Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။ ယင်း ငါးဆရာဝန်မှာ သွားမပါ ပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများကို နှိပ်နှယ်ပေးသလို ဖြစ်စေပါတယ်။
ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။
ယင်း အလေ့အထရဲ့ အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများမှာပါ ပြုလုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးစက်သွားပါတယ်။ အချို့ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့အထိ ပြုလုပ် ပါတယ်။ ယင်း ငါးများရဲ့ နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊ လေဖြတ်ခြင်းတို့မှ ပြန်လည်ကောင်းမွန် လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
________________________________________
From:ရိုးရာလေး
Feb 10.2016 | http://www.mymemo.cf/2016/02/post199.html