အရက်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုပေမယ့် - Kharann Media

Breaking

အရက်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုပေမယ့်



ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်ပါတယ်..
ကြားရတာ ရူးချင်ချင်ဖြစ်သွားမှာ ဆိုပေမယ့် ဘီယာနဲ့ ဝိုင်အမျိုးအစား မှန်သမျှက နှလုံးအတွက် အကျိုးရှိပါတယ်။ဘီယာရော ဝိုင်မှာပါ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ phenol ပါဝင်ပြီး သူက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါပေမယ့် ဘီယာနဲ့ ဝိုင်ကို မှန်ကန်တဲ့ ပမာဏ သောက်ရင်ပဲဆိုလိုတာပါ။

ငှက်ဖျားရောဂါကို သက်သာစေပါတယ်..
ငှက်ဖျားရောဂါက လူအတော်များများဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ရောဂါပါ။ အနောက်နိုင်ငံတွေမှာ လူတွေက ဂျင်အရက်နဲ့ အားဆေးတွေကို ငှက်ဖျားရောဂါ အတွက် အသုံးပြုကြပါတယ်။ တကယ်တော့ အားဆေးမှာ quinine ပါဝင်ပြီး အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးအစွမ်းပါရှိပါတယ်။ဒါပေမယ့် ငှက်ဖျားရောဂါ ဆိုးရွားလာခဲ့ရင်(သို့) ရောဂါလက္ခဏာတွေ ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အခြားဆေးတွေ မသောက်ခင် တိုင်ပင်သင့်ပါတယ်။

စိတ်ဂနာမငြိမ်ဖြစ်မှုကို လျော့ကျစေပါတယ်..
အရက်ဟာသင့်ရဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်စေပါတယ်။ဒါကြောင့်အရက်အနည်းငယ် သောက်ထားတဲ့သူတွေမှာ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းဖို့ ပိုမိုလွယ်ကူပါတယ်။

Ref:NAVER | Crd: Original