Sun-Temple-Konarak-Orissa
အိန္ဒိယနိုင်ငံဟာ အလွန်အင်မတန်မှ ရှေးရိုးဆန်လှတဲ့ တိုင်းပြည်တစ်ခုပါ။ ဒါပေမဲ့ အိန္ဒိယက 'ကာမ သျှတ္တရ' ကျမ်းဟာဆိုရင်တော့ တစ်ချိန်က ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ကာမကျမ်းကြီးတစ်စောင်အဖြစ် ထင်ရှားလှပြီး အခုအချိန်ထိ အိန္ဒိယမှာ ကာမရာဂ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ အနုပညာတွေ၊ ယဉ်ကျေးမှုတွေ၊ ပြယုဂ်တွေ စိုးမိုးနေဆဲပါပဲ။
အိန္ဒိယဟာ တစ်ချိန်က အင်္ဂလိပ်တွေ လွှမ်းမိုးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ သူတို့ရဲ့ အစ္စလာမ် နန်းဆက်တွေ အပါအဝင် ပျူရီတန် ခရစ်ယာန်ဘာသာဝင် အုပ်စုပေါင်းများစွာ လွှမ်းမိုးခဲ့ တာကြောင့် နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ရာစု အနည်းငယ်က သီးသန့်ခွဲထွက်နေတဲ့ ရှေးရိုးစွဲတိုင်းပြည်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၃ ရာစုနှစ်မတိုင်မီကတည်းကိုက လိင်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေဟာ အဲဒီနိုင်ငံမှာ များစွာပေါ်ထွန်း နေခဲ့ပါတယ်။ ဒါဟာ လောကီအရေးနဲ့ လောကုတ္တရာအရေးကို သာတူညီမျှ ခွင့်ပေးထားတဲ့ နိုင်ငံဖြစ်တာ ကြောင့်လည်း ပါပါတယ်။
ဒါကြောင့်ပဲ အိန္ဒိယမှာ လိင်ကိစ္စတွေဟာ ပုံမှန်ပညာသင်ကြားရေးလိုမျိုး ထမင်းစားရေသောက် သဘော တရားမှာပဲ ရှိနေခဲ့တာပါ။ အိန္ဒိယကို ရောက်တဲ့အခါ သေချာသတိထား ကြည့်ရှုခဲ့မယ်ဆိုရင် ဖြင့် နိုင်ငံတစ်လွှားမြင်တွေ့နိုင်တာကတော့ ကျောက်တုံးတွေနဲ့ ပုံဖော်ထုဆစ်ထားတဲ့ ၁၃ ရာစုနှစ်လောက်က အုတ်နံရံတွေကို မြင်တွေ့ရမှာပါ။ အိန္ဒိယနိုင်ငံ၊ ခိုနာမြို့ငယ်လေး က နေနတ်ဘုရားကျောင်းဟာဆိုရင် အထက်က ပြောခဲ့သလို ကိုယ်လုံးပေါ် နတ်ရုပ်တွေနဲ့ ထုံမွှမ်း အလှဆင်ထားတာကို ထင်ထင်ရှားရှား မြင်တွေ့ရ ပါလိမ့်မယ်။ အဲဒီနေနတ်ဘုရားကျောင်းမှာရှိတဲ့ ပန်းချီ၊ ပန်းပုတွေ အားလုံးဟာ အပျိုစင်နတ်ဘုရားမရဲ့ ရုပ်ပုံတွေကို ကျောက်သားတွေနဲ့ ထွင်းထုထားတဲ့ ဂူတစ်ဂူပါ။ ဒါ့အပြင် ဘီစီ ၂ ရာစုက တည်ဆောက်ခဲ့တဲ့ အဂျန်တာဂူ ဘုရားကျောင်းနဲ့ အယ်လ် လိုရာဂူ ဘုရားကျောင်းတွေကလည်း ထင်ရှားလှပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ မတ္တရာ ပရာဒေ့ရှ်နိုင်ငံက မြို့လေးတစ်မြို့မှာ တွေ့ရတဲ့ ဘုရားကျောင်း ငယ်လေးတွေမှာလည်း ကာမရာဂကို အသက်ဝင်စေတဲ့ ရုပ်ပုံတွေ အများအပြားတွေ့မြင်ရမှာပါ။ ဒီဘုရားကျောင်း တွေဟာ ယူနက်စကို ရှေးဟောင်းအဆောက်အဦများ ထိန်းသိမ်းရေးက ၁၉၈၆ ခုနှစ်မှာ ထိန်းသိမ်းပါတယ်။ စုစုပေါင်း ဘုရားကျောင်း ၈၅ ကျောင်းရှိခဲ့ပေမဲ့ လက်ရှိ မှာ ၂၂ ကျောင်းပဲ စာရင်းဝင် ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။ ဘာလို့လဲဆိုရင် အဲဒီဘုရားကျောင်းတွေက ၉၅ဝ ခုနှစ်နဲ့ ၁ဝ၅ဝ ခုနှစ်တွေ အတွင်းကတည်းက တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေ ဖြစ်နေလို့ပါပဲ။
သာယာတဲ့ ညနေခင်းတွေမှာ အမျိုးသမီးတွေဟာ လတ်ဆတ်မွှေးပျံ့တဲ့ ပန်းရောင်စုံတွေနဲ့ အမွှေး နံ့သာတိုင်တွေ ယူဆောင်လာပြီး ပူဇော်ပသမှုတွေ လာရောက် လုပ်ဆောင်လေ့ ရှိတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာတော့ ဒီဘုရားကျောင်းတွေက သဲအုတ်လေးတွေကို ရွှေရောင်တင်ထားတာမျိုးလည်း တွေ့ရ တတ်ပါတယ်။ အဲဒီအုတ်နံရံတွေ တစ်လျှောက်မှာတော့ များပြားပြီး ရှုပ်ထွေးပွေလီလှတဲ့ ပန်းပုရုပ်လေးတွေ ကို ထွင်းထုထားတာတွေ့မြင်ရပါ လိမ့်မယ်။ အဲဒီရုပ်တုလေးတွေဟာ လက်မသာသာ အရွယ်လေးတွေ ဖြစ်ပြီး နတ်ဘုရားနဲ့ နတ်ဘုရားမတွေရဲ့ ရုပ်တုတွေလို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်နဲ့ ဂီတဆိုင်ရာ ငှက်ကလေးတွေနဲ့ တိရစ္ဆာန်တွေရဲ့ ပုံတွေကိုလည်း ထွင်းထုထားတာတွေ့ရဦးမှာပါ။ ဒါဟာ အိန္ဒိယမှာရှိတဲ့ ဘုရားကျောင်းတိုင်းလိုလိုမှာ တွေ့မြင်ရလေ့ရှိတဲ့ ပုံစံတွေပါပဲ။
ဒါပေမဲ့ အဲဒီအရုပ်တွေကို သေသေချာချာ အနီးကပ်ပြီး ကြည့်မယ်ဆိုရင်တော့ ယောကျ်ားပုံ၊ မိန်းမပုံ၊ တိရစ္ဆာန်ပုံ ရုပ်လုံးတွေအားလုံးဟာ ကာမစိတ်ကို နှိုးဆွပေးနိုင်တဲ့ ရုပ်တုတွေဆိုတာ တွေ့မြင်ရပါလိမ့်မယ်။ ဒါ့အပြင် မြူးချင်တိုင်း မြူးနေတဲ့ သုံးယောက်တွဲ ရုပ်တုတွေနဲ့ လူနဲ့တိရစ္ဆာန် ကာမဆက်ဆံနေတဲ့ ပုံတွေကိုပါ ထွင်းထုထားတာ တွေ့ရမှာပါ။ ဒါတွေတင်မက သေးပါဘူး။ မိန်းမပျိုလေးနဲ့ ကြံ့ခိုင်သန်မာလှတဲ့ ယောကျ်ား ကြီးတို့ ကာမစပ်ယှက်နေပုံ ရုပ်တုတွေ၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး ဘုရားသခင်က ကောင်းချီးပေး လို့ ပြုံးပျော်ကြည်နူးနေတဲ့ ရုပ်တုတွေ အမျိုးမျိုးပဲ တွေ့နိုင်ပါသေးတယ်။
တချို့ကျောက်တုံးတွေဟာ ကျိုးပဲ့နေပြီး တချို့ဆိုရင်တော့ ခြေလက်အင်္ဂါတွေတောင် မစုံတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဘုရားကျောင်းတွေဟာ နှစ်ပေါင်း တစ်ထောင်ကျော်ကြာ တည်ရှိလာခဲ့တဲ့ ဘုရားကျောင်းအိုတွေ ဖြစ်နေတာကြောင့်ပါ။ ဒီဘုရားကျောင်းတွေမှာ သီအိုရီတွေ ရှိနေပါတယ်။ ဒီဘုရားကျောင်းတွေ တည်ခဲ့တဲ့ခေတ်က အုပ်စိုးခဲ့တဲ့ ချန်စယ်လာ မင်းဆက်ဖြစ်တဲ့ ဘုရင်တွေဟာ ယောကျ်ားနဲ့ မိန်းမတွေကြားမှာ သာတူညီမျှ သဘောထားခဲ့တာကြောင့်ပါ။ အဲဒီခေတ်က လူတွေက သူတို့ရဲ့ သစ္စာရှိမှုကို ပြသဖို့ ဒီဘုရားကျောင်းတွေကို ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ထပ် အယူအဆတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဒီဘုရားကျောင်းတွေမှာ ပုံဖော်ထားတဲ့ အကြောင်းအရာတွေ၊ တစ်နည်း လိင်ကိစ္စကို အထူးအသားပေးထားတဲ့ ဒီအနုပညာတွေအပေါ် တချို့ကလည်း အသစ်အသစ်တွေကို အစပြုခြင်းနဲ့ ဘဝသစ်ကို မွေးဖွားပေးခြင်းတွေမှာ ကိုယ်စားပြု တယ်လို့ ယုံကြည်လက်ခံထားကြ တာပါပဲ။ အခြားတစ်ဖက် မှာလည်း ဟိန္ဒူဘာသာမှာ အခုလို ချစ်မှုရေးရာနဲ့ လိင်ကိစ္စတွေဟာ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သမားရိုးကျ တွေးမြင် ထားကြတာ ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ လွင်တီးခေါင်ပြင် မြင်ကွင်း ရှင်းရှင်းတွေမှာ ချစ်တင်းနှော ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့အတွက်သာဖြစ်ပြီး အားလုံးလည်း မြင်တွေ့နိုင်တယ်လို့ လက်ခံကြတာကြောင့်ပါပဲတဲ့။
ဒါပေမဲ့လည်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာတော့ အိန္ဒိယနိုင်ငံရဲ့ တရားရုံးချုပ်ဟာ လိင်တူဆက်ဆံမှုတွေက မှုခင်းတွေပေါ်ပေါက် လာစေတာကြောင့် သူတို့အတွက် တရားဥပဒေတွေ ချမှတ်ပေးခဲ့ရာမှာ အနှောင့် အယှက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မကြာသေးမီက သြဂုတ်လ အတွင်းမှာလည်း အိန္ဒိယအစိုးရဟာ ညစ် ညမ်း ဝက်ဘ်ဆိုက်ပေါင်း ၈ဝဝ ကျော်ကို ပိတ်သိမ်းဖို့ ကြေညာခဲ့ရပြီး ပြစ်ဒဏ်ချမှတ်ကာ ဒဏ်ငွေကောက်ခံ ခဲ့ရ ပါသေးတယ်။ ဘာလို့လဲဆိုတော့ အဲဒီဆိုက်တွေ ကနေတစ်ဆင့် ကလေးညစ်ညမ်းဓာတ်ပုံတွေနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။
___________________________________________
ဟန်နီဆွေ | source : living