ပူပြင်းလာတဲ့ နွေနေပူပူမှာ ကားအဲကွန်း ဘယ်လိုသုံးမလဲ - Kharann Media

Breaking

ပူပြင်းလာတဲ့ နွေနေပူပူမှာ ကားအဲကွန်း ဘယ်လိုသုံးမလဲ


ပူပြင်းလာတဲ့နွေရာသီမှာ ကားအဲကွန်းကို စနစ်တကျ အသုံးပြုတတ်ဖို့လိုပါတယ်။ ကားမောင်းတဲ့အခါ အဲကွန်းဖွင့်ထားမယ်ဆိုရင် အင်ဂျင်ပါဝါကို ယူသုံးစွဲထားတဲ့အတွက် ကားက အဲကွန်းပိတ်ထားချိန်လောက် သွက်လက်မှုမရှိတော့ဘူးလို့သိရပါတယ်။

အဲကွန်းဖွင့်ပြီဆိုရင် ဆီစားများလာပါပြီ။ နေပူထဲမှာ ကားရပ်ထားပြီး အထဲမှာပူနေတုန်း အဲကွန်းကို အသုံးပြုမယ်ဆိုရင် ကားမထွက်ခင်မှာ အဲကွန်းကို အမြင့်ဆုံးအထိ မြှင့်တင်ထားပြီး အထဲက လေပူတွေကို အပြင်ဘက်ကိုထွက်နိုင်အောင် မှုတ်ထုတ်ပစ်လိုက်သင့်တယ်။ အဲသည်အတွက်တော့ မှန်တွေကို အကုန် ခဏ ချထားသင့်ပါတယ်။

အဲသည်လေပူတွေက လူပေါ်တိုက်ရိုက်မကျအောင် သတိတော့ထားရပါမယ်။ အဲကွန်းရဲ့အအေးဆုံး အအေးကို အမြင့်ဆုံးအထိ မြှင့်တင်ထားပြီး မှုတ်ထုတ်ပစ်လိုက်တဲ့ လေရဲ့အပူချိန်က 2 cm ခန့်ရှိပါတယ်။ ခန္ဓာကိုယ် အရေပြားနဲ့ မျက်နှာကို ထိခိုက်စေတတ်တယ်။ အဓိကက မျက်နှာလို နုနယ်တဲ့နေရာမျိုးကို အဲသည် အအေးတိုက်ရိုက်မကျရောက်အောင် ဂရုစိုက်သင့်တယ်။

ကားထဲမှာ အေးနေအောင် အမြင့်ဆုံးအထိလည်း မဖြစ်သင့်ဘူး။ ကားထဲမှာ အေးနေပေမယ့် အပြင်ဘက်မှာ ပူနေပါတယ်။ အပူချိန်ကွာနေပါတယ်။ ကားပေါ်က ဆင်းတဲ့အခါ၊ ပြန်တက်တဲ့အခါ အပူချိန်တွေက အပြောင်းအလဲမြန်တယ်။ ရုတ်တရက်ပြောင်းလဲသွားတာကို လူက ခံနိုင်ရည်မရှိတာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပျက်ယွင်းသွားနိုင်လို့ သတိပြုရပါမယ်။

ကားအဲကွန်းလေကို အမြဲတမ်းအသုံးမပြုသင့်ပါဘူး။ ကားအတွင်းထဲမှာ အနံ့အသက်မကောင်းတဲ့အခါမျိုးမှာ အသုံးပြုသင့်တယ်။ လေထုညစ်ညမ်းတဲ့အခါ အသုံးပြုသင့်ပါတယ်။ တာရှည်ဖွင့်ထားပြီး သုံးစွဲတာ မဟုတ်ဘဲ အနားပေးပြီး သုံးစွဲသင့်ပါတယ်။ ဟိုက်ဝေးမှာ ခရီးသွားမယ်ဆိုရင် အဲကွန်းလေကို အသုံးပြုတာ ထက် ပြင်ပမှ ဝင်လာတဲ့လေကို အသုံးပြုသင့်ပါတယ်။ အဲကွန်းအမြဲသုံးတဲ့အခါ တစ်ခါတလေ ရှူလိုက် တဲ့လေမှာ အောက်ဆီဂျင်ပါဝင်မှု နည်းပါးသွားတတ်ပြီး ကားမောင်းတဲ့လူကို အန္တရာယ်ဖြစ်စေ တတ်ပါ တယ်။
_________________________________________
ခေတ်ကျော်စွာဝင်း | မော်ဒန်ဂျာနယ်

Feb 26.2016 | http://www.mymemo.cf/2016/02/post278.html