စက်ယန္တရားတစ်ခုဖြစ်တဲ့ အင်ဂျင်အပူစွမ်းအင်ကို အပြောင်းအလဲလုပ်ရင်း မော်တော်ကားကို လှုပ်ရှားမောင်းနှင်နိုင်စေပါတယ်။ 1769 ခုနှစ်မှာ ပြင်သစ်လူမျိုး Nicolas Cugnot ဟာ ရေနွေးငွေ့အင်ဂျင် ပြုလုပ်ပြီးပုံပါအတိုင်း သစ်သားလှည်းရဲ့ရှေ့မှာတပ်ဆင်ကာ မောင်းနှင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အင်ဂျင်ဟာ အလွန်လေးလွန်းအားကြီးပြီး ယာဉ်က နှေးနှေးပဲသွားပါတယ်။
သည်ရာစုနောက်မှာ ပြင်သစ်လူမျိုးပဲဖြစ်တဲ့ Etienne Lenoir ဟာ ပေါ့ပါးပြီး အတွင်းလောင်စွမ်းအားရှိတဲ့ Gas Engine ကိုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ မျက်မှောက်ခေတ် မော်တော်ကားနဲ့တူပြီး လက်တွေ့အသုံးတည့် လှတဲ့ အင်ဂျင်ကိုတွေ့ရှိခဲ့တာပါပဲ။
လီနွား (Lenoir)ဟာ သည်အင်ဂျင်ကို မြင်းလှည်းဝင်ရိုးပတ်လည်မှာ ချိန်းကြိုးတွေနဲ့ စနစ်တကျတပ်ဆင် ပြီး မောင်းနှင်ခဲ့ပါတယ်။ ဒါဟာ မြင်းလှည်းဝင်ရိုးမှာ အင်ဂျင်တပ်ပြီး မောင်းနှင်တဲ့ ပထမဦးဆုံး မော်တော် ကားဖြစ်လာခဲ့ပါတယ်။
ဂျာမဏီနိုင်ငံ မန်းဟိန်း (Mann Hein)အရပ်က ကားလ်ဘန့်ဇ် (Karl Benz) အလုပ်ရုံကနေ ပထမဆုံး မော်တော်ကားကိုထုတ်လုပ်ခဲ့ပြီး လူထုကို ရောင်းချခဲ့ပါတယ်။
ဒါပေမယ့် 1908 ခုနှစ်မှာမှ ဖို့ဒ် (Ford) ကုမ္ပဏီက အမေရိကားမှာ Ford - T မော်ဒယ် မော်တော်ကားကို လူသုံးကုန်ပစ္စည်းအဖြစ် အမြောက်အမြား ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။
__________________________________________
ဇော်မျိုးထွဋ် | MyMemo | ref : wiki
Feb 13.2016 | http://www.mymemo.cf/2016/02/post214.html