မာလကာရွက်က ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များ သက်သေပြ ထားပါတယ်။ ဒီအရွက်က ဆံကေသာ ထိန်းသိမ်းပစ္စည်းတစ်ခုအဖြစ် အသုံးပြုပါက ဆံပင်ကျွတ်ခြင်းကို တားဆီးပေးနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက အခိုင်အမာပြောဆိုထားပါတယ်။
ဆံကေသာအတွက် အထူးကောင်းမွန်ရတဲ့ အဓိက အကြောင်းရင်းက မာလကာရွက်မှာ ဆံပင်ကျန်းမာ သန်စွမ်းခြင်းနဲ့ ဖွံ့ဖြိုးမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ ဗီတာမင်-ဘီ ပေါကြွယ်ဝခြင်းကြောင့် ဖြစ်ပါတယ်။
မာလကာရွက် လက်တစ်ဆုပ်စာကို ရေ ၁ လီတာနဲ့ မိနစ် ၂၀ ကြိုပြီး အခန်းအပူချိန်အတိုင်း အေးအောင် ထားရပါမယ်။ ယင်းမာလကာရွက်ကြိုရည်ကို ဆံပင်သန်ဆေးအနေနဲ့ ဦးရည်ပြားနဲ့ ဆံပင်အမြစ်တွေမှာ ပွတ်လိမ်းပေးနိုင် ပါတယ်။ အဲဒါနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၂ နာရီကြာအောင် ထား ပြီးနောက် ရေနဲ့ဆေးချပေးရပါမယ်။
ဒီနည်းအတိုင်း ထပ်ခါထပ်ခါ လုပ်ပေးနိုင်တယ်။ ညမှာ လုပ်မယ်ဆိုရင် Shower cap လေးဆောင်းပြီး အဲဒီအတိုင်း တစ်ညထားကာ နောက်နေ့ မနက် ခေါင်းလျှော်ပေးပါ။ ဒီဆံပင်သန်ဆေးနဲ့ ဦးရေပြား ကို နှိပ်နယ်တဲ့အခါ ဆံပင်ကျွတ်ခြင်းကို ထိန်းသိမ်းပေးပြီး အမြစ်နဲ့ မွေးညင်းပေါက်ကို သန်မာစေမှာ ဖြစ်ပါတယ်။
__________________________________________
source : မှတ်စု
Jan 31.2016 | http://www.mymemo.cf/2016/01/post319.html