အဆစ်ရောင်ရောဂါကို သက်သာအောင်လုပ်ပေးတဲ့ အကောင်းဆုံး အစားအစာများ - Kharann Media

Breaking

အဆစ်ရောင်ရောဂါကို သက်သာအောင်လုပ်ပေးတဲ့ အကောင်းဆုံး အစားအစာများ



အဆစ်ရောင် ရောဂါက အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အရမ်းကို ခံရခက်စေပါတယ်။ အဆစ်ရောင်ရောဂါတွေ အမျိုးအစား အများကြီး ရှိပြီး အတွေ့ရများတာက Osteoarthritis လို့ ခေါ်တဲ့ အရိုးအဆစ်တွေ အသုံးပြုတာများလို့ ဖြစ်တဲ့ အဆစ်ရောင်ခြင်းနဲ့ Rheumatic Arthritis လို့ခေါ်တဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်ခြင်းကြောင့်ရတဲ့ အဆစ်ရောင်ခြင်းက အတွေ့ရ အများဆုံးပါပဲ။
ကံကောင်းတာက အဆစ်ရောင်ခြင်းအတွက် ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာအောင် ဒီ အစားအစာ ၁၀ မျိုးက လုပ်ပေးနိုင်တာပါပဲ။ ဆေးဝါးနဲ့ ကုသတာအပြင် အာဟာရရှိတဲ့ အစားအစာတွေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစားအစာတွေ စားပေးတာက ရေရှည်မှာပိုပြီးထိရောက်မှုရှိပါတယ်။

၁။ အဆီများတဲ့ငါး
အဆီများတဲ့ ငါးဆိုတာ ဆယ်လ်မွန်၊ မက်ကရယ်၊ ဆာဒင်းတို့လို အိုမီဂါ ၃ ဖက်တီးအက်စစ်များတဲ့ ငါးတွေကို ပြောတာပါ။ ဒီငါးတွေကို တစ်ပတ်မှာ ၄ ခါလောက် စားမယ်ဆိုရင် ၈ ပတ်အတွင်းမှာ ရောင်ရမ်းတာတွေက သိသိသာသာ သက်သာလာပါတယ်။ နောက်ပြီး ငါးတွေမှာ ဗီတာမင် ဒီ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေကို သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ကျန်းမာရေးကောင်းကျိုးတွေ အပြည့်ပါပဲ။ လေ့လာချက်တွေအရ ကြက်သွန်ဖြူက ကင်ဆာရောဂါ ကာကွယ်ပေးနိုင်တယ်။ နှလုံးရောဂါနဲ့ သတိမေ့တာကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းတာကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူက အဆစ်စောင်တာအပြင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေပါ ရစေတာမို့လို့ စားပေးသင့်ပါတယ်။

၃။ ချင်း (ဂျင်း)
ချင်းကို အခုဆိုရင် ဂျင်းလက်ဖက်ရည်၊ဟင်းချိုရည်၊ သကြားလုံး စသဖြင့် အမျိုးမျိုး စားလာကြပါပြီ။ ချင်းက အဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ စမ်းသပ်ချက်တွေအရ ချင်းစားပြီး ၆ ပတ် အတွင်း ၆၃ ရာခိုင်နှုန်းလောက်က ဒူးနာတာ သက်သာလာပါတယ်တဲ့။ ဒါ့ပြင် ချင်းမှာပါတဲ့ ဓာတ်ပစ္စည်းတွေက ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

၄။ ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းဟာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကောင်းကျိုးပေးတဲ့အတွက် လူသိများပါတယ်။ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

၅။ သစ်ကြားသီး
သစ်ကြားသီးက အာဟာရရှိပြီး အဆစ်ရောင်ခြင်းကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် အဆစ်ရောင်ခြင်းအတွက် အကျိုး ရှိပါတယ်။

၆။ ဘယ်ရီသီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်တဲ့ ဘယ်ရီသီးဟာ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါသတဲ့။ ဘယ်ရီသီးမှာပါတဲ့ ကွာစီတင် နဲ့ ရူတင် က အဆစ်အမြစ်တွေ ရောင်တာကို သက်သာစေပါတယ်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ စသဖြင့် ဘယ်ရီမျိုးနွယ်ဝင်တွေက အရသာရှိတဲ့အပြင် အဆစ်ရောင် သက်သာစေတာကြောင့် စားသုံးပေးသင့်ပါတယ်။

၇။ ဟင်းနုနွယ်
အစိမ်းရောင်အရွက်ဖားဖားနဲ့ ဟင်းနုနွယ်က အာဟာရပြည့်ဝပြီး အဆစ်ရောင်တာကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အသီးအရွက်များများ စားပေးခြင်းက ရောင်ရမ်းတာကို သက်သာစေပါတယ်တဲ့။ ဟင်းနုနွယ်က ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် သင့်တော်ပါတယ်။

၈။ စပျစ်သီး

စပျစ်သီးမှာ အာဟာရပြည့်ဝစွာ ပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တဲ့သူတွေ မကြာမကြာ စားပေးသင့်ပါတယ်။

၉။ သံလွင်ဆီ
သံလွင်ဆီက အဆစ်ရောင်ရောဂါအတွက် နာမည်ကြီးပါပဲ။ အဆစ်ရောင်တာ၊ အရိုးနုတွေ ပျက်စီးတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ သံလွင်ဆီနဲ့ ငါးကြီးဆီတွေက အဆစ်ရောင်တာကို လျော့ကျစေတဲ့အပြင် အခြားကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရစေပါတယ်။

၁၀။ ချယ်ရီသီး
ချယ်ရီသီးဖျော်ရည်က ခုနောက်ပိုင်းမှာ အတော်ခေတ်စားလာပါတယ်။ အဓိကကတော့ သူ့မှာပါတဲ့ အာဟာရဓာတ်တွေ ကျန်းမာရေးကောင်းကျိုးတွေနဲ့ ရောင်ရမ်းတာတွေ သက်သာစေလို့ပါပဲ။ သတိထားရမှာက ချယ်ရီသီးဖျော်ရည် သောက်တဲ့အခါ သကြားလျော့ပြီး သဘာဝအတိုင်းသောက်ဖို့ပါပဲ။ ချယ်ရီသီးဖျော်ရည်က Osteoarthritis မှာ ဖြစ်တဲ့ ရောင်ရမ်းခြင်းအတွက် အထူးကောင်းပါတယ်တဲ့။