင်း ၂ ခုပဲ ချိန်းပေးပါမယ်တဲ့။ ဒီနေရာမှာ ဂီယာစထိုးပြီးထွက်လည်းရပါတယ်။ ဘာထိုးထိုး စထွက်မှာ 1 နဲ့ပဲစထွက်မှာပါ။ အရှိန်ရလာရင် နောက်တစ်ချက်ထပ်ချိန်းပေးမယ်။ ဒါပါပဲ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်တယ်။ မြေပြန့်မှာ မေ့ထိုးမိရင် ကားကလည်း တော်တော်ပြေးပေ မယ့် မလိုအပ်ဘဲ ဆီစားခြင်းကိုခံရပါမယ်။

L = Low speed
အနိမ့်ဆုံး ဂီယာပါ။ ဘုရားစူး မိုးကြိုးပွတ်.. No.1 ဆိုတဲ့ ဂီယာတစ်ချက်ပဲပြောင်းပေးထားပါတယ်။ အရှိန်ဘယ်လောက်ရောက်ရောက်.. ဒါပါပဲ..ဒါပါပဲ.. အမတ်စောက်ဆုံးတောင်တက်တဲ့အခါ ဆင်းတဲ့အခါ သုံးပေးရပါတယ်။ နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါ မလုပ်မဖြစ်လုပ်ရပါတယ်။ တချို့ကားလေးတွေမှာ B လို့ပြောင်းသုံးပါတယ်။ basic ပဲလို့နားလည်လိုက်ပါ။

အော်တိုဂီယာနဲ့ပတ်သက်လို့တော့ မသိမဖြစ်သိထားဖို့ နောက်ထပ်ပြောစရာ ၂ ခုမကကျန်သေးတယ်။ ကားဝေါဟာရမှာ ဂီယာတံလို့မခေါ်ပါဘူး။ ကုတ်သဘောမျိုး အတံဖြစ်နေလို့ လီဗာ လို့ခေါ်ပါတယ်။ ဒီမှာတော့ စက်ကိုအရှိန်မြှင့်တဲ့ဟာကို လီဗာတဲ့။
ခြေထောက်နဲ့နင်းမှကားကိုပြေးခိုင်းတဲ့အရာက အမှန်တော့ acceleration pedal လို့ခေါ်ပါတယ်။ ဒီလိုပြောပြီး ကားပြင်ခိုင်းရင် ဘယ်သူမှနားမလည်ကြလို့ စိတ်ထဲကအဲ့လိုခေါ် ပါးစပ်ကတော့ လီဗာလို့ခေါ် လိုက်ပါ။
ခြေထောက်နဲ့နင်းမှကားကိုပြေးခိုင်းတဲ့အရာက အမှန်တော့ acceleration pedal လို့ခေါ်ပါတယ်။ ဒီလိုပြောပြီး ကားပြင်ခိုင်းရင် ဘယ်သူမှနားမလည်ကြလို့ စိတ်ထဲကအဲ့လိုခေါ် ပါးစပ်ကတော့ လီဗာလို့ခေါ် လိုက်ပါ။
ဂီယာတံကတော့ အမှန်က ဂီယာဘောက်ကို ထိုးထားတဲ့အတံမို့ခေါ်လိုက်တာ နဲနဲတော့ သဘာဝကျပေမယ့် အရှိန်အမျိုမျိုးပြောင်းကာ ထုတ်လွှတ်ပေးနေတဲ့ Transmission ဆိုတဲ့ ထုတ်လွှတ်မှု ဖြစ်စဉ်အမျိုးမျိုးကို ပြောင်းရွှေ့ခိုင်းတဲ့ shift ဆိုတဲ့ စကားကိုသုံးပေးထားတဲ့ ကုတ်မောင်းတံကြီး Lever အားလုံးကိုပေါင်းခေါ်မှ ပိုမိုပြီးပြည့်စုံလို့ ဂီယာတံကို ပုံကျပန်းကျ စတိုင်နဲ့ ကျွန်တော့် ကားက Transmission Shift Lever ကသိပ်ထိုးလို့မကောင်းလို့ ကြည့်ပေးပါဆိုပြီး စက်ဆရာကိုပြောကြည့်လိုက်ပါလား။
အွမ်.. လို့ ပြန်ပြောသံကြားရမယ်။ စိတ်တိုတဲ့ ဆရာနဲ့တွေ့ရင်လည်း သူကိုင်နေတဲ့ ဂွနဲ့ကောက်ပေါက်တာ ခံရလိမ့်မယ်။ ဒါကိုလည်း သိသာသိစေ၊ အသံမထွက်မိကြစေနဲ့။ စိတ်ထဲကတော့ ဒီအတိုင်းပြော ပါးစပ်ကတော့ ဂီယာတံ လို့ပဲ ငပိသံနဲ့ ပယ်ပယ်နယ်နယ်တွယ်လိုက်ပါ။

အော်တိုဂီယာများမှာ မပါမဖြစ်ပါနေကျ ဘုသေးသေးလေးတစ်ခုရှိသေးတယ်။ အနီ သို့မဟုတ် အခြား အရောင်နဲ့လည်းရှိတတ်တယ်။ ဒါလေးကိုတော့ အတိအကျ Shift Lock လို့ရေးထားတယ်။ ဒါလေးက အော်တိုဂီယာတပ် ကားများစက်နှိုးလို့မရဘဲ ဖြစ်ဖြစ်၊ ဘက်ထရီဒေါင်းနေတဲ့အခါပဲဖြစ်ဖြစ် ကားကို တွန်းရတော့မယ်၊ ရွှေရတော့ မယ်ဆိုပါစို့.. ဒီအချိန်မှာဂီယာတံကို P နေရာမှ ကြိုက်ရာတစ်ခုခုကိုရွှေ့ဖို့ အရေးပေါ်လက်နဲ့ဖြုတ်ခိုင်းတဲ့ မင်နူရယ်လော့ပါပဲ။
အရေးပေါ်ကားရွှေ့ဖို့အတွက် လက်တစ်ဘက်နဲ့ ဘုလေးကိုအရင်နှိပ်.. ပြီးရင်လည်း ကျန်တစ်ဘက်နဲ့ ဘုကြီးကို လည်းနှိပ်ပြီး N နေရာကိုသာပြောင်းလိုက်ပါ။ ကြားနေပေါ်လစီလေ..အော်မေ့လို့ သော့ကိုတော့ စတတ်မနိုးခင်နေရာအထိဖွင့်လိုက် ရတယ်။ ဘရိတ်ကိုလည်း ကလပ်လိုသဘောထားပြီး နင်းထားအုံး.. ဒါမှလိုအပ်တဲ့ မဂ္ဂနက်တွေ ကက်တောက်တွေ ပွင့်သွားမှာ.. ဘုကြီးက Release ပြန်လုပ်နိုင်မှာလေ..
အဆန်းတစ်ခုပြောပါ့မယ်.. စက်ရပ်နေတဲ့အချိန်မျိုးမှာ အော်တိုဂီယာမှာ P နေရာတစ်ခုပဲ ကားကို ချုပ်ထား ပါတယ်..။ P နေရာကနေ ကျန်နေရာတစ်ခုခုကိုပြောင်းထားပြီး ကားကို တွန်းကြည့်ရင် ကားကရွေ့ ပါတယ်..။ R ရောက်နေလည်း ဖရီး၊ D ရောက်နေလည်း ဖရီး၊ 2 မှာထားလည်း ဖရီး၊ ဒီသဘောမျိုးပါ..။ စက်နိုးမှ သက်ဆိုင်ရာအလုပ်ကို လုပ်ပါတယ်။ စက်သေနေရင် သူတို့လည်းသေနေတယ်ပေါ့။ အသက်မဝင်ပါ။ စက်နှိုးရင်တော့အသက်ဝင်မှာပါ။ ဒီတော့ ဒီနေရာတွေမှာ ဂီယာတံရောက်နေရင် စက်နှိုးမရအောင် လုပ်ပေးထားပါတယ်။
အဓိက P ဆိုတဲ့နေရာရယ်၊ N ဆိုတဲ့ဖရီးရယ်မှာ ဂီယာတံရှိမှ စတတ်တာ ခလုတ်ကို ဖွင့်ပေးပါ တယ်။ တော်လိုက်တာ.. မယုံရင်စမ်းကြည့်...
တချို့များ ကားကိုမောင်းလာရင်းနဲ့ ဆိုတော့ D မှာပေါ့... လမ်းမှာ အချစ်နဲ့တွေ့တော့ အချစ်ရေ နေလို့မှကောင်းရဲ့လား.. ဘာညာကွိကွ ရပ်စကားပြောတော့.. ဆီကုန်မှာစိုးလို့ ဘရိတ်နင်း လျက်နဲ့ သော့ပိတ်စက်ရပ်လိုက်ပါတယ်။ ပြီးမှ စက်ပြန်နှိုးကြည့်တော့ စတတ်တာ လိုင်းအောက်သွားပါပြီ..။ D ဆိုတဲ့နေရာမှာရှိနေလျက်ကိုး.. စောစောက ဖွန်ကြောင်နေမိတော့ ပြာပြာသလဲဖြစ် နောက်ကားကလည်း ဟွန်းတီးတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့ ဟင်းန်ဘရိတ်ကိုဆွဲပြီး နီးစပ်ရာကို ပလိစ်ဟက်ပ်မီး လုပ်ကြပါအုံးဗျာ.. ခု စက်နှိုးလို့မရတော့ဘူး.. ဘက်ထရီဒေါင်းသွားတာထင်ပါရဲ့.. ဆိုပြီး ဘက်ထရီနဲ့ထောက်နှိုးဖို့ထိကြိုးစားကြပါတယ်။
ဒါတွေက တကယ်ကြုံဖူးတဲ့ဖြစ်ရပ်များစွာထဲကတစ်ခုပါ။ တချို့ကမီးပွိုင့်မှာ ဆီစားမှာစိုးလို့ ဘရိတ်နင်းလျက် စက်သတ်.. D မှာတော့ထိုးလျက်ပဲ.. မီးစိမ်းတော့ပြန်နှိုးကြည့်.. အထက်ကပြောတဲ့ဖြစ်စဉ်အတိုင်းပါပဲ..
ပြောမယုံ ကြုံဘူးမှသိလိမ့်မယ်.. တချို့ကလည်း ဂီယာကို N မှာဖရီး ရိုက်တယ်ဆိုပြီးထား.. ဟင်းန်ဘရိတ်ကိုဆွဲပြီးကားရပ်.. သော့ချွတ်လို့ မရတော့ပါဘူးရှင့်.. လုပ်ကြပါအုံး.. ဆိုပြီးသော့ပြင်ကုလား လည်း သွားခေါ်ကာသော့ချွတ်ခိုင်းတဲ့အဖြစ်လည်းတွေ့ဘူးတယ်..။
ဒီတော့ အပြီးသတ်အမိန့်ချမှတ်လိုက်မယ်..
၁. ကားရပ်ရင်... P အမှာအမြဲထား.. ဟင်းန်ဘရိတ်၊ ထမင်းဘရိတ်ကိုဆွဲထားတဲ့ အကျင့်ကိုတော့ မမေ့တတ်ရင်တော့လုပ်.. အမှန်က-နေရာတကာဟင်းန်ဘရိတ် မလိုဘူး..။ ကုန်းဆင်းကုန်းတက်မှာ ကားကြာကြာရပ်မှလိုတယ်။ ဟင်းန်ဘရိတ် ပြန်ဖြုတ်ဖို့မေ့တတ်တယ်..။ တချို့ ဟင်းန်းဘရိတ်က လက်နဲ့မချတော့ဘူး။ ခြေထောက်နဲ့ချဖို့ ဘယ်ဘက်ခြေထောက်နားက ပေါင်ကြိုပေါင်ကြားနား မှာ ခြေနင်းပြားသေးသေးလေးနဲ့ထားကြတယ်..။ ကျန်တဲ့ ရိုးရိုးလက်ကိုင်နဲ့ထားတဲ့ဟာလည်း ထိုင်ခုံ ၂ ခုံကြားပေမယ့်.. ကျုပ်လည်းမေ့တတ်တယ်..ခင်ဗျ..

၂. ဆီကုန်မှာစိုးလို့ဆိုပြီး မီးပွိုင့်မှာစက်မသတ်နဲ့ စက်သတ်ထားရင်တောင် P မှာထားလိုက်.. အာရုံများစွာနဲ့ ပြန်နှိုးရင် ချက်ချင်းနိုးမယ်.. ခုခေတ်မှာ လက်ကိုင်ဖုန်း ဖက်ရှင်ကိစ္စများကိုလည်း ထည့်ပြောပေးရသေးတယ်.. N မှာထားလည်းရတာပဲလို့ ပြန်မပြောနဲ့။ ဘရိတ်နင်း မထားရင်နောက်ပြန် ကား လိမ့်မယ်..
၃. ကားပေါ်တက်တာနဲ့ ဘရိတ်ကိုအရင်နင်း၊ သော့ထည့်၊ ဒီအတိုင်းနှိုး၊ လီဗာနင်းစရာမလိုဘူး.. Idle Speed ဆိုတဲ့ စလိုးအပတ်ရေကို ဂါဗနာဆိုတဲ့ အရာများက ခင်ဗျားအစားလုပ်ပေးလိမ့်မယ်..
၄. ဘရိတ်က ကလပ်အလုပ်ကိုပါ လုပ်နေတယ် ဆိုတာ ခင်ဗျားမှတ်ထားပါ.. ပိုင်ပိုင်နိုင်နိုင် နင်းထားမှ လိုချင်တဲ့ နေရာကိုထိုးနိုင်မှာ..။
၅. ရိုးရိုး AT ဂီယာတံပေါ်က ဘုကြီးကိုချုပ်ထားတဲ့ဟာတွေကို ပြန်ဖြေဖို့ Release Button လို့ခေါ်တယ်.. ဒါကိုနှိပ်ပြီးနောက်ကို စရွှေ့လိုက်ရင် တီ-တီ-တီ-လို့ကြားလိမ့်မယ်.. အဲ့ဒါ ဘက်ဂီယာ အန္တရာယ်ရှိလို့ အသံပေးနေတာ..။ အသံကြားလိုက်ရင် ဘုကိုမနှိပ်နဲ့တော့.. ဒီအတိုင်းသာသာယာယာ နောက်ကို တစ်ဆင့်ထပ်ရွှေ့ကြည့်။ N ဆိုတဲ့ခင်ဗျားတို့ပြောနေကျဖရီး.. ဘု-နှိပ်စရာမလိုဘူး..။ နောက်ထပ်ရွှေ့ကြည့်.. ကားစမောင်းမယ့် D ကိုရောက်ပါပြီ.. ဘရိတ်ကို စလွှတ်ကြည့်.. ကလပ်ကြွသလို ဖြစ်သွားလို့.. ကားကစရွေ့ပြီပေါ့..။ ရှေ့ကိုမောင်းနေသ၍ ဘုကြီးကိစ္စကိုမေ့ထားလိုက်... D ကနေအောက်ဘက် 2ကိုလည်း ဒီအတိုင်းရွှေ့ ရတယ်.. L-အထိတော့မရပါ.. ဘုနဲ့ တားထားပါတယ်ခင်ဗျာ.. မဝင်သင့်တဲ့-နေရာကိုဝင်သွားမှာစိုးလို့ပါ.. L ကတော့ လုံးဝရပ်လျက် ဖြစ်စဉ်နီးပါးမှာ အသုံးလိုမှ ဘု-ကြီးနှိပ်ပြီးထိုးရမှာ.. ဥပမာ..တောင်တက်၊ တောင်ဆင်း၊ ဗွက်နစ် တဲ့အခါမျိုး..
၆. D ကနေ ဆီစားသက်သာအောင် ဖရီးရိုက်ချင်ပါသလား.. တက်စီမင်းအပေါင်းသူတော်ကောင်းတို့.. ဘု-ကြီးမနှိပ်ဘဲ ဒီအတိုင်းရှေ့ကိုပို့လိုက်.. N ရောက်သွားမယ်.. ပြန်မောင်းချင်ရင် ဒီအတိုင်းပဲ နောက်ကို ပြန်ပို့ D ပြန်ရောက်မယ်..။ အတိုဆုံးပြောမယ်.. ဘုကြီးကိုအားတိုင်းယားတိုင်း အမြဲနှိပ်ပြီး ဂီယာမျိုးစုံကို ထိုးနေတဲ့သူများ.. ခုကစလို့သတိချပ်ကြပါ..။ ဘုကြီးကို ကားလုံး၀ ရပ်သွားမှ စဉ်းစားပါ.. မဝင်သင့်တဲ့နေရာကို လွယ်လွယ်ကူကူ မဝင်အောင် တားထားပါတယ်ဆိုတာ..။ D-နဲ့မောင်းနေရင်း ဘုကိုနှိပ်ပြီးရှေ့ကိုပို့လိုက်တယ်ဆိုပါစို့.. အားလွန်သွားရင် N နေရာကျော်တာနဲ့ R နဲ့စတွေ့မယ်..။ R နေရာကျော်ရင် P ထိရောက်သွားလိမ့်မယ်..။ ဒါကိုတော့ မျက်စိမှိတ်ပြီး ယုံလိုက်ပါ.. ယောင်လို့တောင် သွားမစမ်းပါနဲ့။
ဘာမဆို ကျွမ်းကျင်မှုဟူသည် ကြိမ်ဖန်များစွာလေ့ကျင့်ခြင်းမှ ရရှိလာသည်.. ဆိုတဲ့ စကားလေး ကိုနှလုံးသွင်းကာ ကြိုတင်ခါ အချိန်ရသလောက် ဇာတ်တိုက်ခါလေ့ကျင့်ခြင်းအားဖြင့် မိမိတို့ရဲ့ Driving Skill လေးများကို တိုးတက်အောင်လေ့ကျင့်ထားဖို့ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း...

__________________________________________
ကားမိတ်ဆွေများကိုခင်မင်လျက်.. ကိုသက်
Mar 21.2016 | http://www.mymemo.cf/2016/03/post368.html