ဆေးလိပ်သောက်သူများ ဖြစ်လေ့ရှိသည့် ဘားဂါး (Buerger) ရောဂါ - Kharann Media

Breaking

ဆေးလိပ်သောက်သူများ ဖြစ်လေ့ရှိသည့် ဘားဂါး (Buerger) ရောဂါ


ဘားဂါး (Buerger) ရောဂါ ဆိုတာဘာလဲ »
ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ် အလတ် ရှိသော သွေးလွှတ်ကြော နဲ့ သွေးပြန်ကြောတွေ ယောင်ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေ ခြင်းကို ဆိုလိုပါတယ်။ ဒါဟာ ဆေးလိပ်သောက်သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါ တယ်။ ဆေးလိပ်သောက်သုံးသူများ အပါအဝင် ဆေးလိပ် မသောက်ပေမယ့်လည်း ဆေးရွက်ကြီး စားသုံးသူတွေ Tobacco နဲ့ပတ်သတ်တဲ့ ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ်။

အဖြစ်များစေတဲ့ အချက်တွေ »
စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ။ ဆေးလိပ် အရမ်းသောက် သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူးနှုန်း သောက်သုံးသူတွေဟာ ဘားဂါးဖြစ်စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ်။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင် ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ Tobacco မှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ်။ သူတို့ကို ရောင်ရမ်းလာစေပါတယ်။ ဘားဂါးဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးနေ သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေ ပါတယ်။

ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ »

  1. ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း၊ လက်များနာကျင်လာခြင်း၊ လက်မောင်းများ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း။
  2. သင့်ရဲ့လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း။
  3. လက်ချောင်းလေးတွေနဲ့ ခြေမ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာခြင်း အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယ်။ ဒါကို Raynaud's phenomenon လို့ခေါ်ပါတယ်။

ဘားဂါးကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ »
ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် သင့်ရဲ့ လက်တွေ ခြေထောက်တွေ ကို သွေးပို့မှုနှုန်းသွေး စီးဆင်းမ ှုနှုန်း နည်းလာပါတယ်။ ဒါဟာ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေစီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ (Blood clots) ရှိနေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သွေးတွေ က အောက်ဆီဂျင်နဲ့ အာဟာရတွေကို တစ်ရှူးတွေဆီကို မပို့ပေးနိုင်တော့ပါဘူး။ ဒါကြောင့် ခြေဖျား လက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှူးလေးတွေ သေဆုံးသွားပါတယ်။ ဒါကို gangrene လို့ခေါ်ပါတယ်။ ဂမ်ဂရင်း ရဲ့ လက္ခဏာတွေကတော့ အရေပြားဟာ အမဲရောင်၊ အပြာရောင်ပြောင်းသွားခြင်း၊ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း၊ ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ်။ ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

ကုသမှုနဲ့ ဆေးဝါးတွေ »
ဘာကုသမှုမှ ဘားဂါးကို မကုနိုင်ပါဘူး။ သင့်ရဲ့ ဆရာဝန်ကလည်း သင်ဖြစ်နေတဲ့ ခံစားမှုတွေ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှုအမျိုးမျိုးနဲ့ ချဉ်းကပ်ရုံပဲ ရှိပါလိမ့်မယ်။ အဲဒါတွေကတော့-

  1. သင်ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးနိုင်တဲ့ ဆေးဝါးတွေ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ သင့်ရဲ့ သွေးကြောတွေ ရောင်ရမ်းမှု သက်သာအောင် ဆေးပေးခြင်း။
  2. သင့်ရဲ့ သွေးလည်ပတ်မှုကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲ သွားအောင် ဆေးပေးခြင်း (ဥပမာ Cilostazol)
  3. ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း (ဒါကတော့ နာတာကို သက်သာစေဖို့ပါ)
  4. ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း (အကယ်၍ ပိုးဝင်နေတယ် ပုပ်နေပြီဆိုရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်)

ဘယ်လိုကာကွယ်မလဲ »
သင်ဟာ ဘားဂါးဖြစ်နေပြီလို့ သိတာနဲ့ တပြိုင်နက် ဆေးလိပ်သောက်သုံးတာကို ချက်ချင်း ဖြတ်ပစ်ရမှာ ဖြစ်ပါတယ်။ ထူးဆန်းတာတစ်ချက်ကတော့ သင်ဆေး လိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက် သင့်ရဲ့ ခြေ လက်တွေ သွေးကြောတွေရောင်ရမ်း နေတာတွေ ချက်ချင်းသက်သာသွားခြင်း ဖြစ်ပါတယ်။ ဆေးလိပ် အချိန်မှီဖြတ်ပစ်တဲ့ လူအများစုဟာ ခြေလက်တွေ ဖြတ်ပစ်စရာ မလိုအပ်တော့ပါဘူး။ ဆက်သောက်နေ မယ်ဆိုရင်တော့ သင်ရဲ့ ဘားဂါးကို ပိုဆိုးစေပြီး သင့်ရဲ့ ခြေလက်တွေ ဖယ်ရှားပစ်ခံရမှာ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲလှပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ အများစုထဲက တစ်ယောက် ဆိုရင် သူတို့လိုပဲ အတိတ်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးမှာပါ။ ဒါပေမယ့် အောင်မြင်ခဲ့မှာ မဟုတ်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့် ပြဿနာကို ပြောပြပါ။ သင့်ဒုက္ခကို ကူညီပေးနိုင် မယ့် ဆေးဝါးတွေ ရှိပါတယ်။ ပီကေဝါးခြင်းနဲ့ စိတ်အာရုံပြောင်းခြင်း။ နောက်တစ်ခုကတော့ နီကိုတင်း အစား ထိုး ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နီကိုတင်းကလည်း ဘားဂါးကို ပိုဆိုးစေတဲ့အရာဖြစ်တဲ့အတွက်ပါ။ နောက်တစ်နည်းကတော့ ဆေးလိပ်ဖြတ် ပရိုဂရမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ဆေးရုံ ဆေးခန်းမှာ ရက်အနည်းငယ်သွားနေပြီး ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တွေမှာ သင်ဟာ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း၊ ကုသိုလ်ရေးတွေ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို Tobacco free world ထဲကိုခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အိမ်မှာနေရင်းနဲ့ ဘာတွေ လုပ်ဆောင်မလဲ »
သင့်မှာ ဘားဂါး ရှိနေပြီဆိုရင် သင့်ခြေချောင်းတွေလက်ချောင်းတွေကို ဂရုစိုက်ပါ။ သင့်ရဲ့အရေပြားပေါ်က ခြစ်ရာ ရှရာတွေကို သတိထားပါ သင်ဟာ အာရုံခံစားမှု ရှိနေသေးလား မရှိတော့ဘူးလား ဆိုတာ စမ်းစစ်ပါ။ ခြေလက်တွေ အေးနေခြင်းဟာ သင်ဟာ ပိုးမွှားအလွယ်တကူ ဝင်ရောက်ကူးစက်ခံနိုင်ရတဲ့ အခြေအနေဖြစ် ပါတယ်။
__________________________________________
သက်တန့်ချို | mymemo
Mar 20.2016 | http://www.mymemo.cf/2016/03/post366.html