
အစပ်ကတော့ လူအတော်များများကြိုက်ကြတဲ့ အစားအစာတွေထဲကမှတစ်မျိုးပါ။အစပ်စားတာကို ကြိုက်လို့စားတယ်ဆိုပေမယ့် ‘တန်ဆေးလွန်ဘေး’ ဆိုတဲ့အတိုင်း အစပ်စားခြင်းရဲ့ ကောင်းကျိုးတွေလဲ ရှိသလို၊ဆိုးကျိုးတွေလဲ ရှိနေနိုင်ပါတယ်။ အခုကတော့ အစပ်စားလျှင် ခန္ဓာကိုယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးလိုက်ပါတယ်။
၁) ဝိတ်ကျစေနိုင်ပါတယ်။
အစပ်စားတာက diet plan ကို အထောက်အကူပြုပါတယ်။ အစပ်က အစာချေစနစ်ကို ကောင်းမွန်စေပြီး ပုံမှန်ထက် အစာချေဖျတ်နိုင်တဲ့ နှုန်းကို ပိုမြန်စေပါတယ်။ အဲ့ဒါအပြင် ခန္ဓာယ်ကိုယ်ထဲက ကယ်လိုရီအပိုတွေကို လောင်ကျွမ်းပစ်နိုင်ပါသေးတယ်။
၂) နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
အစပ်စာခြင်းက heart attack ဖြစ်တာ၊ရုတ်တရက် နှလုံးသွေးကြောပိတ်တာတွေကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ငရုပ်သီးတွေမှာ ပါဝင်တဲ့ ဓာတ်(capsaicin) ဟာခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျတ်ပေးပြီး နှလုံးသွေးကြောပိတ်တာကို ဖြစ်စေတဲ့ သွေးကြောထဲက အနည်တွေကို အလိုအလျောက်ဖယ်ရှားပေးနိုင်တာကြောင့်ဖြစ်ပါတယ်။
၃) သွေးပေါင်ချိန်လျော့ကျခြင်းကို တားဆီးပေးပါတယ်။
ငရုပ်သီးရဲ့ အပူက ခန္ဓာကိုယ်အတွင်းသွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ အစပ်ပါတဲ့ ဗီတာမင် အေနဲ့ စီက နှလုံးကြွက်သားနံရံတွေကို သန်မာစေပါတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် ခန္ဓာကိုယ်ရဲ့ နှလုံးနှင့် သွေးလည်ပတ်စီးဆင်းမှု စနစ်တစ်ခုလုံးကို အောက်အကူပြုပြီး သွေးပေါင်ချိန်လျော့ကြတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။
၄) ကင်ဆာဆဲလ် အချို့ကို တိုက်ဖျတ်ပေးနိုင်ပါတယ်။
အစပ်စားတာကတော့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် capsaicin ဆိုတဲ့ ဓာတ်က ကင်ဆာဆဲလ်တချို့နဲ့ လူခီမီးယားဆဲလ် (leukeemia cell) တွေကို တိုက်ဖျတ်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။
Ref: NAVER
Source: TrendMM