
နှလုံးမကောင်းဘူးဆိုတာကို တချို့သော လက္ခဏာတွေက ချက်ချင်းသိစေနိုင်ပါတယ်… ဘယ်လိုအချက်တွေက သင့်နှလုံးမကောင်းတော့ဘူးဆိုတာကိုပြောပြနေမှာလဲ? သင်ရောနှလုံးကောင်းတဲ့ သူတစ်ယောက်လားဆိုတာ ဒီအချက်တွေနဲ့တိုက်ကြည့်ရအောင်…
(၁) လက်မောင်းတစ်ခြမ်းအောင့်မယ်
သင့်ရဲ့လက်မောင်တစ်ခြမ်းက တော်တော်လေးကို အောင့်ပြီးကိုက်ခဲနေတာမျိုးဖြစ်ရင် သေချာစစ်ဆေးသင့်ပါပြီ။ ဒီတိုင်းကိုက်လို့ခဲလို့အောင့်တာမျိုးမဟုတ်ဘဲ သင့်နှလုံးမကောင်းတာမျိုးဖြစ်နိုင်ပါတယ်။
(၂) ချောင်းတွေဆိုးမယ်
ချောင်းတွေမကြာခဏဆိုးတတ်ပြီး ချောင်းဆိုးတိုင်း အမောဖောက်သလို မောပန်းကာသွေးပါတတ်ရင်တော့ သတိထားသင့်ပါပြီ။
(၃) ခြေထောက်လက်ထောက်တွေရောင်ရမ်းမယ်
ခြေဆစ်လက်ဆစ်တွေ ခြေချင်းဝတ်တွေဖောရောင်နေပြီး တင်းတင်း ကြီးဖြစ်နေတယ်ဆိုရင် ဒါလည်းနှလုံးမကောင်းတဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်တာပါပဲ။
(၄) သူများထက်ပိုပြီးစိတ်ပူပန်းတတ်တယ်
စိတ်ပူပန်မှုတွေသောကတွေကိုသူများထက်ပိုပြီး လိုအပ်တာထက်ပိုခံစားတတ်ကြပါတယ်။ တော်ရုံကိစ္စနဲ့တင် စိတ်ညစ်တတ်ပြီး ပိုပြီး Feel တတ်ကြတာမျိုးပါ။
(၅) သူများထက်ပိုပြီးသက်လုံအားနည်းမယ်
သက်တူရွယ်တူတခြားသူတွေထက်ကို ပိုပြီးသက်လုံမကောင်းတာမျိုးဖြစ်တတ်ပါတယ်။ တော်ရုံမောပန်းတာနဲ့တင် တဟောဟောဖြစ်နေတာမျိုး၊ တော်ရုံစိတ်လှုပ်ရှားတာနဲ့တင် အသက်ရှုကြပ်တတ်သွားတာမျိုးတွေက နှလုံးသမားတွေရဲ့လက္ခဏာပါပဲ။
__________
original writer