ခေတ်ကြီးက ရွေးချယ်စရာတွေ များတဲ့ခေတ်ကြီးဗျ။ ခင်ဗျား Single အဖြစ်ပဲနေမလား၊ သမီးရည်းစား စုံတွဲ အဖြစ်နဲ့ပဲ နေမလား၊ Living Together နေကြမလား၊ လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင် ကြမလား။ အများကြီးဗျာ။ မြန်မာနိုင်ငံအနေနဲ့တော့ Living Together ကို အားပေးတဲ့သူ မရှိသလောက်ပေ မယ့် ကျန်တဲ့ Relationship တိုင်းကို အားပေးကြတဲ့သူတွေကတော့ များတယ်လေ။ Relationship တစ်ခုတည်ဆောက်ပြီးပြီဆိုရင်လည်း မပျက်စီးအောင် ဘယ်လိုထိန်းရမလဲဆိုတာက အချက်တစ်ချက် ကလည်း အရေးကြီးတယ်ဗျ။ အဲ့လိုမပျက်စီးအောင် ထိန်းဖို့ဆိုရင် ဒီအချက်(၇)ချက်ကို သတိထားသင့် တယ်ဗျ။
၁. လိင်ဆက်ဆံခြင်း
ရိုးရိုးသားသားပြောကြရအောင်ဗျာ။ ယောက်ျားတစ်ယောက်အတွက်တော့ Relationship တစ်ခုမှာ Sex ဆိုတာကတော့ ပါတတ်ကြတာပဲဗျ။ တက်ကြွသည်ဖြစ်စေ မတက်ကြွသည်ဖြစ်စေ ခင်ဗျားနဲ့ ပတ်သတ်တဲ့ သူက Sex ကိစ္စမှာ ခင်ဗျားလိုပဲ ဖြစ်နေရင်တော့ ခင်ဗျားက ကံကောင်းတဲ့သူပေါ့ဗျာ။မဟုတ်ရင်တော့ အတော်လေး ပြဿနာတက်မယ့်ကိစ္စဗျ။ ကလေးတွေကြောင့်သော်လည်းကောင်း၊ Sex ကိစ္စမရှိ လည်း နေလို့ဖြစ်ပါတယ် ဆိုတာကြောင့်သော်လည်းကောင်း၊ ပြည့်တန်ဆာတစ်ယောက်နဲ့ ဆက်ဆံနေ ရင်သော်လည်းကောင်း၊ တခြားအမျိုးသမီးတစ်ယောက်ကို ခင်ဗျားက စိတ်ဝင်စားနေရင် သော် လည်းကောင်း စိတ်ပြောင်းလဲနေတယ်ဆိုပါစို့ဗျာ။ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲနော် Sex ကိစ္စ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဖော်ကြားမှာ နည်းသွားလေလေ ခင်ဗျားတို့ရဲ့ Relationship က ဝေးကွာသွားလေလေ ဖြစ်တယ်နော် ကိုယ့်ဆရာ။ ဒီအခက်အခဲကို ဖြေရှင်းဖို့ အဆင်အပြေဆုံး နည်းလမ်းက စိတ်ရှည်ပါ၊ တစ်ယောက်နဲ့ တစ်ယောက် ပုံမှန်လေးပြောဆို ဆက်ဆံပါ၊ အလိုက်သိပါ၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြပါလို့ အကြံပြုပါရစေဗျာ။
၂. ငွေကြေး
ငွေကြေးအခက်အခဲဆိုတာက စုံတွဲအများစုအတွက် ပြဿနာတစ်ရပ်ဗျ။ ငွေကြေးအဆင်မပြေရင် Relationship တစ်ခုရဲ့ စိတ်ပျက် စိတ်ညစ်စရာကောင်းတာတွေက အဲ့ဒီကိစ္စမှာ အကုန်သွားဆုံ ပြီး ပေါက်ကွဲကုန်တော့တာပဲ။ တစ်ယောက်နဲ့တစ်ယောက် အဆက်အဆံ စိမ်းလာရင် လျှို့ဝှက်ချက်တွေ ထားလာရင် ရှက်ရွံစိုးရိမ်မှုတွေများလာရင် ငွေရေးကြေးရေး ပြဿနာတွေ တက်လာတော့တာပါပဲဗျာ။ ပိုက်ဆံကြောင့် တက်တဲ့ပြဿနာတွေကို သေသေချာချာမဖြေရှင်းနိုင်ရင် စိတ်ဖိအားတွေ များလာ မယ်။ ဒေါသတွေ ပိုဖြစ်လွယ်လာကြမယ်။ ချစ်ခြင်းမေတ္တာတရားပါ ပျောက်ဆုံးကုန်ကြမယ်နော်။ သတိထား ကြပါဦး ကိုယ့်လူတို့ရေ။
၃. ကလေးများ
ကလေးချစ်တတ်ကြတော့ ကလေးယူကြပါတယ်။ ကိုယ့်သားသမီးဆိုတော့ ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိလာပြန်ရော။ အဲ့ဒီမှာ ပြဿနာက စတက်တာပဲဗျာ။ ကလေးထိန်းရတယ်ဆိုတာက ခဏလေးနဲ့ပဲ ပြီးပြတ်သွားတဲ့ ကိစ္စမှမဟုတ်တာဗျ။ ကလေးတွေအတွက်ပဲ အချိန်ပေးပြီး ကိုယ့် အိမ်ထောင်ဖက်ကို ကိုယ်အချိန်မပေးတော့ ပြဿနာတွေ တက်ကြပြန်ရောဗျာ။ အဲ့တော့ ကလေးတွေ ကို စောင့်ရှောက်နေတာနဲ့ပဲ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို အထိခိုက်မခံ ပါနဲ့ဗျာ။
၎. ငြီးငွေ့ခြင်း
အင်းး ဒီအချက်ကတော့ ကိုယ်ကိုယ်တိုင် အပေါ်ပဲမူတည်ပါတယ်ဗျာ။ ကိုယ် Relationship ကို တည်ငြိမ်အေးချမ်းအောင် ပျင်းစရာမဖြစ်အောင် ထိန်းသိမ်းချင်တယ် ဆိုတဲ့စိတ် (၂)ယောက်စလုံးမှာမရှိရင် တစ်နည်းနည်းနဲ့တော့ ခင်ဗျားတို့ စုံတွဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ငြီးငွေ့လာကြမှာ အသေအချာပဲ။ ဖြစ်တတ်တဲ့ကိစ္စကြီးပါ။ အဲ့ဒီတော့ ခင်ဗျားရဲ့ ချစ်သူနဲ့တိုင်ပင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ နေထိုင်နိုင်အောင် ညှိနှိုင်းကြသင့်ပါတယ်ဗျာ။
၅. ငြင်းခုံရန်ဖြစ်ခြင်း
ငြင်းခုံရန်ဖြစ်တယ်ဆိုတာက အတော်လေးဆိုးရွားပြီး စိတ်ပျက်စရာကောင်းတဲ့ကိစ္စမှန်း ကျွန်တော်တို့တွေ သိကြတာပဲလေ။ ပြီးတော့ ဒီလိုဖြစ်တိုင်း ကျွန်တော်တို့တွေ အနိုင်လိုချင်တာပဲဗျ။ ရှုံးခဲ့ရင်တောင် ရှုံးပါတယ်ဆိုတာ ဝန်မခံချင်ကြဘူးလေ။ လူငယ်စုံတွဲတွေမှာ ဒီလိုအလျော့ မပေးချင်တာတွေက ပိုများ မယ်ဗျ။
၆. လျှို့ဝှက်ချက်များထားခြင်း
သမီးရည်းစားစ ဖြစ်ကာစက အခြေအနေကို ပြန်စဉ်းစားကြည့်ဗျာ။တစ်ယောက်အကြောင်း တစ်ယောက် သိကြအောင် အချိန်အကြာကြီးတွေ စကားပြောကြတယ်။ ဖြစ်ချင်တဲ့အိပ်မက်တွေ လျှို့ဝှက်ချက်တွေ အထိ ပြောပြကြတယ်။ စိတ်ချမ်းသာစရာ ကောင်းခဲ့တယ်ပေါ့ဗျာ။ အချိန်ကြာလာတာနဲ့အမျှ လုပ်စရာ အလုပ်တွေများလာတာနဲ့အမျှ ခင်ဗျားတို့စကားပြောတာတွေ နည်းလာတယ်။ တဖြည်းဖြည်းနဲ့ ခင်ဗျားမှာ သူမသိတဲ့ အကြောင်းတွေ များလာသလို သူ့မှာလည်း ခင်ဗျားမသိတဲ့အကြောင်းတွေ များလာတယ်။ အဲ့ဒီမှာ ပြဿနာတွေ တက်ကြတော့တာပါပဲဗျာ။
၇. ကတိပေးခြင်း
ခင်ဗျား ချစ်မြတ်နိုးရတဲ့သူကို ကတိတစ်ခုပေးပြီး မေ့သွားမိတဲ့အခါမှာ သူက ခင်ဗျားကို တလေးတစား ဆက်ဆံထားတာတွေကို အရေးတယူ မလုပ်တဲ့အခါ သူ့အတွက်တော့ အရမ်းနာကျင် ခံစားရတယ်ဗျ။ ပြဿနာမှန်သမျှထဲမှာ ဒီတစ်ခုက ဖြေရှင်းဖို့အလွယ်ဆုံးပဲဗျ။ အချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါဗျာ။ အဆင်ပြေသွားမှာပါ။
____________________________________________
source : gentleman
Jan 30.2016 | http://www.mymemo.cf/2016/01/post312.html