သင့်နားရွက်ကနေ ဖော်ပြပေးတဲ့ သင့် ပင်ကိုယ်ဗီဇအကြောင်း - Kharann Media

Breaking

သင့်နားရွက်ကနေ ဖော်ပြပေးတဲ့ သင့် ပင်ကိုယ်ဗီဇအကြောင်း

 
သင့်မျက်နှာအနေအထားက သင့်ပင်ကိုယ်စရိုက်ကို ထင်ဟပ်စေပါတယ်။ လက်သူကြွယ်၊ နှာခေါင်း နဲ့ ခြေချောင်း စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတို့က ကျွနု်ပ်တို့အကြောင်း များစွာ ဖော်ပြပေးပါတယ်။ အရေးကြီးဆုံး က ခြေထောက်၊ လက်၊ လက်ဖဝါး၊ လက်မ စသဖြင့် ခေါင်းစဉ်ပေးထားတဲ့ လက္ခဏာ စာအုပ်ထဲက ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဟာ သီးခြားစာမျက်နှာလေးတွေ ရှိကြပါတယ်။ နားရွက်ပုံစံ အနေအထားနဲ့ မိမိတို့ပင်ကိုယ်ဗီဇကြား ဆက်နွယ်မှုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁. နားရွက်ကြီးကြီး
အချုပ်အချယ်ကင်းပြီး သွပ်လက်ချက်ချာမှု လက္ခဏာကို ဖော်ပြပါတယ်။

၂. နားရွက်သေးသေး
စိတ်ဆတ်ပြီး တခါတလေ အတွေး လွန်တတ်သူတွေဖြစ်တယ်။

၃. နားပန်း ရှည်ရှည် ကြီးကြီး
ဘာမဆို မိမိဆီ အမြန်ဆုံးရောက်လာအောင် ဆောင်ရွက်နိုင်ပြီး ဘဝကို ပျော်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတာ သဘောပေါက်နားလည်ကြပါတယ်။

၄. နားရွက်က မျက်စိထက် နိမ့်နေရင်
တည်တည်ငြိမ်ငြိမ် ရှိသူတွေ ဖြစ်တယ်။

၅. ကားထွက်နေတဲ့ နားရွက်
အရမ်း စိတ်အားထက်သန်သူဖြစ်ပြီး ဘယ်အရာကမှ သူတို့ကို မတားဆီးနိုင်ပါ။ အပြင်မှာ အလုပ်လုပ် ရတာ နှစ်သက်ပြီး စားပွဲတစ်လုံးမှာသာ နေအလုပ်လုပ်နေရတာမျိုး သဘောမကျပါ။

၆. တြိဂံပုံစံ နားပန်း
ပျော်ရွှင်မှုမရှိဘဲ ခပ်ကြောင်ကြောင်ဖြစ်နေသူတွေ ဖြစ်တယ်။

၇. နားရွက် ပျော့ပျော့ပျောင်းပျောင်း
တီထွင်ဖန်တီးဉာဏ်အရမ်းကောင်းပြီး အချုပ်အချယ် ကင်းသူတွေ ဖြစ်ပါတယ်။ ရှေးရိုးအစဉ်အလာကို ဆန့်ကျင်ပြီး တခြားနည်းလမ်းတွေ ရွေးချယ် ကြံဆသူတွေ ဖြစ်ပါတယ်။
___________________________________________
Source : TrendMyanmar | Ref: timesofeducation


Feb 29.2016 | http://www.mymemo.cf/2016/02/post288.html