ႏွစ္စဥ္ ဧၿပီလ ပထမ တနဂၤေႏြေန႔မွာ က်င္းပေလ့ရွိတဲ့ ဂ်ပန္ရုိးရာ ပြဲေတာ္တစ္ခုၿဖစ္ပါတယ္။ Kanamara Matsuri ပြဲေတာ္လုိ႔ေခၚၾကၿပီး ဂ်ပန္ႏုိင္ငံ ကာ၀ါဆာကီ က ကနာယာမ နတ္ကြန္းမွာ က်င္းပေလ့ရွိပါတယ္။
Kanamara Matsuri ပြဲေတာ္ ၿဖစ္တည္လာပုံဟာ "သြားပါတဲ့မိန္းမကုိယ္" ဆုိတဲ့ ဒ႑ာရီပုံျပင္ကုိ အေျခတည္ပါတယ္။ ရုိးရာ ဒ႑ာရီအဆုိအရ ေရွး ဂ်ပန္မိန္းကေလးတစ္ဦးဟာ သူမရဲ႕ မဂၤလာဦးညတုိင္း အမ်ဳိးသားရဲ႕ လိင္တံမွာ ေသြးအလိမ္းလိမ္း ၿပည္အလိမ္းလိမ္း ၿဖစ္ေစခဲ့ၿပီး ဘ၀ဆုံးေစခဲ့ပါတယ္ တဲ့။ (ကာလသားေရာဂါလုိမ်ဳိး ေရာဂါတစ္ခုခု ၿဖစ္ပါလိမ့္မယ္)။ အဲ့လုိ တစ္ေယာက္မက ၿဖစ္ေနခဲ့ၿပီး ေယာက္်ား အဖတ္မတင္ရွာတဲ့ မိန္းကေလးဟာ သူမရဲ႕ မိန္းမကုိယ္ထဲမွာ စူးခၽြန္ထက္ျမတဲ့ သြားေတြနဲ႔ နတ္ဆုိးမိစၧာ တစ္ေကာင္ ရွိေနတယ္ဆုိၿပီး ပန္းပဲဆရာဆီမွာ လိင္တံတုကုိ သံနဲ႔လုပ္ခုိင္း ခဲ့ပါတယ္။ အဲ့ဒီ လိင္တံတုကုိ မိန္းမကုိယ္ထဲ ထုိးသြင္းကာ မိစၧာသြားေတြကုိ ဖ်က္ဆီးပစ္ႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲ့ဒီကစၿပီး ေခတ္ အဆက္ဆက္ ဂ်ပန္အမ်ဳိးသမီးေတြဟာ ဒီလုိ အျဖစ္ဆုိးမ်ဳိးမျဖစ္ေအာင္ ရည္ရြယ္ခ်က္နဲ႔ လိင္တံတု လုပ္ေပးခဲ့တဲ့ ပန္းပဲဆရာကုိ ရည္စူးၿပီး ပူေဇာ္ပသ ဆုေတာင္းၾကရာက ဒီပြဲေတာ္ ၿဖစ္လာခဲ့တာလုိ႔ ဆုိပါ တယ္..။
ဒီပြဲေတာ္ကုိ စတင္ခဲ့တာ 1977 ခုႏွစ္က ၿဖစ္ပါတယ္။ မူလအစက ပြဲေတာ္ ေသးေသးေလးေပမယ့္ ခုေနာက္ပုိင္း ႀကီးသထက္ ႀကီးလာပါတယ္..။ အမ်ားအားျဖင့္ ၿပည့္တန္ဆာမ်ားအၾကား ပုိမုိေရပန္းစားလာ ပါတယ္။
ပြဲေတာ္ရဲ႕ မူလ ရည္ရြယ္ခ်က္ကေတာ့ လိင္ပုိင္းဆုိင္ရာ ကူးစက္ေရာဂါေတြကေန ကင္းေဝးေစေရးအတြက္ နတ္ကြန္းမွာ ဆုေတာင္းတ့ဲ အခမ္းအနားသက္သက္သာၿဖစ္ၿပီး၊ ဒီကေန႔မွာေတာ့ လုံၿခဳံစိတ္ခ်ရတ့ဲ လိင္ဆက္ဆံၿခင္းဆုိင္ရာ အေၾကာင္းအရာေတြကုိ သတိထားမိၾကဖုိ႔၊ HIV တုိက္ဖ်က္ေရး ရန္ပုံေငြ ရရိွဖုိ႔ ဆုိတ့ဲ ရည္ရြယ္ခ်က္ေတြ ပါလာပါၿပီ။
ပြဲေတာ္က်င္းပပုံကုိ ဓါတ္ပုံမ်ားနဲ႔အတူ ဗီဒီယုိပါ တင္ေပးထားပါတယ္။ ပုံမွာေတာ့ အမ်ဳိးသားလိင္တံပုံႀကီးကုိ မိန္းမေတြ ထမ္းစင္နဲ႔ ထမ္းေနၾကတာ၊ လိင္တံပုံမုန္႔ပဲသေရစာေတြ ေရာင္းၾက၊ စားေနၾကတာ ေတြ႔ရပါတယ္။ အဲဒီလုိပုံစံ အမွတ္တရပစၥည္းေတြ ေရာင္းခ်၊ ၀ယ္ယူၾက၊ ပဲြေတာ္အမွတ္တရ ပစၥည္းနဲ႔အတူ ဓာတ္ပုံ ရုိက္ၾကနဲ႔ စည္ကားသုိက္ၿမိဳက္စြာ က်င္းပၾကပါတယ္။ ကမၻာလွည့္ ႏုိင္ငံျခားသားေတြလည္း ပြဲေတာ္ထဲ တေပ်ာ္တပါး ပါ၀င္ဆင္ႏႊဲေနၾကတာ ေတြ႕ရပါတယ္။
_____________________________________________________
MyMemo | source : Videoshire, Paolo Vivas, studbroadjapan, RuptlyTV, Wikipedia
[Unicode]
ဂျပန်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ထူးထူးဆန်းဆန်း ရိုးရာပွဲတော်
နှစ်စဉ် ဧပြီလ ပထမ တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိတဲ့ ဂျပန်ရိုးရာ ပွဲတော်တစ်ခုဖြစ်ပါတယ်။ Kanamara Matsuri ပွဲတော်လို့ခေါ်ကြပြီး ဂျပန်နိုင်ငံ ကာဝါဆာကီ က ကနာယာမ နတ်ကွန်းမှာ ကျင်းပလေ့ရှိပါတယ်။
Kanamara Matsuri ပွဲတော် ဖြစ်တည်လာပုံဟာ "သွားပါတဲ့မိန်းမကိုယ်" ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ကို အခြေတည်ပါတယ်။ ရိုးရာ ဒဏ္ဍာရီအဆိုအရ ရှေး ဂျပန်မိန်းကလေးတစ်ဦးဟာ သူမရဲ့ မင်္ဂလာဦးညတိုင်း အမျိုးသားရဲ့ လိင်တံမှာ သွေးအလိမ်းလိမ်း ပြည်အလိမ်းလိမ်း ဖြစ်စေခဲ့ပြီး ဘဝဆုံးစေခဲ့ပါတယ် တဲ့။ (ကာလသားရောဂါလိုမျိုး ရောဂါတစ်ခုခု ဖြစ်ပါလိမ့်မယ်)။ အဲ့လို တစ်ယောက်မက ဖြစ်နေခဲ့ပြီး ယောက်ျား အဖတ်မတင်ရှာတဲ့ မိန်းကလေးဟာ သူမရဲ့ မိန်းမကိုယ်ထဲမှာ စူးချွန်ထက်မြတဲ့ သွားတွေနဲ့ နတ်ဆိုးမိစ္ဆာ တစ်ကောင် ရှိနေတယ်ဆိုပြီး ပန်းပဲဆရာဆီမှာ လိင်တံတုကို သံနဲ့လုပ်ခိုင်း ခဲ့ပါတယ်။ အဲ့ဒီ လိင်တံတုကို မိန်းမကိုယ်ထဲ ထိုးသွင်းကာ မိစ္ဆာသွားတွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီကစပြီး ခေတ် အဆက်ဆက် ဂျပန်အမျိုးသမီးတွေဟာ ဒီလို အဖြစ်ဆိုးမျိုးမဖြစ်အောင် ရည်ရွယ်ချက်နဲ့ လိင်တံတု လုပ်ပေးခဲ့တဲ့ ပန်းပဲဆရာကို ရည်စူးပြီး ပူဇော်ပသ ဆုတောင်းကြရာက ဒီပွဲတော် ဖြစ်လာခဲ့တာလို့ ဆိုပါ တယ်..။
ဒီပွဲတော်ကို စတင်ခဲ့တာ 1977 ခုနှစ်က ဖြစ်ပါတယ်။ မူလအစက ပွဲတော် သေးသေးလေးပေမယ့် ခုနောက်ပိုင်း ကြီးသထက် ကြီးလာပါတယ်..။ အများအားဖြင့် ပြည့်တန်ဆာများအကြား ပိုမိုရေပန်းစားလာ ပါတယ်။
ပွဲတော်ရဲ့ မူလ ရည်ရွယ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေကနေ ကင်းဝေးစေရေးအတွက် နတ်ကွန်းမှာ ဆုတောင်းတဲ့ အခမ်းအနားသက်သက်သာဖြစ်ပြီး၊ ဒီကနေ့မှာတော့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုင်ရာ အကြောင်းအရာတွေကို သတိထားမိကြဖို့၊ HIV တိုက်ဖျက်ရေး ရန်ပုံငွေ ရရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါလာပါပြီ။
ပွဲတော်ကျင်းပပုံကို ဓါတ်ပုံများနဲ့အတူ ဗီဒီယိုပါ တင်ပေးထားပါတယ်။ ပုံမှာတော့ အမျိုးသားလိင်တံပုံကြီးကို မိန်းမတွေ ထမ်းစင်နဲ့ ထမ်းနေကြတာ၊ လိင်တံပုံမုန့်ပဲသရေစာတွေ ရောင်းကြ၊ စားနေကြတာ တွေ့ရပါတယ်။ အဲဒီလိုပုံစံ အမှတ်တရပစ္စည်းတွေ ရောင်းချ၊ ဝယ်ယူကြ၊ ပွဲတော်အမှတ်တရ ပစ္စည်းနဲ့အတူ ဓာတ်ပုံ ရိုက်ကြနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ကမ္ဘာလှည့် နိုင်ငံခြားသားတွေလည်း ပွဲတော်ထဲ တပျော်တပါး ပါဝင်ဆင်နွှဲနေကြတာ တွေ့ရပါတယ်။
_____________________________________________________
MyMemo | source : Videoshire, Paolo Vivas, studbroadjapan, RuptlyTV, Wikipedia