
ရင်သားတွဲတာ၊ နှစ်ဖက်မညီတာဟာ အိမ်ထောင်သည်၊ ကလေးအမေတွေမှ ဖြစ်လေ့ရှိတာမဟုတ်ပါဘူး။ နေထိုင်စားသောက်ပုံ မှားယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရင်သားတွဲကျမှုအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းနဲ့ အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပထမဆုံး အိမ်တွင်း နည်းလမ်းကောင်းတွေ အများကြီး ရှိပေမယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လူသုံးများတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော်။ လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ တစ်မျိုးတည်းပါပဲ။ အဲ့ဒါကတော့ သံလွင်ဆီစစ်စစ်ပဲဖြစ်ပါတယ်။
ပထမဦးစွာ အိပ်ရာပေါ်လှဲပြီး ကျောနောက်မှာ ခေါင်းအုံးခံထားလိုက်ပါ။ ထို့နောက် သံလွင်ဆီ အနည်းငယ်ကိုယူပြီး ရင်သားပေါ် ပွတ်လိုက်ပါ။ ပြီးလျှင် ရင်သားကို စက်ဝိုင်းပံစံအတိုင်း နှိပ်နယ်ပေးရပါမယ်။ နှိပ်တဲ့အခါ လက်နှစ်ဖက်စလုံးက ရင်သား တစ်ဖက်တစ်ချက်ဆီမှာ ရှိနေပြီး ပြိုင်နှိပ်ရမှာပါ။ တစ်ဖက်ပြီးမှ တစ်ဖက်နှိပ်တဲ့ ပုံစံ မဟုတ်ပါဘူး။ စက်ဝိုင်းပုံစံအတိုင်း ၃မိနစ်မှ၅မိနစ်ခန့်အထိ နှိပ်ပြီးပြီဆိုရင်တော့ လုံလောက်ပါပြီ။ ထို့နောက် ရင်သားပေါ်မှာ ပေနေတဲ့ သံလွင်ဆီတွေကို အဝတ်ဖြင့် သုတ်လိုက်လို့ ရပါပြီ။ သို့သော် သံလွင်ဆီက ရင်သားကို တင်းရင်းစေတာကြောင့် အကုန်သုတ်ပစ်စရာတော့ မလိုပါဘူး။
နောက်ထပ်ပြောချင်တဲ့ နည်းလမ်းလေးကတော့ လေ့ကျင့်ခန်းနဲ့ ထိန်းတဲ့ နည်းလမ်းလေးပါ။
ပထမဆုံး ပက်လက်အနေအထားအတိုင်း လဲလျောင်းလိုက်ပါ။ ထို့နောက် ၅ပေါင်ခန့်လေးတဲ့ ဝိတ်တုံးကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ပြီး အပေါ်သို့ ဆန့်တန်းပြီး မြှောက်ပါ။ ပြီးရင် ခန္ဓာကိုယ်ဘေးဘက်သို့ ဝေးနိုင်သမျှဝေးအောင် ပြန်ချပါ။ ထိုအတိုင်း မြှောက်လိုက်၊ ချလိုက် ပုံစံအတိုင်း ၁၀ကြိမ် ပြုလုပ်ပြီး နေ့စဉ် ၃ခါ ပြုလုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရင်သားအောက်ဘက် ကြွက်သားနှင့် ရင်ဘတ်အပေါ်ပိုင်း၊ လက်မောင်းအောက် အနီးတဝိုက်ကို ကြံ့ခိုင်လာစေပါတယ်။ နေ့စဉ် ၁ခါလုပ်လျှင် ၁၀ကြိမ်အတိုင်း ၃ခါ ပြုလုပ်ပေးခြင်းဖြင့် ၁လကြာတဲ့အခါမှာ သိသိသာသာ တင်းရင်းလာတာကို မြင်တွေ့ရမှာပါ။
ကဲ..အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်း ၂မျိုးကတော့ တကယ်ထိရောက်စေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ရင်သားကြီးထွားဖို့အတွက်လည်း အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေမို့ နောင်တရစရာတော့ မရှိပါဘူးနော်…
--------------------------
Credit : shweinlay